ကွန်တီရောက်လာရင် ရော်နယ်ဒို အရန်ခုံသို့ ရောက်သွားနိုင်လား…

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူနည်းပြအဖြစ်ဆိုးလ်ရှားနေရာမှာ

အန်တီနီယိုကွန်တီသာအစားထိုးခန့်အပ်ခြင်းခံလာရပါကအရန်ခုံသို့

အပို့ခံရမယ့်အရေးနှင့်ရင်ဆိုင်လာရဖို့ရှိနေပါတယ်။

အီတလီလူမျိုးနည်းပြဟာဖိအာများနှင့်ကြုံနေရတဲ့ဆိုးလ်ရှားနေရာတွင်

အစားထိုးခန့်အပ်ခြင်းခံရရန်ထိပ်ဆုံးမှရေပန်းစားနေပါတယ်။

ဆိုးလ်ရှားဟာအိုးထရက်ဖို့ဒ်မှာလီဗာပူးကို၅-ဝဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်

အနာဂတ်မရေမရာဖြစ်လာခဲ့ပါတယ်။
မန်ယူဟာနောက်ဆုံးလေးပွဲတွင်သုံးပွဲရှုံးနိမ့်ထားမှုနဲ့အတူထိပ်ဆုံးမှချဲလ်ဆီးနှင့်

ရမှတ်၈မှတ်အထိကွာဟနေပါတယ်။
အသက်၅၂နှစ်ရှိကွန်တီဟာမန်ယူနည်းပြရာထူးအတွက်ဇီဒန်း၊ဘရန်ဒန်ရော်ဂျာ၊

အဲရစ်တင်ဟက်တို့နှင့်အတူထိပ်ဆုံးမှရေပန်းစားနေပါတယ်။

talkSPORT တွင်ဗီလာကစားသမားဟောင်းဂါဘရီရယ်အဘွန်လဟော်က

သူ့ဗီလာကစားဖော်ဟောင်းအက်ရှ်လေယန်းကကွန်တီလက်အောက်တွင်

ဘယ်လိုကစားရတယ်ဆိုတာသူ့ကိုပြောကြားမှုကိုဖွင့်ဟလာပါတယ်။

အက်ရှ်လေယန်းဟာပြီးခဲ့တဲ့ရာသီတုန်းကကွန်တီနှင့်အတူအင်တာမီလန်တွင်

စီးရီးအေဖလားဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

၎င်းကကွန်တီကကစားသမားများကိုမရပ်မနားပြေးလွှားစေတဲ့သူဖြစ်ပြီး

ငြင်းဆန်တဲ့သူကိုအရန်ခုံသို့ပို့လေ့ရှိကြောင်းဆိုသွားပါတယ်။
အဘွန်လဟော်က “ကျူပ်ကတော့ကွန်တီကိုကြိုက်တယ်။သူ့ရဲ့သီယာရီဟင်နရီ

အင်တာဗျူးကိုကြိုက်ခဲ့တယ်။အဲဒီအင်တာဗျူးမှာဟင်နရီက ‘ခင်ဗျားရဲ့

နည်းဗျူဟာကိုကစားသမားတစ်ယောက်ကမလိုက်နာရင်ဘာလုပ်မလဲ?’လို့

မေးတယ်။ကွန်တီက ‘ဒီကောင်တွေကိုသတ်ပစ်မှာသေချာတာပေါ့ဗျာ’ဖြေခဲ့တယ်။

ဟင်နရီကရယ်နေခဲ့တယ်။ဒါပေမယ့်ကွန်တီကတကယ့်ကိုလုပ်မယ့်သူဗျာ။

သူက ‘နည်းပြကိုလေးစားရမယ်။နည်းစနစ်ပိုင်းကိုလေးစားရမယ်။အလုပ်

ကြိုးစားရမယ်’လို့ပြောခဲ့တယ်။အက်ရှ်လေယန်းကလည်းကွန်တီနဲ့ပတ်သက်ပြီး

ကျွန်တော့်ကိုပြောတယ်။အင်တာမီလန်မှာတုန်းကသူက သူ့လက်အောက်မှာ

ကစားခဲ့တယ်လေ။သူက ‘မနားတမ်းပြေးရတယ်၊နေ့တိုင်းလေ့ကျင့်ခန်

းအစီအစဉ်မှာပြေးရတယ်’လို့ပြောပြပါတယ်။မပြေးတော့ဘူးဆိုရင်

သူ့အသင်းမှာကစားရတော့မှာမဟုတ်ပါဘူး။ဒီတော့တစ်ယောက်ယောက်

များသူပြောတာမလုပ်ဘူးဆိုရင်တော့အရန်ခုံသို့ရောက်သွားပါလိမ့်မယ်။

ရော်နယ်ဒိုဘဲဖြစ်ဖြစ်၊ဂရင်းဝုဒ်ဘဲဖြစ်ဖြစ်၊ပေါ့ဘာပဲဖြစ်ဖြစ်

အလုပ်မကြိုးစားဘူးဆိုရင်ထိုင်နေရပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

Zawgyi

ကြန္တီေရာက္လာရင္ ေရာ္နယ္ဒို အရန္ခုံသို႔ ေရာက္သြားႏိုင္လား…
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူနည္းျပအျဖစ္ဆိုးလ္ရွားေနရာမွာ

အန္တီနီယိုကြန္တီသာအစားထိုးခန႔္အပ္ျခင္းခံလာရပါကအရန္ခုံသို႔

အပို႔ခံရမယ့္အေရးႏွင့္ရင္ဆိုင္လာရဖို႔ရွိေနပါတယ္။
အီတလီလူမ်ိဳးနည္းျပဟာဖိအာမ်ားႏွင့္ႀကဳံေနရတဲ့ဆိုးလ္ရွားေနရာတြင္

အစားထိုးခန႔္အပ္ျခင္းခံရရန္ထိပ္ဆုံးမွေရပန္းစားေနပါတယ္။

ဆိုးလ္ရွားဟာအိုးထရက္ဖို႔ဒ္မွာလီဗာပူးကို၅-ဝဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္

အနာဂတ္မေရမရာျဖစ္လာခဲ့ပါတယ္။
မန္ယူဟာေနာက္ဆုံးေလးပြဲတြင္သုံးပြဲရႈံးနိမ့္ထားမႈနဲ႔အတူထိပ္ဆုံးမွခ်ဲလ္ဆီးႏွင့္

ရမွတ္၈မွတ္အထိကြာဟေနပါတယ္။
အသက္၅၂ႏွစ္ရွိကြန္တီဟာမန္ယူနည္းျပရာထူးအတြက္ဇီဒန္း၊ဘရန္ဒန္ေရာ္ဂ်ာ၊

အဲရစ္တင္ဟက္တို႔ႏွင့္အတူထိပ္ဆုံးမွေရပန္းစားေနပါတယ္။
talkSPORT တြင္ဗီလာကစားသမားေဟာင္းဂါဘရီရယ္အဘြန္လေဟာ္က

သူ႔ဗီလာကစားေဖာ္ေဟာင္းအက္ရွ္ေလယန္းကကြန္တီလက္ေအာက္တြင္

ဘယ္လိုကစားရတယ္ဆိုတာသူ႔ကိုေျပာၾကားမႈကိုဖြင့္ဟလာပါတယ္။
အက္ရွ္ေလယန္းဟာၿပီးခဲ့တဲ့ရာသီတုန္းကကြန္တီႏွင့္အတူအင္တာမီလန္တြင္

စီးရီးေအဖလားဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
၎ကကြန္တီကကစားသမားမ်ားကိုမရပ္မနားေျပးလႊားေစတဲ့သူျဖစ္ၿပီး

ျငင္းဆန္တဲ့သူကိုအရန္ခုံသို႔ပို႔ေလ့ရွိေၾကာင္းဆိုသြားပါတယ္။

အဘြန္လေဟာ္က “က်ဴပ္ကေတာ့ကြန္တီကိုႀကိဳက္တယ္။သူ႔ရဲ႕သီယာရီဟင္နရီ

အင္တာဗ်ဴးကိုႀကိဳက္ခဲ့တယ္။အဲဒီအင္တာဗ်ဴးမွာဟင္နရီက ‘ခင္ဗ်ားရဲ႕

နည္းဗ်ဴဟာကိုကစားသမားတစ္ေယာက္ကမလိုက္နာရင္ဘာလုပ္မလဲ?’လို႔

ေမးတယ္။ကြန္တီက ‘ဒီေကာင္ေတြကိုသတ္ပစ္မွာေသခ်ာတာေပါ့ဗ်ာ’ေျဖခဲ့တယ္။

ဟင္နရီကရယ္ေနခဲ့တယ္။ဒါေပမယ့္ကြန္တီကတကယ့္ကိုလုပ္မယ့္သူဗ်ာ။

သူက ‘နည္းျပကိုေလးစားရမယ္။နည္းစနစ္ပိုင္းကိုေလးစားရမယ္။အလုပ္

ႀကိဳးစားရမယ္’လို႔ေျပာခဲ့တယ္။အက္ရွ္ေလယန္းကလည္းကြန္တီနဲ႔ပတ္သက္ၿပီး

ကြၽန္ေတာ့္ကိုေျပာတယ္။အင္တာမီလန္မွာတုန္းကသူက သူ႔လက္ေအာက္မွာ

ကစားခဲ့တယ္ေလ။သူက ‘မနားတမ္းေျပးရတယ္၊ေန႔တိုင္းေလ့က်င့္ခန္

းအစီအစဥ္မွာေျပးရတယ္’လို႔ေျပာျပပါတယ္။မေျပးေတာ့ဘူးဆိုရင္

သူ႔အသင္းမွာကစားရေတာ့မွာမဟုတ္ပါဘူး။ဒီေတာ့တစ္ေယာက္ေယာက္

မ်ားသူေျပာတာမလုပ္ဘူးဆိုရင္ေတာ့အရန္ခုံသို႔ေရာက္သြားပါလိမ့္မယ္။

ေရာ္နယ္ဒိုဘဲျဖစ္ျဖစ္၊ဂရင္းဝုဒ္ဘဲျဖစ္ျဖစ္၊ေပါ့ဘာပဲျဖစ္ျဖစ္

အလုပ္မႀကိဳးစားဘူးဆိုရင္ထိုင္ေနရပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။