ချစ်ကြည်ရေးတံတားအပေါ် အတူလျှောက်ရတော့မယ့် မက်ဆီနဲ့ ကိုးမန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နည်းပြကိုးမန်းရဲ့ ဘာစီလိုနာအသင်းဟာ မနေ့ညက အီတလီနိုင်ငံ တူရင်မြို့မှာ ကျင်းပခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်(၂)အတွင်းမှာ အိမ်ရှင်ဂျူဗင်တပ်စ်အသင်းကို ဒမ်ဘီလီ ၊ မက်ဆီတို့ရဲ့သွင်းဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

အသင်းအတွက် အဖွင့်ဂိုးကို ဒမ်ဘီလီက သွင်းယူခဲ့တာဖြစ်ကာ ၊ ဒုတိယ ဂိုးကိုတော့ မက်ဆီ က ပင်နယ်တီကနေ တစ်ဆင့်သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲအပြီးမှာ နည်းပြရော်နယ်ကိုးမန်း နဲ့ မက်ဆီ တို့တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပွေ့ဖက်ပြီး နှုတ်ဆက်သွားတာကိုတွေ့ရပါတယ်။အဲဒီ မြင်ကွင်းဟာ ဘာစီလိုနာ ပရိသတ်တွေအတွက်တော့ ကြည့်ကောင်းတဲ့ပုံရိပ်တစ်ခုပါပဲ။ခြေစွမ်းကောင်းပြသနိုင်မှု ၊ ရင်းရင်းနှီးနှီးနှုတ်ဆက်မှုတွေဟာ နည်းပြသစ် နဲ့ ကစားသမားတွေ အကြား ယုံကြည်မှုတွေကို ပိုမို တိုးပွားစေပါလိမ့်မယ်။

အခုရာသီမှာ တာဝန်ရှိသူတချို့ရဲ့ လုပ်ရပ်ကြောင့်အသိုက်ဖျက်သလိုဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ အနေအထားတွေအပေါ် ပရိသတ်တွေရော၊ ကစားသမားတွေကပါ မကျေမနပ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဖိအားပေးတောင်းဆိုတဲ့လုပ်ရပ်တွေလုပ်ခဲ့ကြပြီး၊ အခုဆိုရင် ဆိုင်ရာ ပုဂ္ဂိုလ်တွေ ရာထူးကနေဆင်းပေးလိုက်ကြပါပြီ။

ပြန်လည်တည်ဆောက်တဲ့အချိန်မှာ ချစ်ကြည်ရေးကလည်းအရေးပါပါတယ်။ ဒါကြောင့် မက်ဆီနဲ့နည်းပြတို့တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီးနားလည်စွာနဲ့ ရှေ့ဆက်ဖို့လိုပါတယ်။

ဂျူဗီပွဲနဲ့ပတ်သက်လို့တော့ နည်းပြကိုးမန်းက အခုလိုပြောထားပါတယ်။ “ဒီပွဲမှာ ကျွန်တော်တို့ အသင်းက ကဏ္ဍပေါင်းစုံမှာကို သာလွန်ခဲ့တာပါ။ ကစားပုံကလည်း ကျေနပ်လောက်ပါတယ်။ ဒီလို ဥရောပရဲ့ ထိပ်သီး တစ်သင်းနဲ့ ရင်ဆိုင်ရချိန်မှာ ၊ ကစားသမားတွေ ရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ခံယူချက်တွေက ပိုပြီး အရေးပါပါတယ်။

ကျွန်တော်တို့တွေ ဒီပွဲကို အပြတ်အသတ်နဲ့ အနိုင်ယူခဲ့ပေမယ့် ဂိုးပြတ်အနိုင်မရခဲ့ပါဘူး။ အသင်းက တကယ့်ကို ရှင်းရှင်းလင်းလင်း အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့ပါတယ်”

“ဒါပေမယ့် အန်ထရန်ဂရဇ်မန်းက ကံဆိုးနေခဲ့ပါတယ်။ သူရဲ့ကန်ချက်တွေက ဂိုးရနိုင်လောက်တဲ့အထိ ကောင်းမွန်မှု သိပ်မရှိခဲ့ဘူး။ ပွဲတစ်ပွဲမှာ အခွင့်အရေးတွေများစွာ ဖန်တီးနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့က ဒီပွဲမှာ ပိုသာလွန်တဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်အခုရလဒ်က မျှတတဲ့ရလဒ်လို့ပဲ သတ်မှတ်ရမှာပါ”လို့ နည်းပြကိုးမန်းကပြောဆိုပါတယ်။

အသင်းဥက္ကဌဖြစ်သူ ဘာတိုမြူနဲ့ အသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေ နှုတ်ထွက် ခဲ့တာနဲ့ပတ်သက်လို့နည်းပြကိုးမန်းက “ကျွန်တော်ကတော့ ကျွန်တော်တို့တွေအနေနဲ့ အားကစားနဲ့ဆိုင်တဲ့ဘက်အခြမ်းကနေပဲ တွေးတောသင့်တယ်လို့ ထင်မြင်မိပါတယ်။ အခုပွဲမှာလည်း ကျွန်တော်တို့က အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီးတော့ အဲဒီကိစ္စတွေကလုံးဝသက်ရောက်မှုမရှိခဲ့ပါဘူး။”လို့ ပြောဆိုသွားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်စ္ၾကည္ေရးတံတားအေပၚ အတူေလွ်ာက္ရေတာ့မယ့္ မက္ဆီနဲ႔ ကိုးမန္း

နည္းျပကိုးမန္းရဲ႕ ဘာစီလိုနာအသင္းဟာ မေန႔ညက အီတလီႏိုင္ငံ တူရင္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ဂ်ဳဗင္တပ္စ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ပြဲစဥ္(၂)အတြင္းမွာ အိမ္ရွင္ဂ်ဴဗင္တပ္စ္အသင္းကို ဒမ္ဘီလီ ၊ မက္ဆီတို႔ရဲ႕သြင္းဂိုးေတြနဲ႔ အႏိုင္ယူႏိုင္ခဲ့ပါတယ္။
အသင္းအတြက္ အဖြင့္ဂိုးကို ဒမ္ဘီလီက သြင္းယူခဲ့တာျဖစ္ကာ ၊ ဒုတိယ ဂိုးကိုေတာ့ မက္ဆီ က ပင္နယ္တီကေန တစ္ဆင့္သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

အဲဒီပြဲအၿပီးမွာ နည္းျပေရာ္နယ္ကိုးမန္း နဲ႔ မက္ဆီ တို႔တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ေပြ႕ဖက္ၿပီး ႏႈတ္ဆက္သြားတာကိုေတြ႕ရပါတယ္။အဲဒီ ျမင္ကြင္းဟာ ဘာစီလိုနာ ပရိသတ္ေတြအတြက္ေတာ့ ၾကည့္ေကာင္းတဲ့ပုံရိပ္တစ္ခုပါပဲ။ေျခစြမ္းေကာင္းျပသႏိုင္မႈ ၊ ရင္းရင္းႏွီးႏွီးႏႈတ္ဆက္မႈေတြဟာ နည္းျပသစ္ နဲ႔ ကစားသမားေတြ အၾကား ယုံၾကည္မႈေတြကို ပိုမို တိုးပြားေစပါလိမ့္မယ္။

အခုရာသီမွာ တာဝန္ရွိသူတခ်ိဳ႕ရဲ႕ လုပ္ရပ္ေၾကာင့္အသိုက္ဖ်က္သလိုျဖစ္ခဲ့တဲ့ ဘာစီလိုနာအသင္းရဲ႕ အေနအထားေတြအေပၚ ပရိသတ္ေတြေရာ၊ ကစားသမားေတြကပါ မေက်မနပ္ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ ဖိအားေပးေတာင္းဆိုတဲ့လုပ္ရပ္ေတြလုပ္ခဲ့ၾကၿပီး၊ အခုဆိုရင္ ဆိုင္ရာ ပုဂၢိဳလ္ေတြ ရာထူးကေနဆင္းေပးလိုက္ၾကပါၿပီ။
ျပန္လည္တည္ေဆာက္တဲ့အခ်ိန္မွာ ခ်စ္ၾကည္ေရးကလည္းအေရးပါပါတယ္။ ဒါေၾကာင့္ မက္ဆီနဲ႔နည္းျပတို႔တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခင္ရင္းႏွီးနားလည္စြာနဲ႔ ေရွ႕ဆက္ဖို႔လိုပါတယ္။

ဂ်ဴဗီပြဲနဲ႔ပတ္သက္လို႔ေတာ့ နည္းျပကိုးမန္းက အခုလိုေျပာထားပါတယ္။ “ဒီပြဲမွာ ကြၽန္ေတာ္တို႔ အသင္းက က႑ေပါင္းစုံမွာကို သာလြန္ခဲ့တာပါ။ ကစားပုံကလည္း ေက်နပ္ေလာက္ပါတယ္။ ဒီလို ဥေရာပရဲ႕ ထိပ္သီး တစ္သင္းနဲ႔ ရင္ဆိုင္ရခ်ိန္မွာ ၊ ကစားသမားေတြ ရဲ႕ စိတ္ဓါတ္ပိုင္းဆိုင္ရာ ခံယူခ်က္ေတြက ပိုၿပီး အေရးပါပါတယ္။
ကြၽန္ေတာ္တို႔ေတြ ဒီပြဲကို အျပတ္အသတ္နဲ႔ အႏိုင္ယူခဲ့ေပမယ့္ ဂိုးျပတ္အႏိုင္မရခဲ့ပါဘူး။ အသင္းက တကယ့္ကို ရွင္းရွင္းလင္းလင္း အခြင့္အေရးေတြ ပိုင္ဆိုင္ခဲ့ပါတယ္”

“ဒါေပမယ့္ အန္ထရန္ဂရဇ္မန္းက ကံဆိုးေနခဲ့ပါတယ္။ သူရဲ႕ကန္ခ်က္ေတြက ဂိုးရႏိုင္ေလာက္တဲ့အထိ ေကာင္းမြန္မႈ သိပ္မရွိခဲ့ဘူး။ ပြဲတစ္ပြဲမွာ အခြင့္အေရးေတြမ်ားစြာ ဖန္တီးႏိုင္ဖို႔က အရမ္းအေရးႀကီးပါတယ္။ ကြၽန္ေတာ္တို႔က ဒီပြဲမွာ ပိုသာလြန္တဲ့အသင္း ျဖစ္ခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္အခုရလဒ္က မွ်တတဲ့ရလဒ္လို႔ပဲ သတ္မွတ္ရမွာပါ”လို႔ နည္းျပကိုးမန္းက​ေျပာဆိုပါတယ္။

အသင္းဥကၠဌျဖစ္သူ ဘာတိုျမဴနဲ႔ အသင္းရဲ႕ဘုတ္အဖြဲ႕ဝင္ေတြ ႏႈတ္ထြက္ ခဲ့တာနဲ႔ပတ္သက္လို႔နည္းျပကိုးမန္းက “ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ္တို႔ေတြအေနနဲ႔ အားကစားနဲ႔ဆိုင္တဲ့ဘက္အျခမ္းကေနပဲ ေတြးေတာသင့္တယ္လို႔ ထင္ျမင္မိပါတယ္။ အခုပြဲမွာလည္း ကြၽန္ေတာ္တို႔က အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့ၿပီးေတာ့ အဲဒီကိစၥေတြကလုံးဝသက္ေရာက္မႈမရွိခဲ့ပါဘူး။”လို႔ ေျပာဆိုသြားခဲ့ပါတယ္။