ခံစစ်ဘုရင် မော်ရင်ညိုနဲ့ တိုက်စစ်ဘုရင် ဘီယဲလ်ဆာအဆုံ လန်ဒန်မှာ ဘာတွေဖြစ်လာမလဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးနဲ့ လိဒ်ယူနိုက်တက်တို့ဟာ ယနေ့ည ၇နာရီမှာ ၂၀၀၄ နောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်တွေ့ဆုံမှုအဖြစ် လန်ဒန်မှာ တွေ့ဆုံတော့မှာဖြစ်ပြီး နောက်ဆုံးတွေ့ဆုံမှုမှာတော့ စပါးက အယ်လန်ရုဒ်မှာ အိမ်ရှင်လိဒ်ယူနိုက်တက်ကို ဝ-၁ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။


လိဒ်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ခဲ့တာဖြစ်ပြီး နည်းပြကြီး မာဆယ်လိုဘီယဲလ်ဆာနဲ့ စပါးနည်းပြ ဟိုဆေးမော်ရင်ညိုတို့လည်း ထပ်မံတွေ့ဆုံရပါဦးမယ်။
ဘီလ်ဘာအိုအသင်းနည်းပြဟောင်း ဘီယဲလ်ဆာဟာ မော်ရင်ညိုကို တစ်ကြိမ်မှအနိုင်မရဖူးသေးဘဲ ရီးရဲလ်နည်းပြအဖြစ် မော်ရင်ညို တာဝန်ယူခဲ့စဉ်က ဘီယဲလ်ဆာနဲ့ ၄ကြိမ်ရင်ဆိုင်ခဲ့ရာမှာ ပွဲတိုင်းအနိုင်ရခဲ့ပါတယ်။

မော်ရင်ညိုကတော့ ထုံးစံအတိုင်း လိုချင်တဲ့ရလဒ် ရဖို့ဆိုရင် ဘယ်လိုနည်းလမ်းကိုမဆို အသုံးပြုလေ့ရှိပြီး ခံစစ်အားပြုနည်းပြအဖြစ် နာမည်ကျော်ပါတယ်။
စပါးအသင်းဆိုရင်လည်း နည်းပြဟောင်း ပိုချက်တီနိုလက်ထက်မှာ တိုက်စစ်အားသန်အသင်းအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် အခု မော်ရင်ညိုရဲ့လက်ထက်မှာတော့ ခံစစ်အားကောင်းတဲ့အသင်းအဖြစ် ပြောင်းလဲသွားပြီး ၁၅ပွဲကစားပြီးချိန်မှာ ခံစစ်က စုစုပေါင်း ၁၅ဂိုးပဲ ပေးထားရပါတယ်။


အာဂျင်တီးနားနိုင်ငံသား ဘီယဲလ်ဆာကတော့ မော်ရင်ညိုနဲ့ ပြောင်းပြန်ဖြစ်ပြီး ဘယ်အသင်းနဲ့ပဲတွေ့တွေ့ သူ့ရဲ့နည်းဗျူဟာက တိုက်စစ်အသားပေးဖြစ်သလို တိုက်စစ်ဆင်ဖို့လည်း အိမ်ကွင်း၊ အဝေးကွင်းမရွေးပါဘူး။


ဒီအတွက်ကြောင့်လည်း လိဒ်ယူနိုက်တက်ဟာ ယခုရာသီပရီးမီးယားလိဂ်မှာ အိမ်ကွင်း၊ အဝေးကွင်းမှာ အနည်းဆုံး ၅ဂိုးသွင်းနိုင်တဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေသလို တိုက်စစ်က ၁၆ပွဲမှာ ဂိုး ၃၀သွင်းယူထားချိန် ခံစစ်ကလည်း ဂိုး ၃၀အထိပေးထားရပါတယ်။

”ကျွန်တော်တို့ဟာ အခုမှ ၁၆ပွဲပဲကစားရသေးပြီး ဘယ်နေရာမှာ ရှိနေမှာလဲဆိုတာ အတိအကျမပြောနိုင်ခင် စိန်ခေါ်မှု၊ စမ်းသပ်မှုအများအပြားကို ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းက စိန်ခေါ်မှုတွေချည်းပါပဲ”လို့ ဘီယဲလ်ဆာက ပြောပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ခံစစ္ဘုရင္ ေမာ္ရင္ညိဳနဲ႔ တုိက္စစ္ဘုရင္ ဘီယဲလ္ဆာအဆုံ လန္ဒန္မွာ ဘာေတြျဖစ္လာမလဲ
စပါးနဲ႔ လိဒ္ယူႏုိက္တက္တုိ႔ဟာ ယေန႔ည ၇နာရီမွာ ၂၀၀၄ ေနာက္ပိုင္း ပထမဆုံးပရီးမီးယားလိဂ္ေတြ႕ဆုံမႈအျဖစ္ လန္ဒန္မွာ ေတြ႕ဆုံေတာ့မွာျဖစ္ၿပီး ေနာက္ဆုံးေတြ႕ဆုံမႈမွာေတာ့ စပါးက အယ္လန္႐ုဒ္မွာ အိမ္ရွင္လိဒ္ယူႏုိက္တက္ကို ၀-၁ ဂိုးနဲ႔အႏိုင္ရခ့ဲပါတယ္။
လိဒ္ယူႏုိက္တက္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံရွစ္ခ်န္ပီယံအျဖစ္ ပရီးမီးယားလိဂ္ကို တန္းျပန္တက္ႏိုင္ခဲ့တာျဖစ္ၿပီး နည္းျပႀကီး မာဆယ္လုိဘီယဲလ္ဆာနဲ႔ စပါးနည္းျပ ဟိုေဆးေမာ္ရင္ညိဳတုိ႔လည္း ထပ္မံေတြ႕ဆုံရပါဦးမယ္။

ဘီလ္ဘာအိုအသင္းနည္းျပေဟာင္း ဘီယဲလ္ဆာဟာ ေမာ္ရင္ညိဳကို တစ္ႀကိမ္မွအႏုိင္မရဖူးေသးဘဲ ရီးရဲလ္နညး္ျပအျဖစ္ ေမာ္ရင္ညိဳ တာ၀န္ယူခဲ့စဥ္က ဘီယဲလ္ဆာနဲ႔ ၄ႀကိမ္ရင္ဆုိင္ခဲ့ရာမွာ ပဲြတိုင္းအႏိုင္ရခဲ့ပါတယ္။
ေမာ္ရင္ညိဳကေတာ့ ထုံးစံအတုိင္း လုိခ်င္တဲ့ရလဒ္ ရဖို႔ဆုိရင္ ဘယ္လုိနည္းလမ္းကုိမဆုိ အသုံးျပဳေလ့ရွိၿပီး ခံစစ္အားျပဳနည္းျပအျဖစ္ နာမည္ေက်ာ္ပါတယ္။
စပါးအသင္းဆုိရင္လည္း နည္းျပေဟာင္း ပိုခ်က္တီႏိုလက္ထက္မွာ တုိက္စစ္အားသန္အသင္းအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ အခု ေမာ္ရင္ညိဳရဲ႕လက္ထက္မွာေတာ့ ခံစစ္အားေကာင္းတဲ့အသင္းအျဖစ္ ေျပာင္းလဲသြားၿပီး ၁၅ပြဲကစားၿပီးခ်ိန္မွာ ခံစစ္က စုစုေပါင္း ၁၅ဂိုးပဲ ေပးထားရပါတယ္။
အာဂ်င္တီးနားႏုိင္ငံသား ဘီယဲလ္ဆာကေတာ့ ေမာ္ရင္ညိဳနဲ႔ ေျပာင္းျပန္ျဖစ္ၿပီး ဘယ္အသင္းနဲ႔ပဲေတြ႕ေတြ႕ သူ႕ရဲ႕နည္းဗ်ဴဟာက တုိက္စစ္အသားေပးျဖစ္သလုိ တုိက္စစ္ဆင္ဖုိ႔လည္း အိမ္ကြင္း၊ အေ၀းကြင္းမေရြးပါဘူး။
ဒီအတြက္ေၾကာင့္လည္း လိဒ္ယူႏုိက္တက္ဟာ ယခုရာသီပရီးမီးယားလိဂ္မွာ အိမ္ကြင္း၊ အေ၀းကြင္းမွာ အနည္းဆုံး ၅ဂိုးသြင္းႏုိင္တဲ့ တစ္သင္းတည္းေသာအသင္းအျဖစ္ ရပ္တည္ေနသလုိ တုိက္စစ္က ၁၆ပြဲမွာ ဂိုး ၃၀သြင္းယူထားခ်ိန္ ခံစစ္ကလည္း ဂိုး ၃၀အထိေပးထားရပါတယ္။

”ကၽြန္ေတာ္တုိ႔ဟာ အခုမွ ၁၆ပြဲပဲကစားရေသးၿပီး ဘယ္ေနရာမွာ ရွိေနမွာလဲဆုိတာ အတိအက်မေျပာႏိုင္ခင္ စိန္ေခၚမႈ၊ စမ္းသပ္မႈအမ်ားအျပားကို ေက်ာ္ျဖတ္ရမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ ပဲြတုိင္းက စိန္ေခၚမႈေတြခ်ည္းပါပဲ”လုိ႔ ဘီယဲလ္ဆာက ေျပာပါတယ္။