ခရစ္စမတ်ကာလကို ဦးဆောင်သူအဖြစ် ၃ရာသီဆက် ဖြတ်သန်းနိုင်တော့မယ့် လီဗာပူးရဲ့ စံချိန်တင်ဂိုးပြတ်နိုင်ပွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိချန်ပီယံလီဗာပူးဟာ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ပဲလေ့စ်ကို ၇ဂိုးပြတ်အနိုင်ယူပြီး ပရီးမီးယားလိဂ်အဝေးကွင်း ၅ပွဲဆက်နိုင်ပွဲပျောက်နေမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ဒီထက်ပိုအားရစရာကောင်းတာက အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ၃ဦးစလုံးဂိုးသွင်းနိုင်ခဲ့တာပါပဲ။


လီဗာပူးဟာ စက်တင်ဘာလ ၂၀ ရက်နေ့က ချဲလ်ဆီးကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ်အဝေးကွင်း ၅ပွဲမှာ ၄ပွဲ၊ ၁ပွဲရှုံးနိမ့်ခဲ့ပေမယ့် ဒီပွဲမှာတော့ သိပ်စိုးရိမ်စရာမလိုဘဲ ပွဲအစ ၁၂၅ စက္ကန့်မှာကတည်းက မီနာမီနိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။


ပွဲချိန် ၃မိနစ်မှာ မာနေးရဲ့ပေးပို့မှုကို မီနာမီနိုက ၁၀ ကိုက်အကွာကနေ ကန်သွင်းပြီး သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးရယူနိုင်ခဲ့သလို ပွဲချိန် ၃၅မိနစ်မှာ ဖာမီနိုရဲ့ပေးပို့မှုကို ၁၅ကိုက်အကွာကနေ မာနေးက ဒုတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။


ပထမပိုင်းပြီးခါနီးမှာ တန်ပြန်တိုက်စစ်ကနေ ဘယ်နောက်ခံလူ ရောဘတ်ဆန် အသာလေးခုတ်တင်ပေးလိုက်တာကို ဖာမီနိုက လှလှပပကန်သွင်းယူနိုင်ခဲ့လို့ လီဗာပူးအသင်း တတိယမြောက်ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးအသင်းကပဲ ဖိအားပေးကစားသွားပြီး လက်ကျန်ဂိုးတွေကို ၅၂မိနစ်နဲ့ ၆၈ မိနစ်တွေမှာ ဟန်ဒါဆန်နဲ့ ဖာမီနို၊ ပွဲချိန် ၈၁မိနစ်နဲ့ ၈၄ မိနစ်တွေမှာ ဆာလာတို့က အသီးသီးသွင်းယူခဲ့ပါတယ်။
လီဗာပူးဟာ ဒီပွဲအနိုင်ကြောင့် ဒုတိယနေရာက စပါးကို တစ်ပွဲပို ၆ မှတ်အထိ ဖြတ်နိုင်ခဲ့ပြီး ဘောက်ဆင်ဒေးပွဲမတိုင်ခင် ခရစ္စမတ်ကာလကို ပရီးမီးယားလိဂ်အမှတ်ပေးဇယား ဦးဆောင်သူအဖြစ် ၃ရာသီဆက်ဖြတ်သန်းနိုင်တော့မှာဖြစ်ပါတယ်။


လီဗာပူးဟာ အသင်းသမိုင်းတစ်လျှောက် အဆင့်မြင့်တန်းအဝေးကွင်းမှာ အကြီးမားဆုံးနိုင်ပွဲရခဲ့တာဖြစ်ပြီး ပဲလေ့စ်အတွက်ကတော့ အသင်းသမိုင်းတစ်လျှောက် အကြီးမားဆုံးအိမ်ကွင်းရှုံးပွဲဖြစ်လာပါတယ်။


ပြီးတော့ နည်းပြကလော့ပ်ကလည်း ရာဖေးလ်ဘင်နီတက်ဇ်ကို ကျော်ဖြတ်ကာ အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်နိုင်ပွဲအများဆုံးနည်းပြအဖြစ် ၁၂၇ပွဲနဲ့ ရပ်တည်နိုင်ခဲ့ပြီး ဆာလာကလည်း လူစားဝင်လာပြီးနောက် ပရီးမီးယားလိဂ်မှာ ၂ဂိုးသွင်း၊ ၁ဂိုးဖန်တီးနိုင်တဲ့ ပထမဆုံးလီဗာပူးအသင်းသားဖြစ်လာပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ခရစၥမတ္ကာလကို ဦးေဆာင္သူအျဖစ္ ၃ရာသီဆက္ ျဖတ္သန္းႏိုင္ေတာ့မယ့္ လီဗာပူးရဲ႕ စံခ်ိန္တင္ဂိုးျပတ္ႏိုင္ပြဲ

လက္ရွိခ်န္ပီယံလီဗာပူးဟာ ဆဲလ္ဟတ္စ္ပါ့ခ္မွာ ပဲေလ့စ္ကို ၇ဂိုးျပတ္အႏုိင္ယူၿပီး ပရီးမီးယားလိဂ္အေ၀းကြင္း ၅ပြဲဆက္ႏုိင္ပဲြေပ်ာက္ေနမႈကို အဆုံးသတ္ႏုိင္ခဲ့ၿပီး ဒီထက္ပိုအားရစရာေကာင္းတာက အသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မွဴး ၃ဦးစလုံးဂိုးသြင္းႏုိင္ခဲ့တာပါပဲ။
လီဗာပူးဟာ စက္တင္ဘာလ ၂၀ ရက္ေန႔က ခ်ဲလ္ဆီးကို ၀-၂ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္အေ၀းကြင္း ၅ပြဲမွာ ၄ပြဲ၊ ၁ပြဲ႐ႈံးနိမ့္ခဲ့ေပမယ့္ ဒီပြဲမွာေတာ့ သိပ္စုိးရိမ္စရာမလုိဘဲ ပြဲအစ ၁၂၅ စကၠန္႔မွာကတည္းက မီနာမီႏုိရဲ႕သြင္းဂိုးန႔ဲ႔ ဦးေဆာင္နိုင္ခဲ့ပါတယ္။
ပြဲခ်ိန္ ၃မိနစ္မွာ မာေနးရဲ႕ေပးပုိ႔မႈကို မီနာမီႏိုက ၁၀ ကိုက္အကြာကေန ကန္သြင္းၿပီး သူ႕ရဲ႕ပထမဆုံးပရီးမီးယားလိဂ္သြင္းဂိုးရယူႏုိင္ခဲ့သလုိ ပြဲခ်ိန္ ၃၅မိနစ္မွာ ဖာမီႏိုရဲ႕ေပးပို႔မႈကို ၁၅ကိုက္အကြာကေန မာေနးက ဒုတိယေျမာက္ဂုိးသြင္းယူႏုိင္ခဲ့ပါတယ္။
ပထမပိုင္းၿပီးခါနီးမွာ တန္ျပန္တုိက္စစ္ကေန ဘယ္ေနာက္ခံလူ ေရာဘတ္ဆန္ အသာေလးခုတ္တင္ေပးလုိက္တာကို ဖာမီႏိုက လွလွပပကန္သြင္းယူႏုိင္ခဲ့လုိ႔ လီဗာပူးအသင္း တတိယေျမာက္ဦးေဆာင္ဂိုးရရွိခဲ့ပါတယ္။
ဒုတိယပိုင္းမွာလည္း လီဗာပူးအသင္းကပဲ ဖိအားေပးကစားသြားၿပီး လက္က်န္ဂိုးေတြကို ၅၂မိနစ္နဲ႔ ၆၈ မိနစ္ေတြမွာ ဟန္ဒါဆန္နဲ႔ ဖာမီႏို၊ ပြဲခ်ိန္ ၈၁မိနစ္နဲ႔ ၈၄ မိနစ္ေတြမွာ ဆာလာတုိ႔က အသီးသီးသြင္းယူခဲ့ပါတယ္။

လီဗာပူးဟာ ဒီပဲြအႏိုင္ေၾကာင့္ ဒုတိယေနရာက စပါးကို တစ္ပြဲပို ၆ မွတ္အထိ ျဖတ္ႏုိင္ခဲ့ၿပီး ေဘာက္ဆင္ေဒးပဲြမတုိင္ခင္ ခရစၥမတ္ကာလကို ပရီးမီးယားလိဂ္အမွတ္ေပးဇယား ဦးေဆာင္သူအျဖစ္ ၃ရာသီဆက္ျဖတ္သန္းႏုိင္ေတာ့မွာျဖစ္ပါတယ္။
လီဗာပူးဟာ အသင္းသမုိင္းတစ္ေလွ်ာက္ အဆင့္ျမင့္တန္းအေ၀းကြင္းမွာ အႀကီးမားဆုံးႏုိင္ပြဲရခဲ့တာျဖစ္ၿပီး ပဲေလ့စ္အတြက္ကေတာ့ အသင္းသမုိင္းတစ္ေလွ်ာက္ အႀကီးမားဆုံးအိမ္ကြင္း႐ံႈးပြဲျဖစ္လာပါတယ္။
ၿပီးေတာ့ နည္းျပကေလာ့ပ္ကလည္း ရာေဖးလ္ဘင္နီတက္ဇ္ကို ေက်ာ္ျဖတ္ကာ အသင္းသမုိင္းတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ႏုိင္ပြဲအမ်ားဆုံးနည္းျပအျဖစ္ ၁၂၇ပဲြနဲ႔ ရပ္တည္ႏုိင္ခဲ့ၿပီး ဆာလာကလည္း လူစား၀င္လာၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ၂ဂုိးသြင္း၊ ၁ဂိုးဖန္တီးႏိုင္တဲ့ ပထမဆုံးလီဗာပူးအသင္းသားျဖစ္လာပါတယ္။