ချန်ပီယံဆုအတွက် လီဗာပူးကို မန်ယူစိန်ခေါ်နိုင်တယ်လို့ ဆိုလိုက်တဲ့ ရွိုင်ကိန်း

မန်ယူဟာ ဒီရာသီပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးကို တွန်းအားပေးနိုင်တယ်လို့ အသင်းကွင်းလယ်လူဟောင်းရွိုင်ကိန်းက သုံးသပ်ပြောကြားလိုက်ပါတယ်။

မန်ယူဟာ ပြီးခဲ့တဲ့တနင်္ဂနွေညက လိဒ်ကို ၆-၂ နဲ့အနိုင်ရခဲ့လို့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၇ ပွဲဆက်ရှုံးပွဲမရှိမှုနဲ့အတူ အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

မန်ယူအနေနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးနဲ့ ၅ မှတ်ကွာနေဆဲဖြစ်ပေမယ့် တစ်ပွဲလျော့ဖြစ်နေသေးပြီး တကယ်လို့ လက်ကျန်ပွဲကိုသာနိုင်မယ်ဆိုရင် လက်ရှိချန်ပီယံအသင်းနဲ့ ၂ မှတ်သာကွာတော့မှာပါ။

ဒါကြောင့်လည်း လိဒ်နဲ့ပွဲမှာ Sky Sports ရုပ်သံရဲ့စတူဒီယိုအတွင်းရှိနေတဲ့ရွိုင်ကိန်းက သူ့အသင်းဟောင်းဟာ ချန်ပီယံပြေးလမ်းထဲမှာ လီဗာပူးကို အဓိကခြိမ်းြခောက်နိုင်သူဖြစ်လာနိုင်တယ်လို့ ဆိုခဲ့တာပါ။

”လွန်ခဲ့တဲ့ ၂ လအတွင်းမှာ မန်ယူဟာ အကြီးအကျယ်ကို ဝေဖန်ခံခဲ့ရတာပါ။ အထူးသဖြင့် သူတို့ရဲ့အိမ်ကွင်းမှတ်တမ်းနဲ့ ဥရောပက အကြီးအကျယ်စိတ်ပျက်စရာတို့ကြောင့်ပါ။ ကျွန်တော်ကိုယ်တိုင်လည်း သူတို့နောက်တန်းနဲ့ ဂိုးသမားကို ဝေဖန်ခဲ့ကာ လမ်းပျောက်နေသလိုဖြစ်ခဲ့တဲ့ သူ့အသင်းကို မေးခွန်းထုတ်ခဲ့ပါတယ်”လို့ ရွိုင်ကိန်းက ဆိုပါတယ်။

ဆက်လက်ပြီး ရွိုင်ကိန်းက”ဒါပေမဲ့ လူတွေမှားနေတယ်ဆိုတာကို ဘောလုံးက သက်သေပြနေတယ်။ နောက်ဆုံးပွဲအနည်းငယ်မှာ သူတို့နိုင်ခဲ့ပြီး ရုန်းထွက်ပြနိုင်ခဲ့တယ်။ အိမ်ကွင်းပွဲတွေမှာလည်း အခြေအနေကောင်းမယ်ဆိုရင် အဲဒီမှာ ဘာကြောင့်ဆက်မရှိနိုင်ရမှာလဲ။ လီဗာပူးက အကောင်းဆုံးပဲလို့ ကျွန်တော်ထင်နေဆဲပါ။ ဒါပေမဲ့ လီဗာပူးကို တွန်းအားပေးနိုင်မယ့် သူတို့အခွင့်အရေးကို မန်ယူလက်မလွှတ်သင့်ပါဘူး”လို့ ပြောခဲ့တာပါ။

ဆိုးလ်ရှားရဲ့အသင်းဟာ ချန်ပီယံလိဂ်က ထွက်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ်မှာ တောက်လျှောက်အခြေအနေကောင်းနေတာ ဖြစ်ပါတယ်။

Zawgyi

ခ်န္ပီယံဆုအတြက္ လီဗာပူးကို မန္ယူစိန္ေခၚႏိုင္တယ္လုိ႔ ဆုိလိုက္တဲ့ ရြိဳင္ကိန္း

မန္ယူဟာ ဒီရာသီပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ လီဗာပူးကို တြန္းအားေပးႏိုင္တယ္လုိ႔ အသင္းကြင္းလယ္လူေဟာင္းရြိဳင္ကိန္းက သုံးသပ္ေျပာၾကားလိုက္ပါတယ္။

မန္ယူဟာ ၿပီးခဲ့တဲ့တနဂၤေႏြညက လိဒ္ကို ၆-၂ နဲ႔အႏိုင္ရခဲ့လုိ႔ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၇ ပြဲဆက္ရႈံးပြဲမရွိမႈနဲ႔အတူ အမွတ္ေပးဇယားမွာ အဆင့္ ၃ ေနရာကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

မန္ယူအေနနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ လီဗာပူးနဲ႔ ၅ မွတ္ကြာေနဆဲျဖစ္ေပမယ့္ တစ္ပြဲေလ်ာ့ျဖစ္ေနေသးၿပီး တကယ္လုိ႔ လက္က်န္ပြဲကိုသာႏိုင္မယ္ဆိုရင္ လက္ရွိခ်န္ပီယံအသင္းနဲ႔ ၂ မွတ္သာကြာေတာ့မွာပါ။

ဒါေၾကာင့္လည္း လိဒ္နဲ႔ပြဲမွာ Sky Sports ရုပ္သံရဲ႕စတူဒီယိုအတြင္းရွိေနတဲ့ရြိဳင္ကိန္းက သူ႔အသင္းေဟာင္းဟာ ခ်န္ပီယံေျပးလမ္းထဲမွာ လီဗာပူးကို အဓိကၿခိမ္းျေခာက္ႏိုင္သူျဖစ္လာႏိုင္တယ္လုိ႔ ဆုိခဲ့တာပါ။

”လြန္ခဲ့တဲ့ ၂ လအတြင္းမွာ မန္ယူဟာ အႀကီးအက်ယ္ကို ေ၀ဖန္ခံခဲ့ရတာပါ။ အထူးသျဖင့္ သူတို႔ရဲ႕အိမ္ကြင္းမွတ္တမ္းနဲ႔ ဥေရာပက အႀကီးအက်ယ္စိတ္ပ်က္စရာတို႔ေၾကာင့္ပါ။ ကၽြန္ေတာ္ကိုယ္တုိင္လည္း သူတုိ႔ေနာက္တန္းနဲ႔ ဂိုးသမားကို ေ၀ဖန္ခဲ့ကာ လမ္းေပ်ာက္ေနသလုိျဖစ္ခဲ့တဲ့ သူ႔အသင္းကို ေမးခြန္းထုတ္ခဲ့ပါတယ္”လုိ႔ ရြိဳင္ကိန္းက ဆုိပါတယ္။

ဆက္လက္ၿပီး ရြိဳင္ကိန္းက”ဒါေပမဲ့ လူေတြမွားေနတယ္ဆုိတာကို ေဘာလုံးက သက္ေသျပေနတယ္။ ေနာက္ဆုံးပြဲအနည္းငယ္မွာ သူတို႔ႏိုင္ခဲ့ၿပီး ရုန္းထြက္ျပႏိုင္ခဲ့တယ္။ အိမ္ကြင္းပဲြေတြမွာလည္း အေျခအေနေကာင္းမယ္ဆုိရင္ အဲဒီမွာ ဘာေၾကာင့္ဆက္မရွိႏိုင္ရမွာလဲ။ လီဗာပူးက အေကာင္းဆုံးပဲလုိ႔ ကၽြန္ေတာ္ထင္ေနဆဲပါ။ ဒါေပမဲ့ လီဗာပူးကို တြန္းအားေပးႏိုင္မယ့္ သူတို႔အခြင့္အေရးကို မန္ယူလက္မလႊတ္သင့္ပါဘူး”လုိ႔ ေျပာခဲ့တာပါ။

ဆုိးလ္ရွားရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္က ထြက္ခဲ့ရၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ေတာက္ေလွ်ာက္အေျခအေနေကာင္းေနတာ ျဖစ္ပါတယ္။