ခဏဖြစ်ဖြစ် ဝမ်းနည်းပြီးရင် မန်ချက်စတာဒါဘီပွဲကို အာရုံစိုက်ကြတာပေါ့လို့ ဆိုးလ်ရှား တိုက်တွန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက လိုက်ပ်ဇစ်ကို ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ မိမိတို့အသင်း အထနှေးခဲ့တယ်လို့ ဝန်ခံသွားပြီး ယခုတော့ စနေနေ့မှာ ကစားရမယ့် မန်ချက်စတာဒါဘီပွဲကိုပဲ အာရုံစိုက်ဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။

ဆိုးလ်ရှားက အစ္စတန်ဘူလ်မှာ ဘာဆက်ဆီဟာကို ၂-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရတာကလည်း ယူနိုက်တက်အသင်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတာမှာ အဓိကအချက်အနေနဲ့ ပါဝင်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး လိုက်ပ်ဇစ်အသင်း ရရှိသွားတဲ့ ၃ဂိုးစလုံးအတွက် ခံစစ်ပိုင်းက အမှားတွေကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

”ကျွန်တော်တို့ဟာ အသင်းတစ်သင်းအနေနဲ့ ကောင်းကောင်းမကစားနိုင်ခဲ့ပါဘူး။ ဒါက နည်းပြဆရာ တာဝန်ယူရမယ့်အပိုင်းပါ။ သူတို့(လိုက်ပ်ဇစ်) ဒုတိယဂိုးရသွားတဲ့အချိန်အထိ ကျွန်တော်တို့အသင်း အထနှေးနေခဲ့ပါတယ်”

 

”ကျွန်တော်တို့ဟာ အုပ်စုကျပ်ထဲကျရောက်ခဲ့ပြီး အစ္စတန်ဘူလ်မှာ အရေးနိမ့်ခဲ့တာက ကြီးမားတဲ့အလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော်တို့အသင်း အမှတ်တွေမဆုံးရှုံးခဲ့သင့်ပါဘူး။ လိုက်ပ်ဇစ်နဲ့ပွဲမှာ ကျွန်တော်တို့အသင်းဟာ ပြိုင်ဘက်ရဲ့ထောင့်ဖြတ်ဘောကို ကောင်းကောင်းရှင်းမထုတ်နိုင်ခဲ့ပါဘူး”လု့ိ ဆိုးလ်ရှားက ပြောပါတယ်။

ပွဲအစ ၂မိနစ်အကြာမှာပဲ ဝမ်ဘစ်ဆာကာရဲ့ လူကပ်ကစားပုံအားနည်းချက်ကနေ လိုက်ပ်ဇစ်ဘယ်နောက်ခံလူ အိန်ဂျယ်လီနိုက အဝေးကန်ချက်နဲ့ ဦးဆောင်ဂိုးသွင်းယူသွားသလို ဝမ်ဘစ်ဆာကာဟာ နောက်တစ်ကြိမ် အိန်ဂျယ်လီနိုကို မယှဉ်နိုင်ခဲ့ရာကနေ စီးတီးကနေ အငှားလာကစားနေတဲ့ အိန်ဂျယ်လီနိုက ဟိုင်ဒါရာအတွက် အကောင်းဆုံးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာ ကလွိုက်ဗက်က လိုက်ပ်ဇစ်အတွက် အဆုံးသတ်ဂိုးသွင်းယူခဲ့ပြီး ဒီတစ်ခါတော့ မက်ဂွိုင်းယားရဲ့အမှားဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နိုဝင်ဘာလအတွင်း ဘာဆက်ဆီဟာကို ၂-၁ ဂိုးနဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ခံစစ်ပိုင်းအမှားကနေ ဦးဆောင်ဂိုးပေးလိုက်ရတာဖြစ်ပြီး စနေနေ့မှာလည်း နောက်ထပ်ပွဲကျပ်အဖြစ် စီးတီးနဲ့ ဒါဘီပွဲကစားရမှာဖြစ်ပါတယ်။

”ဘောလုံးသမားတစ်ဦးအနေနဲ့ ခဏလောက်တော့ ဝမ်းနည်းလို့ရပါတယ်။ ပြီးရင်တော့ စနေပွဲအတွက် အာရုံစိုက်ကြတာပေါ့။ ဒါဘီပွဲက အရေးကြီးပွဲဖြစ်ပြီး ကျွန်တော်တို့လည်း အဲဒီပွဲကို စောင့်မျှော်နေပါတယ်”လို့ ဆိုးလ်ရှားက ဆက်ပြောပါတယ်။

ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ဒုတိယပိုင်းမှာ လူစားဝင်လာပြီးနောက် အသင်းအတွက် ဒုတိယမြောက်ချေပဂိုးသွင်းယူခဲ့ပြီး သူ့ရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ပေါ့ဂ်ဘာအနေနဲ့ ယူနိုက်တက်မှာရှိတဲ့သူ့ရဲ့အချိန်တွေ ကုန်ဆုံးသွားပြီလို့ တနင်္လာနေ့က ပြောခဲ့ပါတယ်။

အဲဒီမှတ်ချက်နဲ့ပတ်သက်လို့ ဆိုးလ်ရှားက ”ပေါ့ဂ်ဘာ ပျော်နေလား၊ မပျော်ဘူးလားဆိုတာ သိချင်ရင် ကာယကံရှင်ကို သွားမေးကြည့်ပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော် ပြောမှာမဟုတ်ပါဘူး။ ပေါ့ဂ်ဘာက အသင်းအတွက် အကောင်းဆုံးပေးဆပ်ဖို့ အာရုံစိုက်ထားပါတယ်”လို့ ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခဏျဖစ္ျဖစ္ ဝမ္းနည္းၿပီးရင္ မန္ခ်က္စတာဒါဘီပြဲကို အာ႐ုံစိုက္ၾကတာေပါ့လို႔ ဆိုးလ္ရွား တိုက္တြန္း

ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားက လိုက္ပ္ဇစ္ကို ၃-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာ မိမိတို႔အသင္း အထေႏွးခဲ့တယ္လို႔ ဝန္ခံသြားၿပီး ယခုေတာ့ စေနေန႔မွာ ကစားရမယ့္ မန္ခ်က္စတာဒါဘီပြဲကိုပဲ အာ႐ုံစိုက္ဖို႔ အသင္းသားေတြကို တိုက္တြန္းလိုက္ပါတယ္။ ဆိုးလ္ရွားက အစၥတန္ဘူလ္မွာ ဘာဆက္ဆီဟာကို ၂-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့ရတာကလည္း ယူႏိုက္တက္အသင္း ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္ခဲ့ရတာမွာ အဓိကအခ်က္အေနနဲ႔ ပါဝင္ခဲ့တယ္လို႔ ဝန္ခံခဲ့ၿပီး လိုက္ပ္ဇစ္အသင္း ရရွိသြားတဲ့ ၃ဂိုးစလုံးအတြက္ ခံစစ္ပိုင္းက အမွားေတြက်ဴးလြန္ခဲ့တယ္လို႔ ဆိုပါတယ္။

”ကြၽန္ေတာ္တို႔ဟာ အသင္းတစ္သင္းအေနနဲ႔ ေကာင္းေကာင္းမကစားႏိုင္ခဲ့ပါဘူး။ ဒါက နည္းျပဆရာ တာဝန္ယူရမယ့္အပိုင္းပါ။ သူတို႔(လိုက္ပ္ဇစ္) ဒုတိယဂိုးရသြားတဲ့အခ်ိန္အထိ ကြၽန္ေတာ္တို႔အသင္း အထေႏွးေနခဲ့ပါတယ္” ”ကြၽန္ေတာ္တို႔ဟာ အုပ္စုက်ပ္ထဲက်ေရာက္ခဲ့ၿပီး အစၥတန္ဘူလ္မွာ အေရးနိမ့္ခဲ့တာက ႀကီးမားတဲ့အလွည့္အေျပာင္းျဖစ္ခဲ့ပါတယ္။ အဲဒီမွာ ကြၽန္ေတာ္တို႔အသင္း အမွတ္ေတြမဆုံးရႈံးခဲ့သင့္ပါဘူး။ လိုက္ပ္ဇစ္နဲ႔ပြဲမွာ ကြၽန္ေတာ္တို႔အသင္းဟာ ၿပိဳင္ဘက္ရဲ႕ေထာင့္ျဖတ္ေဘာကို ေကာင္းေကာင္းရွင္းမထုတ္ႏိုင္ခဲ့ပါဘူး”လု႔ိ ဆိုးလ္ရွားက ေျပာပါတယ္။

ပြဲအစ ၂မိနစ္အၾကာမွာပဲ ဝမ္ဘစ္ဆာကာရဲ႕ လူကပ္ကစားပုံအားနည္းခ်က္ကေန လိုက္ပ္ဇစ္ဘယ္ေနာက္ခံလူ အိန္ဂ်ယ္လီႏိုက အေဝးကန္ခ်က္နဲ႔ ဦးေဆာင္ဂိုးသြင္းယူသြားသလို ဝမ္ဘစ္ဆာကာဟာ ေနာက္တစ္ႀကိမ္ အိန္ဂ်ယ္လီႏိုကို မယွဥ္ႏိုင္ခဲ့ရာကေန စီးတီးကေန အငွားလာကစားေနတဲ့ အိန္ဂ်ယ္လီႏိုက ဟိုင္ဒါရာအတြက္ အေကာင္းဆုံးဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ပြဲခ်ိန္ ၆၉ မိနစ္မွာ ကလြိဳက္ဗက္က လိုက္ပ္ဇစ္အတြက္ အဆုံးသတ္ဂိုးသြင္းယူခဲ့ၿပီး ဒီတစ္ခါေတာ့ မက္ဂြိဳင္းယားရဲ႕အမွားျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ႏိုဝင္ဘာလအတြင္း ဘာဆက္ဆီဟာကို ၂-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့တဲ့ပြဲမွာလည္း ခံစစ္ပိုင္းအမွားကေန ဦးေဆာင္ဂိုးေပးလိုက္ရတာျဖစ္ၿပီး စေနေန႔မွာလည္း ေနာက္ထပ္ပြဲက်ပ္အျဖစ္ စီးတီးနဲ႔ ဒါဘီပြဲကစားရမွာျဖစ္ပါတယ္။ ”ေဘာလုံးသမားတစ္ဦးအေနနဲ႔ ခဏေလာက္ေတာ့ ဝမ္းနည္းလို႔ရပါတယ္။ ၿပီးရင္ေတာ့ စေနပြဲအတြက္ အာ႐ုံစိုက္ၾကတာေပါ့။ ဒါဘီပြဲက အေရးႀကီးပြဲျဖစ္ၿပီး ကြၽန္ေတာ္တို႔လည္း အဲဒီပြဲကို ေစာင့္ေမွ်ာ္ေနပါတယ္”လို႔ ဆိုးလ္ရွားက ဆက္ေျပာပါတယ္။

ျပင္သစ္ကြင္းလယ္လူ ေပါ့ဂ္ဘာဟာ ဒုတိယပိုင္းမွာ လူစားဝင္လာၿပီးေနာက္ အသင္းအတြက္ ဒုတိယေျမာက္ေခ်ပဂိုးသြင္းယူခဲ့ၿပီး သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူ ႐ိုင္အိုလာက ေပါ့ဂ္ဘာအေနနဲ႔ ယူႏိုက္တက္မွာရွိတဲ့သူ႔ရဲ႕အခ်ိန္ေတြ ကုန္ဆုံးသြားၿပီလို႔ တနလၤာေန႔က ေျပာခဲ့ပါတယ္။ အဲဒီမွတ္ခ်က္နဲ႔ပတ္သက္လို႔ ဆိုးလ္ရွားက ”ေပါ့ဂ္ဘာ ေပ်ာ္ေနလား၊ မေပ်ာ္ဘူးလားဆိုတာ သိခ်င္ရင္ ကာယကံရွင္ကို သြားေမးၾကည့္ပါ။ ဒီကိစၥနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္ ေျပာမွာမဟုတ္ပါဘူး။ ေပါ့ဂ္ဘာက အသင္းအတြက္ အေကာင္းဆုံးေပးဆပ္ဖို႔ အာ႐ုံစိုက္ထားပါတယ္”လို႔ ေျပာပါတယ္။