ခရစ္စမတ်အားလပ်ရက်အပြီးမှာ ဟာလန်း ပြန်ပါနိုင်မယ်လို့ ဒေါ့မွန်အသင်း အတည်ပြု

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေါ့မွန်အသင်းတိုက်စစ်မှူး ဟာလန်းအနေနဲ့ ခရစ္စမတ်အားလပ်ရက်အပြီး ဘွန်ဒက်စ်လီဂါမှာ ပြန်လည်ပါဝင်ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝနေလိမ့်မယ်လို့ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က အတည်ပြုပါတယ်။


နော်ဝေလက်ရွေးစင် ဟာလန်းဟာ ယခုရာသီမှာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ပွဲမှာ ၁၇ဂိုးအထိ သွင်းယူပေးထားပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့က လာဇီယိုနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။


အသက် ၂၀ အရွယ်ရှိ ဆဲလ်ဘတ်ကစားသမားဟောင်း ဟာလန်းဟာ ဒေ့ါမွန်အသင်းရဲ့နောက်ဆုံး ၆ပွဲကို လွဲချော်ခဲ့ပြီး အသင်းကလည်း နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာ ယူနီယံဘာလင်ကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။

ဒေါ့မွန်အသင်းလည်း ဟာလန်းမပါဝင်နိုင်ချိန်မှာ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဘိုင်ယန်မြူးနစ်နဲ့ ၈ မှတ်အကွာ အဆင့် ၅နေရာမှာ ရပ်တည်နေရပါတယ်။


ဒီလိုရလဒ်ဆိုးတွေကြောင့် နည်းပြ ဖာဗရီလည်း ယခုလအစောပိုင်းမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီး အီဒင်တာဇစ်က ယာယီနည်းပြအဖြစ် ကိုင်တွယ်မှာဖြစ်ပါတယ်။
တာဇစ်အတွက် သတင်းကောင်းတစ်ရပ်ကတော့ ဇန်နဝါရီလ ၃ ရက်နေ့မှာ ကစားရမယ့် ဝုဖ်ဘတ်နဲ့ပွဲမတိုင်ခင် အဓိကတိုက်စစ်မှူး ဟာလန်း ပြန်လည်ကောင်းမွန်လာတာဖြစ်ပြီး ဟာလန်းအနေနဲ့ ယခုအခါ ကြွက်သားဒဏ်ရာကနေ အပြည့်အဝပြန်လည်သက်သာလာပြီဖြစ်ပါတယ်။


”ဟာလန်းရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေက အရမ်းကောင်းမွန်ခဲ့ပါတယ်။ ဝုဖ်ဘတ်နဲ့ပွဲမှာ ဟာလန်း ပြန်လည်ကစားနိုင်မှာဖြစ်ပါတယ်”လို့ မိုက်ကယ်ဇော့က အတည်ပြုပါတယ်။

ဟာလန်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ဆဲလ်ဘတ်ကနေ ရောက်လာပြီးချိန်ကတည်းက အထူးခြေစွမ်းပြနေရာ မြင့်မားတဲ့ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေပြီး သူ့ကို ခေါ်ယူချင်နေတဲ့အသင်းတွေထဲမှာ မန်ချက်စတာကလပ်တွေဖြစ်တဲ့ စီးတီးနဲ့ ယူနိုက်တက်တို့လည်း ပါဝင်နေပါတယ်။


ဒါပေမဲ့ ဆဲလ်ဘတ်ကနေ ယူရိုသန်း ၂၀ တည်းနဲ့ ရောက်လာခဲ့တဲ့ ဟာလန်းကတော့ သူ့အနာဂတ်နဲ့ပတ်သက်လို့ သတင်းတွေထွက်ပေါ်နေမှုကို ပယ်ချသွားခဲ့ပြီး လာမယ့်နှစ်အနည်းငယ်အတွင်း အသင်းနဲ့အတူ ဆုဖလားတွေရယူနိုင်ဖို့ ရည်မှန်းထားတယ်လု့ိ ပြောပါတယ်။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခရစၥမတ္အားလပ္ရက္အၿပီးမွာ ဟာလန္း ျပန္ပါႏိုင္မယ္လုိ႔ ေဒါ့မြန္အသင္း အတည္ျပဳ
ေဒါ့မြန္အသင္းတုိက္စစ္မွဴး ဟာလန္းအေနနဲ႔ ခရစၥမတ္အားလပ္ရက္အၿပီး ဘြန္ဒက္စ္လီဂါမွာ ျပန္လည္ပါ၀င္ကစားဖို႔ ႀကံ့ခုိင္မႈျပည့္၀ေနလိမ့္မယ္လုိ႔ အားကစားဒါ႐ိုက္တာ မုိက္ကယ္ေဇာ့က အတည္ျပဳပါတယ္။
ေနာ္ေ၀လက္ေရြးစင္ ဟာလန္းဟာ ယခုရာသီမွာ ေဒါ့မြန္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၄ပဲြမွာ ၁၇ဂိုးအထိ သြင္းယူေပးထားၿပီး ဒီဇင္ဘာလ ၁၂ ရက္ေန႔က လာဇီယိုနဲ႔ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပဲြမွာ ဒဏ္ရာရရွိခဲ့တာျဖစ္ပါတယ္။
အသက္ ၂၀ အရြယ္ရွိ ဆဲလ္ဘတ္ကစားသမားေဟာင္း ဟာလန္းဟာ ေဒ့ါမြန္အသင္းရဲ႕ေနာက္ဆုံး ၆ပြဲကို လြဲေခ်ာ္ခဲ့ၿပီး အသင္းကလည္း ေနာက္ဆုံးကစားခဲ့တဲ့ ဘြန္ဒက္စ္လီဂါပြဲမွာ ယူနီယံဘာလင္ကို ၂-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရပါတယ္။
ေဒါ့မြန္အသင္းလည္း ဟာလန္းမပါ၀င္ႏိုင္ခ်ိန္မွာ ရလဒ္ဆိုးေတြနဲ႔ ရင္ဆုိင္ခဲ့ရၿပီး အမွတ္ေပးဇယားထိပ္ဆုံးက ဘိုင္ယန္ျမဴးနစ္နဲ႔ ၈ မွတ္အကြာ အဆင့္ ၅ေနရာမွာ ရပ္တည္ေနရပါတယ္။

ဒီလုိရလဒ္ဆုိးေတြေၾကာင့္ နည္းျပ ဖာဗရီလည္း ယခုလအေစာပိုင္းမွာ ရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီး အီဒင္တာဇစ္က ယာယီနည္းျပအျဖစ္ ကိုင္တြယ္မွာျဖစ္ပါတယ္။
တာဇစ္အတြက္ သတင္းေကာင္းတစ္ရပ္ကေတာ့ ဇန္န၀ါရီလ ၃ ရက္ေန႔မွာ ကစားရမယ့္ ၀ုဖ္ဘတ္နဲ႔ပြဲမတုိင္ခင္ အဓိကတုိက္စစ္မွဴး ဟာလန္း ျပန္လည္ေကာင္းမြန္လာတာျဖစ္ၿပီး ဟာလန္းအေနနဲ႔ ယခုအခါ ၾကြက္သားဒဏ္ရာကေန အျပည့္အ၀ျပန္လည္သက္သာလာၿပီျဖစ္ပါတယ္။
”ဟာလန္းရဲ႕ ျပန္လည္ထူေထာင္ေရးလုပ္ငန္းစဥ္ေတြက အရမ္းေကာင္းမြန္ခဲ့ပါတယ္။ ၀ုဖ္ဘတ္နဲ႔ပဲြမွာ ဟာလန္း ျပန္လည္ကစားႏိုင္မွာျဖစ္ပါတယ္”လုိ႔ မုိက္ကယ္ေဇာ့က အတည္ျပဳပါတယ္။
ဟာလန္းဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီလက ဆဲလ္ဘတ္ကေန ေရာက္လာၿပီးခ်ိန္ကတည္းက အထူးေျခစြမ္းျပေနရာ ျမင့္မားတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ အသင္းေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနၿပီး သူ႕ကို ေခၚယူခ်င္ေနတဲ့အသင္းေတြထဲမွာ မန္ခ်က္စတာကလပ္ေတြျဖစ္တဲ့ စီးတီးနဲ႔ ယူႏုိက္တက္တုိ႔လည္း ပါ၀င္ေနပါတယ္။
ဒါေပမ့ဲ ဆဲလ္ဘတ္ကေန ယူ႐ိုသန္း ၂၀ တည္းနဲ႔ ေရာက္လာခဲ့တဲ့ ဟာလန္းကေတာ့ သူ႕အနာဂတ္နဲ႔ပတ္သက္လုိ႔ သတင္းေတြထြက္ေပၚေနမႈကို ပယ္ခ်သြားခဲ့ၿပီး လာမယ့္ႏွစ္အနည္းငယ္အတြင္း အသင္းနဲ႔အတူ ဆုဖလားေတြရယူႏုိင္ဖုိ႔ ရည္မွန္းထားတယ္လု႔ိ ေျပာပါတယ္။