ခရစ္စမတ်မှာ အဆင့်(၁)နေရာကို အကြိမ်အများဆုံးရခဲ့တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ်မှာ ကံကောင်းစေတဲ့အယူအဆတစ်ခုကတော့ ခရစ္စမတ်နေ့မှာ

အမှတ်ပေးဇယားထိပ်ဆုံးနေရာ ရပ်တည်နိုင်တဲ့အသင်းတော်တော်များများ

ရာသီကုန်ကျရင် ဗိုလ်စွဲလေ့ရှိတယ်ဆိုတာပါပဲ။ ၁၉၉၂ ခုနှစ်က ပရီးမီးယားလိဂ်

လို့ အမည်ပြောင်းလဲကျင်းပခဲ့ချိန်ကစပြီး အခုအချိန်အထိ ပြီးခဲ့တဲ့ရာသီပေါင်း

(၃၀)အတွင်း ခရစ္စမတ်နေ့မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့တဲ့

အသင်းတွေ ရာသီကုန်ကျရင်ဗိုလ်စွဲခဲ့တာက (၁၅)သင်းအထိရှိခဲ့ပါတယ်။

အဲဒါကြောင့် ဒီရာသီ၊ ခရစ္စမတ်နေ့မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို (၄၄)မှတ်နဲ့

ပိုင်ဆိုင်ထားတဲ့ လက်ရှိချန်ပီယံမန်စီးတီးအသင်း သူတို့ရဲ့ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့

အခြေအနေကောင်းနေပါပြီ။ ဒီရာသီမှာ ရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်

အသင်းဟာ ခရစ္စမတ်ကာလမှာ ပရီးမီးယားလိဂ်အဆင့်(၁)နေရာကို အကြိမ်အများ

ဆုံးရပ်တည်နိုင်ခဲ့တဲ့အသင်းအဖြစ် ရပ်တည်နေပေမယ့် အကြိမ်တိုင်းမှာတော့

ဗိုလ်မစွဲနိုင်ခဲ့ပါဘူး။ ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ(၂၅)ရက်မှာ အမှတ်ပေး

ဇယားထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့တာက (၇)ကြိမ်အထိရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ၁၉၉၃-၉၄ ရာသီ ခရစ္စမတ်နေ့မှာ အဆင့်(၁)နေရာ

ရပ်တည်နိုင်ခဲ့ပြီး ရာသီကုန်မှာ ဗိုလ်စွဲခဲ့ပါတယ်။ ၁၉၉၇-၉၈ ရာသီမှာလည်း

အဆင့်(၁)နေရာရပ်တည်နိုင်ခဲ့ပေမယ့် ရာသီကုန်မှာတော့ အာဆင်နယ်

အသင်းရဲ့နောက် အဆင့်(၂)နေရာနဲ့ကျေနပ်ခဲ့ရပြီး ၂၀၀၀-၀၁ ရာသီမှာတော့

ဒီဇင်ဘာ(၂၅)မှာ အဆင့်(၁)နေရာရခဲ့သလို ရာသီကုန်မှာ ချန်ပီယံဖြစ်ခဲ့ပါ

တယ်။ ၂၀၀၃-၀၄ ရာသီဝက်မှာ အဆင့်(၁)နေရာရပ်တည်ခဲ့ပေမယ့် အာဆင်

နယ်အသင်းက ရှုံးပွဲမရှိမှတ်တမ်းနဲ့အတူ ယူနိုက်တက်အသင်းကို ကျော်ဖြတ်

ဗိုလ်စွဲခဲ့ပြီး ယူနိုက်တက်အသင်း အဆင့်(၃)နေရာသာရရှိခဲ့ပါတယ်။

၂၀၀၆-၀၇၊၂၀၁၀-၁၁၊ ၂၀၁၂-၁၃ ရာသီတွေမှာ ခရစ္စမတ်နေ့ ပရီးမီးယားလိဂ်

အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့သလို ရာသီကုန်မှာလည်း ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်မရှိတော့တဲ့နောက်ပိုင်း ပရီးမီးယားလိဂ်

ဖလားနဲ့ဝေးကွာနေတဲ့ ယူနိုက်တက်အသင်းဟာ ၂၀၁၂-၁၃ ရာသီနောက်ပိုင်း

ကတည်းက ဒီဇင်ဘာ(၂၅)ရက်နေ့မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား

ထိပ်ဆုံးနေရာ မရပ်တည်နိုင်တာက အခုအချိန်အထိပါပဲ။

Zawgyi

ခရစၥမတ္မွာ အဆင့္(၁)ေနရာကို အႀကိမ္အမ်ားဆုံးရခဲ့တဲ့ ယူႏိုက္တက္

ပရီးမီးယားလိဂ္မွာ ကံေကာင္းေစတဲ့အယူအဆတစ္ခုကေတာ့ ခရစၥမတ္ေန႔မွာ

အမွတ္ေပးဇယားထိပ္ဆုံးေနရာ ရပ္တည္ႏိုင္တဲ့အသင္းေတာ္ေတာ္မ်ားမ်ား

ရာသီကုန္က်ရင္ ဗိုလ္စြဲေလ့ရွိတယ္ဆိုတာပါပဲ။ ၁၉၉၂ ခုႏွစ္က ပရီးမီးယားလိဂ္

လို႔ အမည္ေျပာင္းလဲက်င္းပခဲ့ခ်ိန္ကစၿပီး အခုအခ်ိန္အထိ ၿပီးခဲ့တဲ့ရာသီေပါင္း

(၃၀)အတြင္း ခရစၥမတ္ေန႔မွာ အမွတ္ေပးဇယားထိပ္ဆုံးေနရာရပ္တည္ႏိုင္ခဲ့တဲ့

အသင္းေတြ ရာသီကုန္က်ရင္ဗိုလ္စြဲခဲ့တာက (၁၅)သင္းအထိရွိခဲ့ပါတယ္။

 

အဲဒါေၾကာင့္ ဒီရာသီ၊ ခရစၥမတ္ေန႔မွာ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို (၄၄)မွတ္နဲ႔

ပိုင္ဆိုင္ထားတဲ့ လက္ရွိခ်န္ပီယံမန္စီးတီးအသင္း သူတို႔ရဲ႕ခ်န္ပီယံဘြဲ႕ကို ကာကြယ္ႏိုင္ဖို႔

အေျခအေနေကာင္းေနပါၿပီ။ ဒီရာသီမွာ ႐ုန္းကန္ေနရတဲ့ မန္ခ်က္စတာယူႏိုက္တက္

အသင္းဟာ ခရစၥမတ္ကာလမွာ ပရီးမီးယားလိဂ္အဆင့္(၁)ေနရာကို အႀကိမ္အမ်ား

ဆုံးရပ္တည္ႏိုင္ခဲ့တဲ့အသင္းအျဖစ္ ရပ္တည္ေနေပမယ့္ အႀကိမ္တိုင္းမွာေတာ့

ဗိုလ္မစြဲႏိုင္ခဲ့ပါဘူး။ ယူႏိုက္တက္အသင္းဟာ ဒီဇင္ဘာ(၂၅)ရက္မွာ အမွတ္ေပး

ဇယားထိပ္ဆုံးေနရာရပ္တည္ႏိုင္ခဲ့တာက (၇)ႀကိမ္အထိရွိခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၁၉၉၃-၉၄ ရာသီ ခရစၥမတ္ေန႔မွာ အဆင့္(၁)ေနရာ

ရပ္တည္ႏိုင္ခဲ့ၿပီး ရာသီကုန္မွာ ဗိုလ္စြဲခဲ့ပါတယ္။ ၁၉၉၇-၉၈ ရာသီမွာလည္း

အဆင့္(၁)ေနရာရပ္တည္ႏိုင္ခဲ့ေပမယ့္ ရာသီကုန္မွာေတာ့ အာဆင္နယ္

အသင္းရဲ႕ေနာက္ အဆင့္(၂)ေနရာနဲ႔ေက်နပ္ခဲ့ရၿပီး ၂၀၀၀-၀၁ ရာသီမွာေတာ့

ဒီဇင္ဘာ(၂၅)မွာ အဆင့္(၁)ေနရာရခဲ့သလို ရာသီကုန္မွာ ခ်န္ပီယံျဖစ္ခဲ့ပါ

တယ္။ ၂၀၀၃-၀၄ ရာသီဝက္မွာ အဆင့္(၁)ေနရာရပ္တည္ခဲ့ေပမယ့္ အာဆင္

နယ္အသင္းက ရႈံးပြဲမရွိမွတ္တမ္းနဲ႔အတူ ယူႏိုက္တက္အသင္းကို ေက်ာ္ျဖတ္

ဗိုလ္စြဲခဲ့ၿပီး ယူႏိုက္တက္အသင္း အဆင့္(၃)ေနရာသာရရွိခဲ့ပါတယ္။

၂၀၀၆-၀၇၊၂၀၁၀-၁၁၊ ၂၀၁၂-၁၃ ရာသီေတြမွာ ခရစၥမတ္ေန႔ ပရီးမီးယားလိဂ္

အမွတ္ေပးဇယားကို ဦးေဆာင္ႏိုင္ခဲ့သလို ရာသီကုန္မွာလည္း ဗိုလ္စြဲခဲ့တာျဖစ္ပါတယ္။

ဒါေပမဲ့ ဂႏၴဝင္နည္းျပႀကီးဖာဂူဆန္မရွိေတာ့တဲ့ေနာက္ပိုင္း ပရီးမီးယားလိဂ္

ဖလားနဲ႔ေဝးကြာေနတဲ့ ယူႏိုက္တက္အသင္းဟာ ၂၀၁၂-၁၃ ရာသီေနာက္ပိုင္း

ကတည္းက ဒီဇင္ဘာ(၂၅)ရက္ေန႔မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား

ထိပ္ဆုံးေနရာ မရပ္တည္ႏိုင္တာက အခုအခ်ိန္အထိပါပဲ။