ခံစစ်ပိုင်းပြဿနာဖြေရှင်းဖို့ မူစတာဖီကို အံ့အားသင့်ဖွယ် စိတ်ဝင်စားလာတဲ့ လီဗာပူး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းဟာ နောက်တန်းပြဿနာဖြေရှင်းဖို့ အာဆင်နယ်က အပယ်ခံနောက်ခံလူ မူစတာဖီကို ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ဂျာမန်သားဟာ အာတီတာလက်အောက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး အသင်းကလည်း ရောင်းထုတ်ချင်နေပါတယ်။

Evening Standard သတင်းဌာနကတော့ လီဗာပူးဟာ မူစတာဖီကိုခေါ်ယူဖို့ အာဆင်နယ်ကို ချဉ်းကပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ မူစတာဖီရဲ့စာချုပ်သက်တမ်းက နွေရာသီမှာကုန်ဆုံးမှာဖြစ်ပြီး လီဗာပူးအနေနဲ့ ခေါ်ယူနိုင်မယ့်အခွင့်အရေးရှိနေတာဖြစ်ပါတယ်။။

အာတီတာကလည်း ကလပ်အသင်းဟာ မူစတာဖီကိုအခုလထဲမှာပဲ စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ ဆွေးနွေးနေဆဲပါ။ ကစားသမားရဲ့အေးဂျင့်နဲ့လည်း ဆွေးနွေးနေပါတယ်။ မကြာခင်မှာ အဖြေတစ်ခုရမယ်လို့ ထင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

ဂျာမန်သားကို လာဇီယိုအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ သတင်းထောက်တွေက မူစတာဖီအခြေအနေကို မေးမြန်းရာမှာ အာတီတာက အခုလထဲမှာပဲ ထွက်ခွာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။

မူစတာဖီဟာ အာဆင်နယ်အသင်းမှာနေရာပျောက်နေပေမယ့် အတွေ့အကြုံပြည့်ဝတာကြောင့် လီဗာပူးသာ ခေါ်ယူဖြစ်ခဲ့ရင် အသုံးတည့်လာနိုင်ပါတယ်။

ဒီရာသီမှာတော့ မူစတာဖီဟာ အာဆင်နယ်အတွက် ၉ ပွဲသာပါဝင်ကစားခွင့်ရခဲ့ပါတယ်။ လီဗာပူးနည်းပြ ကလော့ပ်ကလည်း အပြောင်းအရွှေ့မပိတ်ခင်မှာ နောက်တန်းအားဖြည့်မယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခံစစ္ပုိင္းျပႆနာေျဖရွင္းဖို႔ မူစတာဖီကုိ အံ့အားသင့္ဖြယ္ စိတ္၀င္စားလာတဲ့ လီဗာပူး

လီဗာပူးအသင္းဟာ ေနာက္တန္းျပႆနာေျဖရွင္းဖို႔ အာဆင္နယ္က အပယ္ခံေနာက္ခံလူ မူစတာဖီကို ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။ ဂ်ာမန္သားဟာ အာတီတာလက္ေအာက္မွာ ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနျပီး အသင္းကလည္း ေရာင္းထုတ္ခ်င္ေနပါတယ္။ Evening Standard သတင္းဌာနကေတာ့ လီဗာပူးဟာ မူစတာဖီကိုေခၚယူဖို႔ အာဆင္နယ္ကို ခ်ဥ္းကပ္ခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

မူစတာဖီရဲ႕စာခ်ဳပ္သက္တမ္းက ေႏြရာသီမွာကုန္ဆံုးမွာျဖစ္ျပီး လီဗာပူးအေနနဲ႔ ေခၚယူႏိုင္မယ့္အခြင့္အေရးရွိေနတာျဖစ္ပါတယ္။ အာတီတာကလည္း ကလပ္အသင္းဟာ မူစတာဖီကိုအခုလထဲမွာပဲ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ေဆြးေႏြးေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ “လက္ရွိအခ်ိန္မွာေတာ့ ကြ်န္ေတာ္တုိ႔ ေဆြးေႏြးေနဆဲပါ။ ကစားသမားရဲ႕ေအးဂ်င့္နဲ႔လည္း ေဆြးေႏြးေနပါတယ္။ မၾကာခင္မွာ အေျဖတစ္ခုရမယ္လုိ႔ ထင္ပါတယ္”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။

ဂ်ာမန္သားကို လာဇီယိုအသင္းကလည္း ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။ သတင္းေထာက္ေတြက မူစတာဖီအေျခအေနကို ေမးျမန္းရာမွာ အာတီတာက အခုလထဲမွာပဲ ထြက္ခြြာႏိုင္တယ္လို႔ ဆိုခဲ့ပါတယ္။ မူစတာဖီဟာ အာဆင္နယ္အသင္းမွာေနရာေပ်ာက္ေနေပမယ့္ အေတြ႕အၾကံုျပည့္၀တာေၾကာင့္ လီဗာပူးသာ ေခၚယူျဖစ္ခဲ့ရင္ အသံုးတည့္လာႏိုင္ပါတယ္။

ဒီရာသီမွာေတာ့ မူစတာဖီဟာ အာဆင္နယ္အတြက္ ၉ ပြဲသာပါ၀င္ကစားခြင့္ရခဲ့ပါတယ္။ လီဗာပူးနည္းျပ ကေလာ့ပ္ကလည္း အေျပာင္းအေရႊ႕မပိတ္ခင္မွာ ေနာက္တန္းအားျဖည့္မယ္လို႔ ၀န္ခံေျပာၾကားခဲ့ပါတယ္။