ခရစ်စမတ် holiday မှာတောင် မသောက်ဘဲ လေ့ကျင့်ခန်းလုပ်တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်ရဲ့ကြယ်ပွင့်ဟောင်းဒီမီတာဘာဘာတော့ဗ်ကစီရော်နယ်ဒိုနဲ့ပတ်သက်တဲ့ အမှတ်တရတွေကိုအင်တာဗျူးတစ်ခုမှာ ပြန်ပြောခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ၂၀၀၉ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းသွားခဲ့ပြီး ပြည်တွင်းနဲ့ ဥရောပမှာ တောက်ပတဲ့အောင်မြင်မှုများစွာ ဆွတ်ခူးခဲ့ပါတယ်။ ၂၀၁၈ခုနှစ် နွေရာသီမှာတော့ ဂျူဗင်တပ်စ်ကို ပြောင်းသွားခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ဘာဘာတော့ဗ်က “ရော်နယ်ဒိုနဲ့ ရာသီတစ်ခု ဖြတ်သန်းနိုင်ခဲ့တာ ကျွန်တော် ကံကောင်းပါတယ်။ သူနဲ့ အတူရှိတဲ့ တချို့အချိန်တွေဆိုလေ့ကျင့်ခန်းအစီအစဉ်တွေကစစ်ပွဲလိုပါပဲ။ ယူနိုက်တက်အသင်းထဲကလူတွေက ပွဲတစ်ပွဲရှုံးမှာကိုမလိုခြင်ကြဘူးဗျ၊ ပွဲတိုင်းကိုအနိုင်ရခြင်ကြတာ၊ ယူနိုက်တက်ကလည်းအဲ့လို နိုင်လို စိတ်ပြင်းထန်ကြတဲ့ လူတွေပဲရှိနေတဲ့ပတ်ဝန်းကျင်တစ်ခုပါ။”

“စီရော်နယ်ဒိုက အသင်းမှာ ပြင်းထန်တဲ့ပြိုင်ပွဲဝင်စိတ်တွေ ပေါ်ထွက်လာစေတဲ့လူငယ် ကစားသမားကောင်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဘယ်လောက်ပြိုင်ဆိုင်လိုစိတ်ပြင်းထန်လဲဆိုရင်သူ့ရဲ့လေ့ကျင့်ရေးအချိန်ဇယားကိုကြည့်တာနဲ့တင်သိပါတယ်။သူကအရမ်းကြိုးစားပါတယ်။တခြားသူတွေထက်သူဟာ ပိုကောင်းကိုကောင်းရမယ်ဆိုတဲ့စိတ်မျိုးနဲ့ကြိုးစားတာပါ’‘

“ရော်နယ်ဒိုကကွင်းတွင်းကွင်းပြင်မှာအရမ်းပရော်ဖက်ရှင်နယ်ပီသပါတယ်။သူဘယ်တော့မှလေ့ကျင့်ရေးကိုနောက်မကျဘူး။gymမှာအရင်ဆုံးရောက်နေတဲ့ကစားသမားဆိုရင်သွားမကြည့်နဲ့ အဲ့ဒါရော်နယ်ဒိုပဲလို့ ကျွန်တော်တို့တွေပြောဖြစ်ကြပါတယ်။ လေ့ကျင့်ခန်းပြီးသွားရင်လည်းမပြန်သေးဘူး၊ ရေကူးတာဖြစ်ဖြစ်၊ gym ပြန်သွားတာဖြစ်ဖြစ်လုပ်နေတော့တာပါပဲ။

တစ်ခါကဆိုရင် အီဗရာက ရော်နယ်ဒိုဖိတ်လို့ သူ့အိမ်လိုက်သွားတာ ပြန်ရောက်လာတော့ ကျွန်တော်တို့တွေကို အတွေ့အကြုံ ပြန်ပြောပြခဲ့တာ အသင်းမှာ မှတ်လောက်စရာ ဟာသတစ်ခုလိုဖြစ်ခဲ့ရပါသေးတယ်။ သူ့ပြောပြခဲ့တာက ရော်နယ်ဒို့အိမ်ကို ရောက်သွားခဲ့တာ အနီးကပ် လေ့ကျင့်ရေးမှူးတစ်ယောက်ဆီကိုရောက်သွားခဲ့ရသလိုပါတဲ့ သူအိမ်ရောက်သွားတော့ အသီးအရွက်နဲ့ နေ့လယ်စာစားပြီးကတည်းက လေ့ကျင့်ခန်းတွေလုပ်လိုက်ရတာ ပြန်တော့မယ်ပြောတော့မှ ရပ်သွားတော့တယ်ဆိုပြီးပြောခဲ့ပါတယ်။

နောက်တစ်ကြိမ် ရော်နယ်ဒိုက သူ့ကို အိမ်လိုက်ဖို့ ခေါ်တဲ့အခါ အီဗရာ ပတ်ကိုပြေးနေတော့တာပေါ့ဗျာ။

သူနဲ့ ပတ်သက်ပြီး မှတ်မိတာတွေရှိသေးတယ်ဗျ၊ ခရစ္စမတ်ကာလတစ်ခုမှာ ကျွန်တော်တို့ ကစားသမားတွေအသေအချာ စုစည်းပြီး ကောင်းမွန်တဲ့ အချိန်လေးကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမှာ ဒိုလေး သောက်နေတာကို မမြင်ခဲ့ရပါဘူး။သူက အကောင်းဆုံး ဖြစ်လာဖို့ ဆုံးဖြတ်ထားတဲ့သူဆိုတော့ အရက်နဲ့ ပတ်သက်တဲ့အပိုင်းတွေကိုအတော်ထိန်းနိုင်တဲ့သူပါ။ ဒါပေမယ့် ကွင်းပြင်ပမှာတော့သူကပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ ဟာသတွေလည်း ပြောတတ်ပါသေးတယ်။”လို့ ပြန်ပြောပါတယ်။ ဘာဘာတော့ဗ်နဲ့ ရော်နယ်ဒို ကစားသမား၂ ယောက်ဟာ၂၀၀၈-၀၉ဘောလုံးရာသီတစ်ခုတည်းသာတွဲဖက်ကစားခဲ့ရတာဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ခံခဲ့ရပေမယ့် ရော်နယ်ဒိုဟာ ကျန်းမာရွှင်လန်းပြီး အသင်းအတွက် ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ရော်နယ်ဒိုဟာ ကလပ်နဲ့ နိုင်ငံအတွက် သွင်းဂိုး ၇၅၀ ပြည့်ခဲ့ ပြီး ဘာစီလိုနာနဲ့ ပြန်လည်ရင်ဆိုင်ခဲ့တဲ့ပွဲမှာလည်း သွင်းဂိုး(၂)ဂိုးရယူပေးသွားခဲ့ပါသေးတယ်။

ယူနိုက်တက်ကနေ ရော်နယ်ဒိုဟာ ရီးရဲလ်ကိုပြောင်းရွှေ့သွားခဲ့ပြီးနောက်မှာ ရီးရဲလ်အတွက် ၄၃၈ ပွဲ ကစားပြီး ၄၅၀ ဂိုး သွင်းယူနိုင်ခဲ့ကာ လာလီဂါ ဆုဖလား ၂ကြိမ်၊ ကိုပါဒယ်ရေး ၂ကြိမ်၊ စပိန်စူပါဖလား ၂ကြိမ်၊ ချန်ပီယံလိဂ် ၄ကြိမ်၊ ဥရောပ စူပါဖလား ၂ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ကြိမ်တို့ကို ဆွတ်ခူးခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi