
မန်ယူအသင်းရဲ့ လက်တလော ရလဒ်ပိုင်း ဆိုးရွားနေမှုတွေကြောင့် ပရိသတ်
အများစုကတော့ နည်းပြဆိုးလ်ရှားကို ရာထူးမှ နှုတ်ထွက်စေချင်နေကြပြီဖြစ်ပါတယ်။
မန်ယူ နည်းပြ ရာထူးအတွက် ဆိုးလ်ရှားရဲ့ နေရာမှာ အစားထိုးဖို့ အင်တာမီလန်
အသင်းနည်းပြဟောင်း ကွန်တီ နဲ့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းတို့က ရေပန်းစားနေပါတယ်။
လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြ ဇီဒန်း နဲ့ပတ်သက်ပြီး မန်ယူအသင်း
တာဝန်ရှိသူတွေဘက်က ကမ်းလှမ်းထားတာမျိုး ၊ ချိတ်ဆက်မှု တစ်စုံတစ်ရာ
ပြုလုပ်ထားတာမျိုး မရှိသေးဘဲ နည်းပြဆိုးလ်ရှားကိုသာ စိတ်ရှည်သည်းခံပြီး
ဆက်လက်စောင့်ကြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။
ဒါပေမယ့် ရလဒ်ပိုင်း ဆိုးရွားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပါက
မန်ယူ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ တစ်မျိုးတစ်ဖုံပြောင်းလဲလာနိုင်ပြီး
ဆိုးလ်ရှားအနေနဲ့ ရာသီမကုန်ခင်မှာတင် မန်ယူအသင်းကို လက်ပြ
နှုတ်ဆက်သွားရမယ့် အနေအထားဖြစ်နေပါတယ်။
နည်းပြ ဇီဒန်းအနေနဲ့ကလည်း မန်ယူအသင်းရဲ့ နည်းပြရာထူးကို စိတ်ဝင်စားနေပြီး
မန်ယူအသင်းဘက်ကသာ တရားဝင် ကမ်းလှမ်းလာခဲ့ပါက ငြင်းဆန်ဖို့
စဉ်းစားထားခြင်း မရှိဘူးလို့ သိရပါတယ်။
ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းကို နည်းပြခဲ့စဉ်ကလည်း ဆုဖလား
အောင်မြင်မှုတွေ ရရှိထားခဲ့ဖူးတာကြောင့် မန်ယူအသင်းအတွက် သင့်တော်တဲ့
နည်းပြတစ်ဦးလို့ ပရိတ်သတ်အများစုက ယူဆနေကြပါတယ်။
လက်ရှိ မန်ယူနည်းပြဆိုးလ်ရှားကလည်း အသင်းကသာ သူ့ကို အလိုမရှိတော့ပါက
နည်းပြရာထူးမှ နှုတ်ထွက်ပေးဖို့ တုံ့ဆိုင်းနေမှာ မဟုတ်ပေမယ့် လက်ရှိ
လူစာရင်းနဲ့ ရာသီကုန်အထိ ခရီးဆက်ဖို့တော့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
zawgyi
ကြန္တီနဲ႔ ဇီဒန္းတို႔ မန္ယူအသင္း နည္းျပရာထူးအတြက္ ေရပန္းစားေန
မန္ယူအသင္းရဲ႕ လက္တေလာ ရလဒ္ပိုင္း ဆိုး႐ြားေနမႈေတြေၾကာင့္ ပရိသတ္
အမ်ားစုကေတာ့ နည္းျပဆိုးလ္ရွားကို ရာထူးမွ ႏႈတ္ထြက္ေစခ်င္ေနၾကၿပီျဖစ္ပါတယ္။
မန္ယူ နည္းျပ ရာထူးအတြက္ ဆိုးလ္ရွားရဲ႕ ေနရာမွာ အစားထိုးဖို႔ အင္တာမီလန္
အသင္းနည္းျပေဟာင္း ကြန္တီ နဲ႔ ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္း ဇီဒန္းတို႔က ေရပန္းစားေနပါတယ္။
လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနတဲ့ နည္းျပ ဇီဒန္း နဲ႔ပတ္သက္ၿပီး မန္ယူအသင္း
တာဝန္ရွိသူေတြဘက္က ကမ္းလွမ္းထားတာမ်ိဳး ၊ ခ်ိတ္ဆက္မႈ တစ္စုံတစ္ရာ
ျပဳလုပ္ထားတာမ်ိဳး မရွိေသးဘဲ နည္းျပဆိုးလ္ရွားကိုသာ စိတ္ရွည္သည္းခံၿပီး
ဆက္လက္ေစာင့္ၾကည့္ဖို႔ ဆုံးျဖတ္ထားပါတယ္။
ဒါေပမယ့္ ရလဒ္ပိုင္း ဆိုး႐ြားမႈေတြ ဆက္တိုက္ဆိုသလို ျဖစ္ေပၚလာခဲ့ပါက
မန္ယူ ဘုတ္အဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္ဟာ တစ္မ်ိဳးတစ္ဖုံေျပာင္းလဲလာႏိုင္ၿပီး
ဆိုးလ္ရွားအေနနဲ႔ ရာသီမကုန္ခင္မွာတင္ မန္ယူအသင္းကို လက္ျပ
ႏႈတ္ဆက္သြားရမယ့္ အေနအထားျဖစ္ေနပါတယ္။
နည္းျပ ဇီဒန္းအေနနဲ႔ကလည္း မန္ယူအသင္းရဲ႕ နည္းျပရာထူးကို စိတ္ဝင္စားေနၿပီး
မန္ယူအသင္းဘက္ကသာ တရားဝင္ ကမ္းလွမ္းလာခဲ့ပါက ျငင္းဆန္ဖို႔
စဥ္းစားထားျခင္း မရွိဘူးလို႔ သိရပါတယ္။
ဇီဒန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းကို နည္းျပခဲ့စဥ္ကလည္း ဆုဖလား
ေအာင္ျမင္မႈေတြ ရရွိထားခဲ့ဖူးတာေၾကာင့္ မန္ယူအသင္းအတြက္ သင့္ေတာ္တဲ့
နည္းျပတစ္ဦးလို႔ ပရိတ္သတ္အမ်ားစုက ယူဆေနၾကပါတယ္။
လက္ရွိ မန္ယူနည္းျပဆိုးလ္ရွားကလည္း အသင္းကသာ သူ႔ကို အလိုမရွိေတာ့ပါက
နည္းျပရာထူးမွ ႏႈတ္ထြက္ေပးဖို႔ တုံ႔ဆိုင္းေနမွာ မဟုတ္ေပမယ့္ လက္ရွိ
လူစာရင္းနဲ႔ ရာသီကုန္အထိ ခရီးဆက္ဖို႔ေတာ့ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။