ခရစ္စတီယာနို ပြန်လာပြီလို့ စပီဇီယာနဲ့ပွဲအပြီးမှာ ပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ ရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ပွဲဝင်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက သူပြန်လာပြီဖြစ်ကြောင်း ပြိုင်ဘက်တွေကို သတိပေးပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ကိုဗစ်ကြောင့် ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ပွဲအပါအဝင် ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ချန်ပီယံလိဂ်ပွဲမှာ ဘာစီလိုနာကိုအရေးနိမ့်ခဲ့ပေမယ့် တနင်္ဂနွေနေ့က စပီဇီယာနဲ့ပွဲမှာတော့ ပေါ်တူဂီစတားပြန်လည်ပါဝင်လာခဲ့ပြီး လူစားဝင်ကစားကာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ စပီဇီယာနဲ့ပွဲမှာ လူစားဝင်ကစားပြီး အသင်းအတွက် ဒုတိယဂိုး နဲ့ တတိယဂိုးတွေကို သွင်းယူခဲ့တာဖြစ်ပါတယ်။

အဲ့နောက် နောက်ထပ်သွင်းဂိုးတွေကိုတော့ မိုရာတာ ၊ ရာဘီအော့တို့က သွင်းယူပေးခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ကွင်းထဲကို ပြန်လာရတဲ့အတွက် ပျော်ရွှင်ကျေနပ်နေပါတယ်။ “ကျွန်တော်ဘာမှမလုပ်ဘဲနေခဲ့ရပါတယ်။ အခုတော့ ဘာလက္ခဏာမှမရှိတော့ပါဘူး။ အားလုံးအဆင်ပြေနေပါပြီ။ ဘောလုံးပြန်ကစားချင်နေတာကြာပါပြီ”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။

“စီးရီးအေကလည်း ပြိုင်ဆိုင်မှုပြင်းထန်နေပါတယ်။ မီလန်ကလည်း အကောင်းဆုံးရှေ့ဆက်နေသလို လာဇီယို ၊ နာပိုလီတို့ကလည်း အတူတူပါပဲ။ ကျွန်တော်တို့ ကြိုးစားဖို့ လိုအပ်လာပါပြီ။ ခရစ္စတီယာနို ပြန်လာပါပြီ။ အဲ့တာက အရေးကြီးပါတယ်”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုက ကိုဗစ်စမ်းသပ်ခဲ့တဲ့ PCR ကိုလည်း ဝေဖန်ခဲ့ပါတယ်။ “ကျွန်တော်ဒီအကြောင်းတော့ မပြောချင်တော့ပါဘူး။ အခုအရေးအကြီးဆုံးက ကျွန်တော်ပြန်လာခဲ့ပြီဖြစ်သလို အနိုင်လည်းရခဲ့ပါပြီ”လို့ ရော်နယ်ဒိုက ဆိုခဲ့ပါတယ်။


ရော်နယ်ဒိုဟာ ဒီရာသီအသင်းအတွက် ၃ ပွဲမှာ ၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ၄၆ ပွဲမှာ ၃၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ပေါ်တူဂီစတားဟာ ၂၀၁၈ ခုနှစ် ရီးရဲလ်ကနေ ပြောင်းလာပြီးနောက် ၉၂ ပွဲမှာ ၇၀ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဖီရန်ဘားရို့စ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် စီးရီးအေပွဲစဉ်အဖြစ် လာဇီယိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခရစၥတီယာႏို ျပန္လာၿပီလို႔ စပီဇီယာနဲ႔ပြဲအၿပီးမွာ ၿပိဳင္ဘက္ေတြကို သတိေပးလိုက္တဲ့ ေရာ္နယ္ဒို

ကို႐ိုနာဗိုင္းရပ္စ္ကို တိုက္ပြဲဝင္ခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉး ေရာ္နယ္ဒိုက သူျပန္လာၿပီျဖစ္ေၾကာင္း ၿပိဳင္ဘက္ေတြကို သတိေပးေျပာၾကားလိုက္ပါတယ္။ ေရာ္နယ္ဒိုဟာ ကိုဗစ္ေၾကာင့္ ဘာစီလိုနာနဲ႔ ခ်န္ပီယံလိဂ္ပြဲအပါအဝင္ ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္ဟာ ခ်န္ပီယံလိဂ္ပြဲမွာ ဘာစီလိုနာကိုအေရးနိမ့္ခဲ့ေပမယ့္ တနဂၤေႏြေန႔က စပီဇီယာနဲ႔ပြဲမွာေတာ့ ေပၚတူဂီစတားျပန္လည္ပါဝင္လာခဲ့ၿပီး လူစားဝင္ကစားကာ ၂ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ စပီဇီယာနဲ႔ပြဲမွာ လူစားဝင္ကစားၿပီး အသင္းအတြက္ ဒုတိယဂိုး နဲ႔ တတိယဂိုးေတြကို သြင္းယူခဲ့တာျဖစ္ပါတယ္။

အဲ့ေနာက္ ေနာက္ထပ္သြင္းဂိုးေတြကိုေတာ့ မိုရာတာ ၊ ရာဘီေအာ့တို႔က သြင္းယူေပးခဲ့ပါတယ္။ ေရာ္နယ္ဒိုကေတာ့ ကြင္းထဲကို ျပန္လာရတဲ့အတြက္ ေပ်ာ္႐ႊင္ေက်နပ္ေနပါတယ္။ “ကြၽန္ေတာ္ဘာမွမလုပ္ဘဲေနခဲ့ရပါတယ္။ အခုေတာ့ ဘာလကၡဏာမွမရွိေတာ့ပါဘူး။ အားလုံးအဆင္ေျပေနပါၿပီ။ ေဘာလုံးျပန္ကစားခ်င္ေနတာၾကာပါၿပီ”လို႔ ေရာ္နယ္ဒိုက ေျပာၾကားခဲ့ပါတယ္။

“စီးရီးေအကလည္း ၿပိဳင္ဆိုင္မႈျပင္းထန္ေနပါတယ္။ မီလန္ကလည္း အေကာင္းဆုံးေရွ႕ဆက္ေနသလို လာဇီယို ၊ နာပိုလီတို႔ကလည္း အတူတူပါပဲ။ ကြၽန္ေတာ္တို႔ ႀကိဳးစားဖို႔ လိုအပ္လာပါၿပီ။ ခရစၥတီယာႏို ျပန္လာပါၿပီ။ အဲ့တာက အေရးႀကီးပါတယ္”လို႔ ေရာ္နယ္ဒိုက ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္ဒိုက ကိုဗစ္စမ္းသပ္ခဲ့တဲ့ PCR ကိုလည္း ေဝဖန္ခဲ့ပါတယ္။ “ကြၽန္ေတာ္ဒီအေၾကာင္းေတာ့ မေျပာခ်င္ေတာ့ပါဘူး။ အခုအေရးအႀကီးဆုံးက ကြၽန္ေတာ္ျပန္လာခဲ့ၿပီျဖစ္သလို အႏိုင္လည္းရခဲ့ပါၿပီ”လို႔ ေရာ္နယ္ဒိုက ဆိုခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ဒီရာသီအသင္းအတြက္ ၃ ပြဲမွာ ၅ ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက ၄၆ ပြဲမွာ ၃၇ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။ ေပၚတူဂီစတားဟာ ၂၀၁၈ ခုႏွစ္ ရီးရဲလ္ကေန ေျပာင္းလာၿပီးေနာက္ ၉၂ ပြဲမွာ ၇၀ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္စ္ဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ဖီရန္ဘား႐ို႕စ္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး အဲ့ေနာက္ စီးရီးေအပြဲစဥ္အျဖစ္ လာဇီယိုအသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။