ခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်ကြပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့လုပ်ဆောင်မှုတွေကို လိဒ်ယူနိုက်တက်တိုက်စစ်မှူး ချီးကျူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အင်္ဂလန်ဘောလုံးသမိုင်းမှာ ပြိုင်ဆိုင်မှုအပြင်းအထန်ဆုံးပြိုင်ဘက်တွေဖြစ်ကြပေမယ့် လိဒ်ယူနိုက်တက်တိုက်စစ်မှူး ဘမ်းဖို့ဒ်က မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ သူကောင်းပြုခံရထိုက်ကြောင်း ချီးကျူးလိုက်ပါတယ်။

လိဒ်နဲ့ မန်ချက်စတာမြို့တို့ဟာ မိုင် ၄၀လောက်ပဲဝေးကွားပြီး အင်္ဂလန်ဘောလုံးသမိုင်းမှာ ဒီမြို့၂မြို့အခြေစိုက် ယူနိုက်တက် ၂သင်းတွေ့ဆုံတဲ့ပွဲတွေကို Roses Derbyရယ်လို့ တင်စားလေ့ရှိခဲ့ကြပါတယ်။

ဒီနေ့ခေတ်မှာလည်း သူတို့နှစ်သင်းအကြားပြိုင်ဆိုင်မှုက အပြင်းအထန်ဆုံးဖြစ်နေဆဲပါ။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ဘက်တွေဖြစ်ကြပေမယ့် ၂၀၂၀ခုနှစ်ထဲ ဆင်းရဲချို့တဲ့တဲ့ကျောင်းသားတွေအတွက် အစားအစာ ထောက်ပံ့တဲ့အပြင် ဗြိတိန်အစိုးရကိုလည်း ထောက်ပံ့ဖို့ တိုက်တွန်းနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ပရဟိတလုပ်ဆောင်မှုတွေ ကိုတော့ တခြားကစားသမားတွေလိုပဲ လိဒ်ယူနိုက်တက်တိုက်စစ်မှူး ဘမ်းဖို့ဒ်လည်း လေးစားအားကျနေပါတယ်။

လိဒ်ယူနိုက်တက်တိုက်စစ်မှူး ဘမ်းဖို့ဒ်က “ဒါကနှစ်မြို့ချင်စရာပါ။ ဘောလုံးသမားတွေအနေနဲ့ သတင်းမီဒီယာတွေ အကြား တစ်ခါတလေ မျှတတဲ့ဆက်ဆံမှုရသလို တစ်ခါတလေမှာလည်း မှားယွင်းစွာ ဖော်ပြခံရတာတွေရှိပါတယ်။

ကိုယ့်ရဲ့ကျော်ကြားမှုကို လူမှုအသိုင်းအဝိုင်းအတွင်း ကောင်းတဲ့အလုပ်လုပ်တွေလုပ်ဆောင်ဖို့ အသုံးချရာမှာလိုအပ်ချက်တွေရှိပါတယ်။ မားကပ်စ်နဲ့ စတားလင်းတို့ကတော့ ကျွန်တော်တို့အားလုံးအတွက် စံပြပါပဲ။

မားကပ်စ်က အခုမှ အသက် ၂၂နှစ်ပဲရှိသေးတာပါ။ သူ့ထက်ကျွန်တော် အသက်ပိုကြီးပေမယ့် သူ့ရဲ့စိတ်ဓါတ်နဲ့လုပ်ဆောင်မှုတွေက မယုံကြည်နိုင်အောင်ကောင်းလွန်းတယ်လို့ အထင်ကြီးလေးစားမိပါတယ်။

သူ လုပ်ဆောင်တာတွေကို ဖော်ပြဖို့ လုံလောက်တဲ့ စကားလုံးမျိုးကို ကျွန်တော် ကောင်းကောင်း မပြောတတ်ပါဘူး”လို့ ပြောပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ဗြိတိန်ဘုရင်မကြီးရဲ့မွေးနေ့မှာချီးမြှင့်မယ့် ဂုဏ်ထူးဆောင် MBEဘွဲ့ကို ချီးမြှင့်ခံရမယ့်စာရင်းဝင်တစ်ဦးအဖြစ် အောက်တိုဘာလဆန်းပိုင်းက ထုတ်ပြန်ကြေငြာခြင်းခံခဲ့ရပါတယ်။

အခုအထိလည်း ဒီ မန်ယူတိုက်စစ်မှူးဟာ ဗြိတိန်တလွှားဆင်းရဲချို့တဲ့တဲ့ကျောင်းသားတွေအတွက် ကျောင်းပိတ်ရက်တွေမှာ အစားအစာ ထောက်ပံ့ပေးဖို့ အစိုးရကို ဆက်လက်ဖိအားပေး တောင်းဆိုနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခါးသီးတဲ့ၿပိဳင္ဘက္ေတြျဖစ္ၾကေပမယ့္ ရက္ရွ္ဖို႔ဒ္ရဲ႕လုပ္ေဆာင္မႈေတြကို လိဒ္ယူႏိုက္တက္တိုက္စစ္မွဴး ခ်ီးက်ဴး

အဂၤလန္ေဘာလံုးသမိုင္းမွာ ၿပိဳင္ဆိုင္မႈအျပင္းအထန္ဆံုးၿပိဳင္ဘက္ေတြျဖစ္ၾကေပမယ့္ လိဒ္ယူႏိုက္တက္တိုက္စစ္မွဴး ဘမ္းဖို႔ဒ္က မန္ခ်က္စတာယူႏုိက္တက္တိုက္စစ္မွဴး မားကပ္စ္ရက္ရွ္ဖုိ႔ဒ္ဟာ သူေကာင္းျပဳခံရထိုက္ေၾကာင္း ခ်ီးက်ဴးလိုက္ပါတယ္။

လိဒ္နဲ႔ မန္ခ်က္စတာၿမိဳ႕တို႔ဟာ မိုင္ ၄၀ေလာက္ပဲေ၀းကြားၿပီး အဂၤလန္ေဘာလံုးသမိုင္းမွာ ဒီၿမိဳ႕၂ၿမိဳ႕အေျခစိုက္ ယူႏိုက္တက္ ၂သင္းေတြ႔ဆံုတဲ့ပြဲေတြကို Roses Derbyရယ္လို႔ တင္စားေလ့ရွိခဲ့ၾကပါတယ္။

ဒီေန႔ေခတ္မွာလည္း သူတို႔ႏွစ္သင္းအၾကားၿပိဳင္ဆိုင္မႈက အျပင္းအထန္ဆံုးျဖစ္ေနဆဲပါ။ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ၿပိဳင္ဘက္ေတြျဖစ္ၾကေပမယ့္ ၂၀၂၀ခုႏွစ္ထဲ ဆင္းရဲခ်ိဳ႕တဲ့တဲ့ေက်ာင္းသားေတြအတြက္ အစားအစာ ေထာက္ပံ့တဲ့အျပင္ ၿဗိတိန္အစိုးရကိုလည္း ေထာက္ပံ့ဖို႔ တုိက္တြန္းႏိုင္ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ပရဟိတလုပ္ေဆာင္မႈေတြ ကိုေတာ့ တျခားကစားသမားေတြလိုပဲ လိဒ္ယူႏိုက္တက္တိုက္စစ္မွဴး ဘမ္းဖို႔ဒ္လည္း ေလးစားအားက်ေနပါတယ္။

လိဒ္ယူႏုိက္တက္တိုက္စစ္မွဴး ဘမ္းဖိုိ႔ဒ္က “ဒါကႏွစ္ၿမိဳ႕ခ်င္စရာပါ။ ေဘာလံုးသမားေတြအေနနဲ႔ သတင္းမီဒီယာေတြ အၾကား တစ္ခါတေလ မွ်တတဲ့ဆက္ဆံမႈရသလို တစ္ခါတေလမွာလည္း မွားယြင္းစြာ ေဖာ္ျပခံရတာေတြရွိပါတယ္။

ကိုယ့္ရဲ႕ေက်ာ္ၾကားမႈကို လူမႈအသိုင္းအ၀ိုင္းအတြင္း ေကာင္းတဲ့အလုပ္လုပ္ေတြလုပ္ေဆာင္ဖို႔ အသံုးခ်ရာမွာလိုအပ္ခ်က္ေတြရွိပါတယ္။ မားကပ္စ္နဲ႔ စတားလင္းတို႔ကေတာ့ ကၽြန္ေတာ္တို႔အားလံုးအတြက္ စံျပပါပဲ။

မားကပ္စ္က အခုမွ အသက္ ၂၂ႏွစ္ပဲရွိေသးတာပါ။ သူ႔ထက္ကၽြန္ေတာ္ အသက္ပိုႀကီးေပမယ့္ သူ႔ရဲ႕စိတ္ဓါတ္နဲ႔လုပ္ေဆာင္မႈေတြက မယံုၾကည္ႏုိင္ေအာင္ေကာင္းလြန္းတယ္လို႔ အထင္ႀကီးေလးစားမိပါတယ္။

သူ လုပ္ေဆာင္တာေတြကို ေဖာ္ျပဖို႔ လံုေလာက္တဲ့ စကားလံုးမ်ိဳးကို ကၽြန္ေတာ္ ေကာင္းေကာင္း မေျပာတတ္ပါဘူး”လို႔ ေျပာပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ၿဗိတိန္ဘုရင္မႀကီးရဲ႕ေမြးေန႔မွာခ်ီးျမွင့္မယ့္ ဂုဏ္ထူးေဆာင္ MBEဘြဲ႔ကို ခ်ီးျမွင့္ခံရမယ့္စာရင္း၀င္တစ္ဦးအျဖစ္ ေအာက္တိုဘာလဆန္းပိုင္းက ထုတ္ျပန္ေၾကျငာျခင္းခံခဲ့ရပါတယ္။

အခုအထိလည္း ဒီ မန္ယူတိုက္စစ္မွဴးဟာ ၿဗိတိန္တလႊားဆင္းရဲခ်ိဳ႕တဲ့တဲ့ေက်ာင္းသားေတြအတြက္ ေက်ာင္းပိတ္ရက္ေတြမွာ အစားအစာ ေထာက္ပံ့ေပးဖို႔ အစိုးရကို ဆက္လက္ဖိအားေပး ေတာင္းဆိုေနပါတယ္။