
အက်ဖ်အေးဖလားတတိယအဆင့်မှာ ရွန်နီရဲ့ဒါဘီဟာ သူတို့လိုပဲ
ချန်ပီယံရှစ်အသင်းဖြစ်တဲ့ ကိုဗင်ထရီကို အဝေးကွင်းသွားရောက်ရင်ဆိုင်ရမှာပါ။
နှစ်သင်းစလုံးက ဒီရာသီချန်ပီယံရှစ်မှာ မတူညီတဲ့အခြေအနေရှိခဲ့ကြပါတယ်။
ကိုဗင်ထရီဟာ မကြာသေးခင်ပွဲတွေမှာ တောက်လျှောက်နိုင်ပွဲမပျောက်ခင်အထိ
တန်းတက်တစ်နေရာအတွက် စိန်ခေါ်နိုင်ခဲ့တာပါ။
ဇယားအောက်ခြေကဒါဘီကတော့ နောက်ဆုံး ၄ ပွဲဆက်ရှုံးပွဲမရှိ
ကစားနိုင်ခဲ့တာကြောင့် တန်းဆင်းဇုန်အထက်က
အသင်းနဲ့ ၁၁ မှတ်အကွာကို ရောက်လာပါတယ်။
ဒီလိုအရှိန်ရနေတာကြောင့် သူ့စိတ်တိုင်းကျဆို ရွန်နီဟာ
အခုစနေ၊တနင်္ဂနွေမှာ ချန်ပီယံရှစ်ပွဲပဲ ကစားချင်မှာပါ။
ဘဏ္ဍာအခြေအနေကြောင့် အမှတ်လျှော့ပြစ်ဒဏ်ချခံရပြီး
ပိုင်ရှင်မရှိသေးဘဲနဲ့ ဆက်လက်လျှောက်လှမ်းနေရပေမယ့်
ရွန်နီးရဲ့ကွင်းဘေးက ဦးဆောင်ပေးမှုနဲ့ ဒါဘီဟာ နောက်ဆုံးရနိုင်မယ့်
၁၂ မှတ်ထဲက ၁၀ မှတ်စုဆောင်းနိုင်ခဲ့တာပါ။
သူတို့ရဲ့လက်ရှိခြေစွမ်းဟာ အခုချိန်မှာ ဇယားအထက်ပိုင်း
ဘယ်ပြိုင်ဘက်ကိုမဆို ခက်ခဲစေပါလိမ့်မယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ချန်ပီယံရှစ်မှာ တွေ့ခဲ့တုန်းကတော့
ကိုဗင်ထရီကွင်းမှာပဲ ရွန်နီရဲ့ဒါဘီဟာ နောက်ကျဂိုးနဲ့ အမှတ်ခွဲယူနိုင်ခဲ့ပါတယ်။
လက်ရှိမှာလည်း ကိုဗင်ထရီဟာ အိမ်ကွင်းနောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာနိုင်ခဲ့တာပါ။
ဒါကြောင့် ရွန်နီရဲ့အသင်းအနေနဲ့ ပြန်ကန်ပွဲမရှိတော့တဲ့ဒီအဆင့်မှာ
မိနစ် ၉၀ အတွင်း အနိမ့်ဆုံးမရှုံးအောင် ကစားနိုင်စွမ်းရှိပါတယ်။
zawgyi
ခ်န္ပီယံရွစ္က အရွိန္အတိုင္း အက္ဖ္ေအဖလားမွာ ဆက္သြားမယ့္ ႐ြန္နီရဲ႕ဒါဘီ
ကိုဗင္ထရီ vs ဒါဘီ – အက္ဖ္ေအဖလားတတိယအဆင့္ ပြဲႀကိဳ
အက္ဖ္ေအးဖလားတတိယအဆင့္မွာ ႐ြန္နီရဲ႕ဒါဘီဟာ သူတို႔လိုပဲ
ခ်န္ပီယံရွစ္အသင္းျဖစ္တဲ့ ကိုဗင္ထရီကို အေဝးကြင္းသြားေရာက္ရင္ဆိုင္ရမွာပါ။
ႏွစ္သင္းစလုံးက ဒီရာသီခ်န္ပီယံရွစ္မွာ မတူညီတဲ့အေျခအေနရွိခဲ့ၾကပါတယ္။
ကိုဗင္ထရီဟာ မၾကာေသးခင္ပြဲေတြမွာ ေတာက္ေလွ်ာက္ႏိုင္ပြဲမေပ်ာက္ခင္အထိ
တန္းတက္တစ္ေနရာအတြက္ စိန္ေခၚႏိုင္ခဲ့တာပါ။
ဇယားေအာက္ေျခကဒါဘီကေတာ့ ေနာက္ဆုံး ၄ ပြဲဆက္ရႈံးပြဲမရွိ
ကစားႏိုင္ခဲ့တာေၾကာင့္ တန္းဆင္းဇုန္အထက္က
အသင္းနဲ႔ ၁၁ မွတ္အကြာကို ေရာက္လာပါတယ္။
ဒီလိုအရွိန္ရေနတာေၾကာင့္ သူ႔စိတ္တိုင္းက်ဆို ႐ြန္နီဟာ
အခုစေန၊တနဂၤေႏြမွာ ခ်န္ပီယံရွစ္ပြဲပဲ ကစားခ်င္မွာပါ။
ဘ႑ာအေျခအေနေၾကာင့္ အမွတ္ေလွ်ာ့ျပစ္ဒဏ္ခ်ခံရၿပီး
ပိုင္ရွင္မရွိေသးဘဲနဲ႔ ဆက္လက္ေလွ်ာက္လွမ္းေနရေပမယ့္
႐ြန္နီးရဲ႕ကြင္းေဘးက ဦးေဆာင္ေပးမႈနဲ႔ ဒါဘီဟာ ေနာက္ဆုံးရႏိုင္မယ့္
၁၂ မွတ္ထဲက ၁၀ မွတ္စုေဆာင္းႏိုင္ခဲ့တာပါ။
သူတို႔ရဲ႕လက္ရွိေျခစြမ္းဟာ အခုခ်ိန္မွာ ဇယားအထက္ပိုင္း
ဘယ္ၿပိဳင္ဘက္ကိုမဆို ခက္ခဲေစပါလိမ့္မယ္။
ၿပီးခဲ့တဲ့ေအာက္တိုဘာ ခ်န္ပီယံရွစ္မွာ ေတြ႕ခဲ့တုန္းကေတာ့
ကိုဗင္ထရီကြင္းမွာပဲ ႐ြန္နီရဲ႕ဒါဘီဟာ ေနာက္က်ဂိုးနဲ႔ အမွတ္ခြဲယူႏိုင္ခဲ့ပါတယ္။
လက္ရွိမွာလည္း ကိုဗင္ထရီဟာ အိမ္ကြင္းေနာက္ဆုံး ၆ ပြဲမွာ ၁ ပြဲသာႏိုင္ခဲ့တာပါ။
ဒါေၾကာင့္ ႐ြန္နီရဲ႕အသင္းအေနနဲ႔ ျပန္ကန္ပြဲမရွိေတာ့တဲ့ဒီအဆင့္မွာ
မိနစ္ ၉၀ အတြင္း အနိမ့္ဆုံးမရႈံးေအာင္ ကစားႏိုင္စြမ္းရွိပါတယ္။