ကွင်းလယ်ဒိုင်ရဲ့ လုပ်ရပ်ကို ဒေါခွီးတဲ့ ပေါ့ဘာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာ ကဘန်လေ နဲ့ ပွဲစဉ် မှာ အသင်း ခေါင်းဆောင် မက်ဂွားယား ရဲ့ ဂိုးဟာ ခွင့်ပြု ခံရသင့် ကြောင်း ပြောဆိုပါတယ်။ ယူနိုက်တက် ဟာ ပထမပိုင်း မှာ ဂိုးသွင်းခွင့် အချို့ ရရှိ ခဲ့ပြီး မက်ဂွားယား ခေါင်းတိုက် သွင်းယူ ခဲ့ပေမယ့် ဘန်လေ နောက်ခံလူ ကို နောက်ကနေ တွန်းခဲ့တယ် လို့ ဒိုင်လူကြီး က ယူဆ ခဲ့တာ ကြောင့် ဂိုးကို ပယ်ဖျက်ကာ ပြစ်ဒဏ်ဘောအဖြစ်သတ်မှတ်ခဲ့ပါတယ်။

ရုပ်သံ အနှေးပြကွက်တွေ အရ ကြည့်မယ် ဆိုရင် မက်ဂွားယားဟာ ဘောလုံးလမ်းကြောင်းထဲကို ဦးစွာ ပြေးဝင်တဲ့ ကစားသမား ဖြစ်တာကြောင့် သူဟာ ပီတာကို ဖိထားခြင်း မရှိတာကို မြင်တွေ့ခဲ့ရပါတယ်။ ပေါ့ဘာက “ကျွန်တော်တို့ကဘန်လေနဲ့ပွဲကို နိုင်မယ် ဆိုရင် ဇယားထိပ်ကို တက်နိုင်မှာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တည်ငြိမ်စွာ နဲ့ပဲကစားခဲ့ကြပါတယ်။”

“မက်ဂွိုင်းယားရဲ့ သွင်းဂိုးက ကျိန်းသေပေါက် ဂိုးပေးရမယ့် အလုံးပါ။ အဲဒါက လှပတဲ့ သွင်းဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင် ကတော့ ဒါကို ပယ်ဖျက်ခဲ့ပါတယ်။ တကယ်ကို ထူးဆန်းတဲ့ ဆုံးဖြတ်ချက်ပါ။အဲဒါက လက်ခံရ ခက်တဲ့ အရာ ဆိုတာ အသိသာကြီး ပါပဲ။” “ဒါပေမယ့် ဝါရင့်ကစားသမားတစ်ယောက် အနေနဲ့ တော့ ကိုယ် ဖြစ်ချင်တာ အမြဲ မဖြစ်ရတဲ့ အနေအထား အပေါ် ကြိုတင် ပြင်ဆင်ထား ရမှာပါ ။ ဒိုင်ရဲ့ ဆုံးဖြတ်ချက် ကိုကျွန်တော် သဘော မတူပါဘူး။ ဒါပေမယ့် ကျွန်တော် က ကွင်းထဲက ဘော့စ် မဟုတ်ပါဘူး ။ ဒါကြောင့် ဖြစ်လာသမျှ ကို ခေါင်းအေးအေး ထားပြီး ရင်ဆိုင် ဖြေရှင်း နိုင်ဖို့ ကြိုးစား ရမှာပါ ။ နောက်ဆုံး တော့ ကျွန်တော်တို့ လိုချင်တဲ့ ဂိုးကို သွင်းနိုင် ခဲ့ပြီး ပွဲကို အနိုင် ရခဲ့ပါတယ်”ဆိုပြီး ပြောသွားပါတယ်။

ယူနိုက်တက် အသင်းဟာ ဘန်လေအသင်းကို အဝေးကွင်းမှာ ဝ-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာအထိ တက်လှမ်း နိုင်ခဲ့ပါတယ်။ ယူနိုက်တက် ဟာ ဘန်လေ နဲ့ ပွဲမတိုင်ခင်က လီဗာပူး နဲ့ အမှတ်တူ ရပ်တည် နေခဲ့ပြီး ပွဲကျန် ကစား အပြီး မှာတော့ လက်ရှိ ချန်ပီယံကို ၃ မှတ် အသာ နဲ့ ကျော်တက် သွားနိုင်ခဲ့ တာဖြစ်ပါတယ် ။

ယူနိုက်တက် အသင်းအတွက် အနိုင်ဂိုးကို ပွဲကစားချိန် ၇၁မိနစ်မှာ ကွင်းလယ်လူ ပေါ့ဘာက လှပတဲ့ မြေမကျ ကန်ချက်နဲ့အတူ သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေ နေ့ မှာတော့ ယူနိုက်တက်နဲ့ လီဗာပူးဟာ လီဗာပူး ရဲ့ အန်ဖီးလ်ကွင်းမှာ ထိပ်တိုက် ရင်ဆိုင် တွေ့ဆုံကြရမှာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာ ကဘန္ေလ နဲ႔ ပြဲစဥ္ မွာ အသင္း ေခါင္းေဆာင္ မက္ဂြားယား ရဲ႕ ဂိုးဟာ ခြင့္ျပဳ ခံရသင့္ ေၾကာင္း ေျပာဆိုပါတယ္။ ယူႏိုက္တက္ ဟာ ပထမပိုင္း မွာ ဂိုးသြင္းခြင့္ အခ်ိဳ႕ ရရွိ ခဲ့ၿပီး မက္ဂြားယား ေခါင္းတိုက္ သြင္းယူ ခဲ့ေပမယ့္ ဘန္ေလ ေနာက္ခံလူ ကို ေနာက္ကေန တြန္းခဲ့တယ္ လို႔ ဒိုင္လူႀကီး က ယူဆ ခဲ့တာ ေၾကာင့္ ဂိုးကို ပယ္ဖ်က္ကာ ျပစ္ဒဏ္ေဘာအျဖစ္သတ္မွတ္ခဲ့ပါတယ္။

႐ုပ္သံ အေႏွးျပကြက္ေတြ အရ ၾကည့္မယ္ ဆိုရင္ မက္ဂြားယားဟာ ေဘာလုံးလမ္းေၾကာင္းထဲကို ဦးစြာ ေျပးဝင္တဲ့ ကစားသမား ျဖစ္တာေၾကာင့္ သူဟာ ပီတာကို ဖိထားျခင္း မရွိတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ေပါ့ဘာက “ကြၽန္ေတာ္တို႔ကဘန္ေလနဲ႔ပြဲကို ႏိုင္မယ္ ဆိုရင္ ဇယားထိပ္ကို တက္ႏိုင္မွာ သိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က တည္ၿငိမ္စြာ နဲ႔ပဲကစားခဲ့ၾကပါတယ္။”

“မက္ဂြိဳင္းယားရဲ႕ သြင္းဂိုးက က်ိန္းေသေပါက္ ဂိုးေပးရမယ့္ အလုံးပါ။ အဲဒါက လွပတဲ့ သြင္းဂိုးတစ္ဂိုး ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ကြင္းလယ္ဒိုင္ ကေတာ့ ဒါကို ပယ္ဖ်က္ခဲ့ပါတယ္။ တကယ္ကို ထူးဆန္းတဲ့ ဆုံးျဖတ္ခ်က္ပါ။အဲဒါက လက္ခံရ ခက္တဲ့ အရာ ဆိုတာ အသိသာႀကီး ပါပဲ။”

“ဒါေပမယ့္ ဝါရင့္ကစားသမားတစ္ေယာက္ အေနနဲ႔ ေတာ့ ကိုယ္ ျဖစ္ခ်င္တာ အၿမဲ မျဖစ္ရတဲ့ အေနအထား အေပၚ ႀကိဳတင္ ျပင္ဆင္ထား ရမွာပါ ။ ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ ကိုကြၽန္ေတာ္ သေဘာ မတူပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ က ကြင္းထဲက ေဘာ့စ္ မဟုတ္ပါဘူး ။ ဒါေၾကာင့္ ျဖစ္လာသမွ် ကို ေခါင္းေအးေအး ထားၿပီး ရင္ဆိုင္ ေျဖရွင္း ႏိုင္ဖို႔ ႀကိဳးစား ရမွာပါ ။ ေနာက္ဆုံး ေတာ့ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ဂိုးကို သြင္းႏိုင္ ခဲ့ၿပီး ပြဲကို အႏိုင္ ရခဲ့ပါတယ္”ဆိုၿပီး ေျပာသြားပါတယ္။

ယူႏိုက္တက္ အသင္းဟာ ဘန္ေလအသင္းကို အေဝးကြင္းမွာ ဝ-၁ ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ယူၿပီး အမွတ္ေပးဇယားရဲ႕ အဆင့္ ၁ ေနရာအထိ တက္လွမ္း ႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ ဟာ ဘန္ေလ နဲ႔ ပြဲမတိုင္ခင္က လီဗာပူး နဲ႔ အမွတ္တူ ရပ္တည္ ေနခဲ့ၿပီး ပြဲက်န္ ကစား အၿပီး မွာေတာ့ လက္ရွိ ခ်န္ပီယံကို ၃ မွတ္ အသာ နဲ႔ ေက်ာ္တက္ သြားႏိုင္ခဲ့ တာျဖစ္ပါတယ္ ။

ယူႏိုက္တက္ အသင္းအတြက္ အႏိုင္ဂိုးကို ပြဲကစားခ်ိန္ ၇၁မိနစ္မွာ ကြင္းလယ္လူ ေပါ့ဘာက လွပတဲ့ ေျမမက် ကန္ခ်က္နဲ႔အတူ သြင္းယူ ေပးခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ တနဂၤေႏြ ေန႔ မွာေတာ့ ယူႏိုက္တက္နဲ႔ လီဗာပူးဟာ လီဗာပူး ရဲ႕ အန္ဖီးလ္ကြင္းမွာ ထိပ္တိုက္ ရင္ဆိုင္ ေတြ႕ဆုံၾကရမွာ ျဖစ္ပါတယ္။