ကွင်းအပြင်မှာလဲကျခဲ့တဲ့ မာတင်နယ်လီကို ကွင်းအတွင်း ဒေါသတကြီး ဆွဲပို့ခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာမနေ့ညတုန်းကဝက်စ်ဟမ်းအား

အနိုင်ရရှိတဲ့ပွဲစဉ်မှာဆေးကုသမှုခံယူရန်အတွက် ဂါဘရီရယ်မာတင်နယ်လီကို

ကွင်းအတွင်းသို့ဒေါသတကြီးတင်းဆွဲကာတွန်းပို့ခဲ့ပါတယ်။

အသက်၂၀နှစ်ရှိဘရာဇီးတိုက်စစ်သမားဟာပွဲချိန်၈၁မိနစ်မှာ

နည်းပြအာတီတာအနီးကွင်းအပြင်ဘက်တွင်လဲကျခဲ့ပါတယ်။

ဒါပေမဲ့အာတီတာဟာသူ့ကစားသမားသာကွင်းအတွင်းလဲကျလျှင်

ပွဲကိုရပ်ဆိုင်းရမှာဖြစ်လို့ ကစားသမားရဲ့အပြုအမူအပေါ် မပျော်မရွှင်ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့်လည်းစပိန်လူမျိုးနည်းပြဟာဘရာဇီးတိုက်စစ်မှူးကို

လက်နှစ်ဖက်ဖြင့်ဆွဲမကာကွင်းအတွင်းသို့ပြန်ပို့ခဲ့ပါတယ်။

မာတင်နယ်လီဟာလည်းကွင်းအတွင်းတွင်လဲကျကာဒိုင်လူကြီးကပွဲကို

ဆေးကုသမှုခံယူရန်ရပ်ဆိုင်းခဲ့ပါတယ်။အာတီတာဟာယင်းသို့မာတင်နယ်လီအား

ပြုမူမှုနဲ့အတူဆိုရှယ်မီဒီယာမှာပရိသတ်များရဲ့ဝေဖန်မှုခံနေရပါတယ်။

မာတင်နယ်လီဟာမနေ့ညတုန်းကဝက်စ်ဟမ်းအား၂-ဝဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ

အာဆင်နယ်အတွက်ဦးဆောင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာဝက်စ်ဟမ်းအားအနိုင်ရရှိမှုနဲ့အတူအမှတ်ပေးဇယားအဆင့်၄နေရာသို့

၁၄လအတွင်းပထမဆုံးအကြိမ်အဖြစ်တက်လှမ်းလာနိုင်ခဲ့ပါတယ်။

zawgyi

ကြင္းအျပင္မွာလဲက်ခဲ့တဲ့ မာတင္နယ္လီကို ကြင္းအတြင္း ေဒါသတႀကီး ဆြဲပို႔ခဲ့တဲ့ အာတီတာ

အာဆင္နယ္နည္းျပမီေခးလ္အာတီတာဟာမေန႔ညတုန္းကဝက္စ္ဟမ္းအား

အႏိုင္ရရွိတဲ့ပြဲစဥ္မွာေဆးကုသမႈခံယူရန္အတြက္ ဂါဘရီရယ္မာတင္နယ္လီကို

ကြင္းအတြင္းသို႔ေဒါသတႀကီးတင္းဆြဲကာတြန္းပို႔ခဲ့ပါတယ္။

အသက္၂၀ႏွစ္ရွိဘရာဇီးတိုက္စစ္သမားဟာပြဲခ်ိန္၈၁မိနစ္မွာ

နည္းျပအာတီတာအနီးကြင္းအျပင္ဘက္တြင္လဲက်ခဲ့ပါတယ္။

ဒါေပမဲ့အာတီတာဟာသူ႔ကစားသမားသာကြင္းအတြင္းလဲက်လွ်င္

ပြဲကိုရပ္ဆိုင္းရမွာျဖစ္လို႔ ကစားသမားရဲ႕အျပဳအမူအေပၚ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ရပါတယ္။

ဒါေၾကာင့္လည္းစပိန္လူမ်ိဳးနည္းျပဟာဘရာဇီးတိုက္စစ္မႉးကို

လက္ႏွစ္ဖက္ျဖင့္ဆြဲမကာကြင္းအတြင္းသို႔ျပန္ပို႔ခဲ့ပါတယ္။

မာတင္နယ္လီဟာလည္းကြင္းအတြင္းတြင္လဲက်ကာဒိုင္လူႀကီးကပြဲကို

ေဆးကုသမႈခံယူရန္ရပ္ဆိုင္းခဲ့ပါတယ္။အာတီတာဟာယင္းသို႔မာတင္နယ္လီအား

ျပဳမူမႈနဲ႔အတူဆိုရွယ္မီဒီယာမွာပရိသတ္မ်ားရဲ႕ေဝဖန္မႈခံေနရပါတယ္။

မာတင္နယ္လီဟာမေန႔ညတုန္းကဝက္စ္ဟမ္းအား၂-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ

အာဆင္နယ္အတြက္ဦးေဆာင္ဂိုးကိုသြင္းယူေပးႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ဟာဝက္စ္ဟမ္းအားအႏိုင္ရရွိမႈနဲ႔အတူအမွတ္ေပးဇယားအဆင့္၄ေနရာသို႔

၁၄လအတြင္းပထမဆုံးအႀကိမ္အျဖစ္တက္လွမ္းလာႏိုင္ခဲ့ပါတယ္။