ခရစ်အာမက်စ်ကိုရန်နစ်ခ်ရဲ့နည်းပြအဖွဲ့ဝင်အဖြစ်ခန့်အပ်

မန်ချက်စတာယူနိုတက်ဟာအမေရိကန်လူမျိုးနည်းပြခရစ်အာမက်စ်ကို

ရန်နစ်ခ်ရဲ့နည်းပြအဖွဲ့ဝင်အဖြစ်ခန့်အပ်ပြီးနောက်ဆက်စ်ရှာလန်းစ်ကို

အားကစားစိတ်ပညာရှင်အဖြစ်ခန့်အပ်ရန်လုပ်ဆောင်နေပါတယ်။

ရေးဖ်ရန်နစ်ခ်ဟာပထမဆုံးယူနိုက်တက်ပွဲအဖြစ်ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင်

အနိုင်ရရှိပေမယ့်အားနည်းနေတဲ့နည်းပြအဖွဲ့အတွက်နယူးယောက်

ရက်ဘူးလ်နှင့်တိုရန်တိုနည်းပြဟောင်းခရစ်အာမက်စ်ကိုနည်းပြအဖွဲ့ဝင်အဖြစ်

ခန့်အပ်ခဲ့ပါတယ်။ အသက်၄၆နှစ်ရှိလန်းစ်ဟာတနင်္လာနေ့တုန်းက

မန်ချက်စတာယူနိုက်တက်ရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ရောက်လာခဲ့ပြီး

ဖြစ်ကာအလုပ်လုပ်ခွင့်ဗီဇာမရရှိသေးမှုနဲ့အတူ အလုပ်စတင်နိုင်ခြင်းမရှိသေးပါဘူး။

လန်းစ်နှင့်အာမက်စ်တို့ဟာမကြာမီကာလအတွင်းတွင်လုပ်ဖော်ကိုင်ဖက်သစ်များ

ဖြစ်တဲ့မိုက်ဖီလန်၊ကီရန်မအက်ကန်နာတို့နှင့်အတူတွဲကာအလုပ်လုပ်လာတော့မှာဖြစ်ပါတယ်။

ရန်နစ်ခ်နှင့်လန်းစ်တို့ဟာ၂၀၁၅ခုနှစ်မှ၂၀၂၁ခုနှစ်အတွင်းတွင်လိုက်ဇစ်တွင်

အတူတွဲလုပ်ခဲ့ကြသူများဖြစ်ပါတယ်။

နည်းပြအဖွဲ့ဝင်ခန့်ထားရေးနဲ့ပတ်သက်ပြီးရန်နစ်ခ်က “နည်းပြအဖွဲ့ဝင်တွေနဲ့

အလုပ်လုပ်ရမှာဖြစ်လို့အရမ်းပျော်တယ်။လက်ရှိအသင်းအတွက်သူတို့ရဲ့

ကျွမ်းကျင်မှုနဲ့အတွေ့အကြုံတွေလိုအပ်ပါတယ်။တစ်ယောက်၊နှစ်ယောက်

(သို့မဟုတ်)သုံးယောက်ခေါ်ယူချင်ပေမယ့် Brexit စည်းမျဉ်းကြောင့်မလွယ်ကူပါဘူး။

ပြီးတော့ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းတွေကလည်းကလပ်ကြီးတွေမှာ

နှစ်ရှည်စာချုပ်တွေနဲ့ဆိုတော့ခေါ်ဖို့ခက်တယ်။သင့်တော်တဲ့သူရှာဖို့အတွက်

ပါးပါးနပ်နပ်နဲ့လိမ္မာလိမ္မာလုပ်ဆောင်နိုင်ဖို့လိုတယ်။တစ်ပတ်နှစ်ပတ်အတွင်း

ဖြစ်လာမယ်ထင်တယ်။အတိအကျတော့မပြောနိုင်သေးဘူး”လို့ပြောကြားခဲ့ပါတယ်။

zawgyi

ခရစ္အာမက္စ္ကိုရန္နစ္ခ္ရဲ႕နည္းျပအဖြဲ႕ဝင္အျဖစ္ခန႔္အပ္

မန္ခ်က္စတာယူႏိုတက္ဟာအေမရိကန္လူမ်ိဳးနည္းျပခရစ္အာမက္စ္ကို

ရန္နစ္ခ္ရဲ႕နည္းျပအဖြဲ႕ဝင္အျဖစ္ခန႔္အပ္ၿပီးေနာက္ဆက္စ္ရွာလန္းစ္ကို

အားကစားစိတ္ပညာရွင္အျဖစ္ခန႔္အပ္ရန္လုပ္ေဆာင္ေနပါတယ္။

ေရးဖ္ရန္နစ္ခ္ဟာပထမဆုံးယူႏိုက္တက္ပြဲအျဖစ္ခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲတြင္

အႏိုင္ရရွိေပမယ့္အားနည္းေနတဲ့နည္းျပအဖြဲ႕အတြက္နယူးေယာက္

ရက္ဘူးလ္ႏွင့္တိုရန္တိုနည္းျပေဟာင္းခရစ္အာမက္စ္ကိုနည္းျပအဖြဲ႕ဝင္အျဖစ္

ခန႔္အပ္ခဲ့ပါတယ္။ အသက္၄၆ႏွစ္ရွိလန္းစ္ဟာတနလၤာေန႔တုန္းက

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ကာရင္တန္ေလ့က်င့္ေရးကြင္းသို႔ေရာက္လာခဲ့ၿပီး

ျဖစ္ကာအလုပ္လုပ္ခြင့္ဗီဇာမရရွိေသးမႈနဲ႔အတူ အလုပ္စတင္ႏိုင္ျခင္းမရွိေသးပါဘူး။

လန္းစ္ႏွင့္အာမက္စ္တို႔ဟာမၾကာမီကာလအတြင္းတြင္လုပ္ေဖာ္ကိုင္ဖက္သစ္မ်ား

ျဖစ္တဲ့မိုက္ဖီလန္၊ကီရန္မအက္ကန္နာတို႔ႏွင့္အတူတြဲကာအလုပ္လုပ္လာေတာ့မွာျဖစ္ပါတယ္။

ရန္နစ္ခ္ႏွင့္လန္းစ္တို႔ဟာ၂၀၁၅ခုႏွစ္မွ၂၀၂၁ခုႏွစ္အတြင္းတြင္လိုက္ဇစ္တြင္

အတူတြဲလုပ္ခဲ့ၾကသူမ်ားျဖစ္ပါတယ္။

နည္းျပအဖြဲ႕ဝင္ခန႔္ထားေရးနဲ႔ပတ္သက္ၿပီးရန္နစ္ခ္က “နည္းျပအဖြဲ႕ဝင္ေတြနဲ႔

အလုပ္လုပ္ရမွာျဖစ္လို႔အရမ္းေပ်ာ္တယ္။လက္ရွိအသင္းအတြက္သူတို႔ရဲ႕

ကြၽမ္းက်င္မႈနဲ႔အေတြ႕အႀကဳံေတြလိုအပ္ပါတယ္။တစ္ေယာက္၊ႏွစ္ေယာက္

(သို႔မဟုတ္)သုံးေယာက္ေခၚယူခ်င္ေပမယ့္ Brexit စည္းမ်ဥ္းေၾကာင့္မလြယ္ကူပါဘူး။

ၿပီးေတာ့ကြၽန္ေတာ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေဟာင္းေတြကလည္းကလပ္ႀကီးေတြမွာ

ႏွစ္ရွည္စာခ်ဳပ္ေတြနဲ႔ဆိုေတာ့ေခၚဖို႔ခက္တယ္။သင့္ေတာ္တဲ့သူရွာဖို႔အတြက္

ပါးပါးနပ္နပ္နဲ႔လိမၼာလိမၼာလုပ္ေဆာင္ႏိုင္ဖို႔လိုတယ္။တစ္ပတ္ႏွစ္ပတ္အတြင္း

ျဖစ္လာမယ္ထင္တယ္။အတိအက်ေတာ့မေျပာႏိုင္ေသးဘူး”လို႔ေျပာၾကားခဲ့ပါတယ္။