ခေါ်ချင်တဲ့ အသင်းတွေ ဝိုင်းနေပေမဲ့ လင်ဂတ်ကို လက်မလွှတ်လိုတဲ့ ဆိုးလ်ရှား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အပယ်ခံ ဂျက်ဆီ လင်ဂတ်ဟာ ယခုလအတွင်း အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာလိုနေပေမဲ့ နည်းပြ ဆိုးလ်ရှားကတော့ လက်လွှတ်ရမှာ စိုးရိမ်လျက် ရှိနေပါတယ်။ အင်တာမီလန်၊ ဝက်စ်ဟမ်း၊ တော့တင်ဟမ်၊ ရှက်ဖီးလ်ယူနိုက်တက်၊ ပေါ်တို၊ မာဆေးလ်နဲ့ နိုက်စ်အသင်းတွေအားလုံးက ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဒါပေမဲ့ ESPNရဲ့ အဆိုအရ ဆိုးလ်ရှားသာ ခွင့်မပြုဘူးဆိုရင် လင်ဂတ်တစ်ယောက် ဘယ်မှ ပြောင်းလို့ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။

အင်္ဂလန်လက်ရွေးစင်ဟောင်းဟာ ယခုနှစ်ရာသီ ယူနိုက်တက်အတွက် ၃ပွဲသာ ပါဝင်ကစားထားရပါသေးတယ်။

ဒါကြောင့် အသင်းကြီးမှာ ပြန်လည် ပါဝင်နိုင်ဖို့ စိတ်အားထက်သန်နေပြီး အဆိုပါ အဖြစ်အပျက်အပေါ် ဆိုးလ်ရှားက စာနာနေပေမဲ့ ပွဲကျပ်တွေ အများအပြား ကစားရမယ့် အခြေအနေမှာ ရာသီကုန်ထိ ဆက်ထိန်းထားချင်နေပါတယ်။

လင်ဂတ်ဟာ အသင်းနဲ့ ၁နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ၂၀၂၂ခုနှစ်မှ စာချုပ်သက်တမ်းကုန်တော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ အသင်းကြီးမှာ နေရာမရသေးတဲ့ အနေအထားတွေကြောင့် လင်ဂတ်တစ်ယောက် အသင်းကထွက်ခွာဖို့ ဟန်ပြင်လျက် ရှိနေပါတယ်။ လင်ဂတ်ဟာ ဝက်ဖို့ဒ်ကို အနိုင်ရတဲ့ ပွဲစဉ်အတွင်း ပါဝင်ကစားခဲ့ပေမဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ပွဲဆက် ချန်လှပ်ခံထားရပါတယ်။

ဇယားအောက်ဆုံးမှာ ရှိနေတဲ့ ရှက်ဖီးလ်ယူနိုက်တက်က အင်္ဂလန်သားကို ခေါ်ယူလိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လင်ဂတ်ကလည်း အသင်းပြောင်းတာက ယူနိုက်တက်ကနေ အပြီးထွက်ရတာ မဟုတ်ဘူးဆိုပြီး အေးဆေး ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေခၚခ်င္တဲ့ အသင္းေတြ ၀ိုင္းေနေပမဲ့ လင္ဂတ္ကို လက္မလႊတ္လိုတဲ့ ဆုိးလ္ရွား

ယူႏုိက္တက္အပယ္ခံ ဂ်က္ဆီ လင္ဂတ္ဟာ ယခုလအတြင္း အုိးထရက္ဖို႔ဒ္ကေန ထြက္ခြာလိုေနေပမဲ့ နည္းျပ ဆိုးလ္ရွားကေတာ့ လက္လႊတ္ရမွာ စိုးရိမ္လ်က္ ရွိေနပါတယ္။ အင္တာမီလန္၊ ၀က္စ္ဟမ္း၊ ေတာ့တင္ဟမ္၊ ရွက္ဖီးလ္ယူႏိုက္တက္၊ ေပၚတို၊ မာေဆးလ္နဲ႔ ႏိုက္စ္အသင္းေတြအားလံုးက ကြင္းလယ္လူကို ေခၚယူဖို႔ စိတ္၀င္စားေနၾကပါတယ္။ ဒါေပမဲ့ ESPNရဲ႕ အဆိုအရ ဆုိးလ္ရွားသာ ခြင့္မျပဳဘူးဆုိရင္ လင္ဂတ္တစ္ေယာက္ ဘယ္မွ ေျပာင္းလို႔ရမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

အဂၤလန္လက္ေရြးစင္ေဟာင္းဟာ ယခုႏွစ္ရာသီ ယူႏို္က္တက္အတြက္ ၃ပြဲသာ ပါ၀င္ကစားထားရပါေသးတယ္။ ဒါေၾကာင့္ အသင္းၾကီးမွာ ျပန္လည္ ပါ၀င္ႏိုင္ဖို႔ စိတ္အားထက္သန္ေနျပီး အဆုိပါ အျဖစ္အပ်က္အေပၚ ဆုိးလ္ရွားက စာနာေနေပမဲ့ ပဲြက်ပ္ေတြ အမ်ားအျပား ကစားရမယ့္ အေျခအေနမွာ ရာသီကုန္ထိ ဆက္ထိန္းထားခ်င္ေနပါတယ္။ လင္ဂတ္ဟာ အသင္းနဲ႔ ၁ႏွစ္သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဆုိခဲ့ျပီးေနာက္ ၂၀၂၂ခုႏွစ္မွ စာခ်ဳပ္သက္တမ္းကုန္ေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမဲ့ လက္ရွိ အသင္းၾကီးမွာ ေနရာမရေသးတဲ့ အေနအထားေတြေၾကာင့္ လင္ဂတ္တစ္ေယာက္ အသင္းကထြက္ခြာဖို႔ ဟန္ျပင္လ်က္ ရွိေနပါတယ္။ လင္ဂတ္ဟာ ၀က္ဖို႔ဒ္ကို အႏိုင္ရတဲ့ ပြဲစဥ္အတြင္း ပါ၀င္ကစားခဲ့ေပမဲ့ ပရီးမီးယားလိဂ္ ေနာက္ဆံုး ၂ပဲြဆက္ ခ်န္လွပ္ခံထားရပါတယ္။ ဇယားေအာက္ဆံုးမွာ ရွိေနတဲ့ ရွက္ဖီးလ္ယူႏိုက္တက္က အဂၤလန္သားကို ေခၚယူလိုေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနျပီး လင္ဂတ္ကလည္း အသင္းေျပာင္းတာက ယူႏိုက္တက္ကေန အျပီးထြက္ရတာ မဟုတ္ဘူးဆုိျပီး ေအးေဆး ျဖစ္ေနပါတယ္။