က ိ ုဗ စ ် စည်းမျဉ်းဖောက်ဖျက်သူတွေကိုအရေးမယူလို့ အက်ဖ်အေ ဝေဖန်ခံနေရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ) ဟာ ကာဗာနီနဲ့ ထရစ်ပီယာ တို့ကိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့အရေးယူခဲ့ပေမယ့် ကိုဗစ်စည်းမျဉ်းချိုးဖောက်သူတွေကို အရေးမယူတဲ့အတွက် ဝေဖန်ခံနေရကြောင်း သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်ဖြစ်တဲ့ ထရစ်ပီယာဟာ အက်ဖ်အေရဲ့လောင်းကစား စည်းမျဉ်းချိုးဖောက်လို့ ၁၀ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ကာဗာနီကတော့ လူမျိုးရေးခွဲခြားမှုဆန်တဲ့ မှတ်ချက်ကြောင့် ၃ ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေပေါင် ၁၀၀၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

ကာဗာနီဟာ သူ့နိုင်ငံဥရုဂွေးမှာ ပုံမှန်သုံးနေကျ စကားလုံးကိုအသုံးပြုခဲ့တာဖြစ်ပေမယ့် အင်္ဂလန်မှာလူမျိုးရေးခွဲခြားတယ်ဆိုပြီး အပြစ်ပေးခံခဲ့ရတာပါ။ အက်ဖ်အေဟာ ထရစ်ပီယာနဲ့ ကာဗာနီ တို့ကိုအပြစ်ပေးမယ်ဆိုရင် ကိုဗစ်စည်းမျဉ်းကိုချိုးဖောက်ခဲ့ပြီး နှစ်သစ်ကူးပါတီဆင်နွှဲခဲ့ကြတဲ့ သူတွေကိုလည်း အရေးယူသင့်တယ်လို့ The Sun သတင်းစာကြီးကဆိုပါတယ်။

ပြီးခဲ့တဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ပရီးမီးယားလိဂ်ကစားသမားတွေဟာ ပါတီပွဲတွေပြုလုပ်ခဲ့ကြပြီးနောက် ပြိုင်ပွဲအတွက်ဆေးစစ်ရာမှာ ကိုဗစ်ဖြစ်တဲ့သူကလည်း စံချိန်တင်လာပြီးအယောက် ၄၀ အထိရှိခဲ့တာပါ။

ဒါကြောင့်လည်း အဲဒီသတင်းစာကြီးက ကိုဗစ်စည်းမျဉ်းဖောက် ဖျက်ကြသူတွေဟာ ပွဲစဉ်တွေကို ကမောက်ကမဖြစ်စေရုံမက လက်ရှိပုံမှန်ကျင်းပနေတဲ့ အခြေအနေကိုဖျက်လိုဖျက်ဆီးလုပ်ကြလို့ အပြစ်ပေးခံရမှုနဲ့ထိုက်တန်တဲ့သူတွေလို့ ပြင်းထန်စွာဝေဖန်သွားခဲ့တာပါ။

ပါတီပွဲလုပ်ခဲ့တယ်လို့ သတင်းထွက်လာသူတွေထဲမှာ မန်စီးတီး၊ စပါးနဲ့ ဝက်စ်ဟမ်း အသင်းတို့က ကစားသမားတွေအပြင် အခြားကလပ်ကလူတွေလည်း အနည်းနဲ့အများဆိုသလို ပါဝင်နေတယ်လို့ သတင်းတွေမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ကစားသမားတွေဟာ WhatsApp မှာ Group ဖွဲ့ပြီး အချင်းချင်း မျှဝေနေကြတာကြောင့် မီဒီယာတွေကအလွယ်တကူပြန်လည် ဖော်ပြနိုင်ခဲ့ကြတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi



