
ဟောလီဝုဒ်စတားရိုင်ယန်ရေးနိုးလ်ဟာစတုတ်ပေါ့ကိုသူပိုင်တဲ့
ဝရက်စ်ဟမ်းကအနိုင်ရရှိခဲ့တဲ့ပွဲအပြီးတွင်ကွင်းအတွင်းဝင်ရောက်ကာ
ကစားသမားများနှင့်အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။
ဝရက်စ်ဟမ်းဟာ FA Trophy ဆီမီးဖိုင်နယ်တွင်
စတုတ်ပေါ့ကို၂-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
အဲဒီရှုံးပွဲကြောင့်စတုတ်ပေါ့ရဲ့၂၁ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းလည်းအဆုံးသတ်သွားခဲ့ပါတယ်။
ပွဲအပြီးမှာ အပျော်လွန် စိတ်လှုပ်ရှားနေတဲ့ရေးနိုးလ်က
ကွင်းထဲအထိပြေးဝင်သွားခဲ့ပြီး သူအားထားတဲ့ ကစားသမား မယ်လင်းကို
ပွေ့ဖက်ဂုဏ်ပြုခဲ့သလို ကစားသမားများ၊ ဝန်ထမ်းတွေ အပြင်
ဖန်တွေနဲ့ ရင်းရင်းနှီးနှီးစကားပြောဆိုနှုတ်ဆက်ခဲ့ပါတယ်။
“ဒီလိုပျော်ရတဲ့ အရသာနဲ့တူတဲ့ဘယ်လိုအရာကိုမှ
သူမခံစားခဲ့ဖူးဘူးလို့ ရေးနိုးလ်ကပြောခဲ့ပါတယ်။
ဘောလုံးက ခင်ဗျားကို ခံစားချက်အားလုံးပေးပြီး
ခင်ဗျားကို ဒါက ဘယ်လိုခံစားရစေတယ်ဆိုတာကိုဖော်ပြဖို့ မဖြစ်နိုင်ဘူးလို့
ကျွန်တော်သူ့ကိုမကြာခဏပြောခဲ့ပါတယ်။”
“သူ့ဘဝမှာ အရင်တုန်းက ကြုံခဲ့ဖူးမှာမဟုတ်တဲ့ခံစားချက်တွေကို
အဲဒီအောင်ပွဲက ပေးခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။”လို့ မယ်လင်းကပြောပါတယ်။
ဝရက်စ်ဟမ်းတို့ဟာ မေ ၂၂၊ ဝင်ဘာလေကဖိုင်နယ်မှာ ဘရွမ်လေတို့နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။
zawgyi
ကြင္းအတြင္းဝင္ေရာက္ကာကစားသမားမ်ားႏွင့္အတူေအာင္ပြဲခံမႈျပဳလုပ္ခဲ့တဲ့ ေဟာလီဝုဒ္စတား႐ိုင္ယန္ေရးႏိုးလ္
ေဟာလီဝုဒ္စတား႐ိုင္ယန္ေရးႏိုးလ္ဟာစတုတ္ေပါ့ကိုသူပိုင္တဲ့
ဝရက္စ္ဟမ္းကအႏိုင္ရရွိခဲ့တဲ့ပြဲအၿပီးတြင္ကြင္းအတြင္းဝင္ေရာက္ကာ
ကစားသမားမ်ားႏွင့္ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။
ဝရက္စ္ဟမ္းဟာ FA Trophy ဆီမီးဖိုင္နယ္တြင္
စတုတ္ေပါ့ကို၂-ဝဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။
အဲဒီရႈံးပြဲေၾကာင့္စတုတ္ေပါ့ရဲ႕၂၁ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းလည္းအဆုံးသတ္သြားခဲ့ပါတယ္။
ပြဲအၿပီးမွာ အေပ်ာ္လြန္ စိတ္လႈပ္ရွားေနတဲ့ေရးႏိုးလ္က
ကြင္းထဲအထိေျပးဝင္သြားခဲ့ၿပီး သူအားထားတဲ့ ကစားသမား မယ္လင္းကို
ေပြ႕ဖက္ဂုဏ္ျပဳခဲ့သလို ကစားသမားမ်ား၊ ဝန္ထမ္းေတြ အျပင္
ဖန္ေတြနဲ႔ ရင္းရင္းႏွီးႏွီးစကားေျပာဆိုႏႈတ္ဆက္ခဲ့ပါတယ္။
“ဒီလိုေပ်ာ္ရတဲ့ အရသာနဲ႔တူတဲ့ဘယ္လိုအရာကိုမွ
သူမခံစားခဲ့ဖူးဘူးလို႔ ေရးႏိုးလ္ကေျပာခဲ့ပါတယ္။
ေဘာလုံးက ခင္ဗ်ားကို ခံစားခ်က္အားလုံးေပးၿပီး
ခင္ဗ်ားကို ဒါက ဘယ္လိုခံစားရေစတယ္ဆိုတာကိုေဖာ္ျပဖို႔ မျဖစ္ႏိုင္ဘူးလို႔
ကြၽန္ေတာ္သူ႔ကိုမၾကာခဏေျပာခဲ့ပါတယ္။”
“သူ႔ဘဝမွာ အရင္တုန္းက ႀကဳံခဲ့ဖူးမွာမဟုတ္တဲ့ခံစားခ်က္ေတြကို
အဲဒီေအာင္ပြဲက ေပးခဲ့တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။”လို႔ မယ္လင္းကေျပာပါတယ္။
ဝရက္စ္ဟမ္းတို႔ဟာ ေမ ၂၂၊ ဝင္ဘာေလကဖိုင္နယ္မွာ ဘ႐ြမ္ေလတို႔နဲ႔ရင္ဆိုင္ရမွာျဖစ္ပါတယ္။