ချန်ပီယံရှစ်မှာ ကစားရမယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးကြောင်း ဝန်ခံလိုက်တဲ့ ဝီလ်ရှီးယား

အာဆင်နယ်ကြယ်ပွင့်ဟောင်းဂျက်ဝီလ်ရှီးယားက အင်္ဂလန်ဒုတိယတန်းဖြစ်တဲ့ ချန်ပီယံရှစ်မှာ သူကစားရမယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

ဝက်စ်ဟမ်းကစားသမားဟောင်းလည်းဖြစ်တဲ့ ဝီလ်ရှီးယားဟာ အခုသီတင်းပတ်ထဲမှာပဲ ချန်ပီယံရှစ်ကလပ်ဘုန်းမောက်အသင်းကို ပြန်လည်ပြောင်းရွှေ့သွားခဲ့တာပါ။

သူ့ကစားသမားဘဝရဲ့အကောင်းဆုံးအခိုက်အတန့်တွေထဲက တစ်ခုကို စွမ်းဆောင်ပြသနိုင်ခဲ့တဲ့ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုနီးပါးအကြာမှာလို့ ဆိုရင်လည်း မမှားပါဘူး။

၂၀၁၁ ဖေဖော်ဝါရီမှာ ဂွါဒီယိုလာရဲ့ဘာစီလိုနာနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကစားတော့  ပြိုင်ဘက် ဇာဗီနဲ့အင်နီယေစတာတို့ပါတဲ့ ကွင်းလယ်မှာ ဝီလ်ရှီးယားဟာ စိုးမိုးကစားနိုင်ခဲ့ပြီး ပထမအကျော့ အာဆင်နယ်အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။

အဲဒီအချိန်က ဝီလ်ရှီယားကို အလားအလာအကောင်းဆုံးသူတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၃၄ ပွဲကစားပေးနိုင်ခဲ့တာပါ။

ဒါပေမဲ့ မကြာခဏဖြစ်ပွားခဲ့တဲ့ ခြေချင်းဝတ်ဒဏ်ရာပြသနာတွေက ဝီလ်ရှီးယားရဲ့အာဆင်နယ်ကစားသမားဘဝကို အနှောင့်အယှက်ပေးခဲ့လို့ ဖြစ်သင့်သလောက်ဖြစ်မလာဘဲ ကံဆိုးခဲ့ရပါတယ်။

အဲဒီကနေမှ ဝက်စ်ဟမ်းကိုပြောင်းသွားခဲ့ရတာဖြစ်ပြီး ဝက်စ်ဟမ်းမှာလည်း ထင်သလောက်အဆင်မပြေခဲ့ဘဲ ပြီးခဲ့တဲ့အောက်တိုဘာလမှာ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီနောက် ၂၉ နှစ်အရွယ် ဝီလ်ရှီးယားဟာ အသင်းလက်မဲ့ဖြစ်နေခဲ့ပြီး ကြံ့ခိုင်မှုရှိနေအောင်အတွက် သူ့နေအိမ်အနီးအနားက ပန်းခြံတစ်ခုမှာ တစ်ယောက်တည်းလေ့ကျင့်နေခဲ့တာပါ။

အခုသီတင်းပတ်မှာမှ တစ်ချိန်က သူအငှားသွားကစားဖူးတဲ့ ဘုန်းမောက်အသင်းကို ပြန်လည်ပြောင်းရွှေ့နိုင်ခဲ့တာပါ။

”ချန်ပီယံရှစ်မှာ တစ်ခါမှ မကစားဖူးသလို အရင်ကလည်း တန်းတက်ဖို့ တစ်ခါမှကြိုးစားရတာ မရှိဖူးဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကသာ ချန်ပီယံရှစ်ကစားဖို့ လာမေးရင် နိုးလို့ပဲ ဖြေမှာပါ။ ချန်ပီယံရှစ်မှာကစားဖို့ တစ်ခါမှတောင် မတွေးခဲ့ဖူးဘူး”လို့ ဝီလ်ရှီယားက ဆိုခဲ့တာပါ။

Zawgyi

ခ်န္ပီယံရွစ္မွာ ကစားရမယ္လုိ႔ ဘယ္တုန္းကမွ မေတြးမိခဲ့ဖူးေၾကာင္း ၀န္ခံလိုက္တဲ့ ၀ီလ္ရွီးယား

အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဂ်က္၀ီလ္ရွီးယားက အဂၤလန္ဒုတိယတန္းျဖစ္တဲ့ ခ်န္ပီယံရွစ္မွာ သူကစားရမယ္လုိ႔ ဘယ္တုန္းကမွ မေတြးမိခဲ့ဖူးေၾကာင္း ၀န္ခံေျပာၾကားလုိက္ပါတယ္။

၀က္စ္ဟမ္းကစားသမားေဟာင္းလည္းျဖစ္တဲ့ ၀ီလ္ရွီးယားဟာ အခုသီတင္းပတ္ထဲမွာပဲ ခ်န္ပီယံရွစ္ကလပ္ဘုန္းေမာက္အသင္းကို ျပန္လည္ေျပာင္းေရႊ႕သြားခဲ့တာပါ။

သူ႔ကစားသမားဘ၀ရဲ႕အေကာင္းဆုံးအခုိက္အတန္႔ေတြထဲက တစ္ခုကို စြမ္းေဆာင္ျပသႏိုင္ခဲ့တဲ့ လြန္ခဲ့တဲ့ဆယ္စုႏွစ္တစ္ခုႏီးပါးအၾကာမွာလုိ႔ ဆုိရင္လည္း မမွားပါဘူး။

၂၀၁၁ ေဖေဖာ္၀ါရီမွာ ဂြါဒီယိုလာရဲ႕ဘာစီလုိနာနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကစားေတာ့  ၿပိဳင္ဘက္ ဇာဗီနဲ႔အင္နီေယစတာတုိ႔ပါတဲ့ ကြင္းလယ္မွာ ၀ီလ္ရွီးယားဟာ စိုးမုိးကစားႏိုင္ခဲ့ၿပီး ပထမအေက်ာ့ အာဆင္နယ္အႏုိင္ရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာပါ။

အဲဒီအခ်ိန္က ၀ီလ္ရွီယားကို အလားအလာအေကာင္းဆုံးသူတစ္ေယာက္အျဖစ္ သတ္မွတ္္ခဲ့ၾကၿပီး အဂၤလန္လက္ေရြးစင္အသင္းအတြက္လည္း ၃၄ ပြဲကစားေပးႏိုင္ခဲ့တာပါ။

ဒါေပမဲ့ မၾကာခဏျဖစ္ပြားခဲ့တဲ့ ေျခခ်င္း၀တ္ဒဏ္ရာျပသနာေတြက ၀ီလ္ရွီးယားရဲ႕အာဆင္နယ္ကစားသမားဘ၀ကို အေႏွာင့္အယွက္ေပးခဲ့လုိ႔ ျဖစ္သင့္သေလာက္ျဖစ္မလာဘဲ ကံဆုိးခဲ့ရပါတယ္။

အဲဒီကေနမွ ၀က္စ္ဟမ္းကိုေျပာင္းသြားခဲ့ရတာျဖစ္ၿပီး ၀က္စ္ဟမ္းမွာလည္း ထင္သေလာက္အဆင္မေျပခဲ့ဘဲ ၿပီးခဲ့တဲ့ေအာက္တိုဘာလမွာ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ပါတယ္။

အဲဒီေနာက္ ၂၉ ႏွစ္အရြယ္ ၀ီလ္ရွီးယားဟာ အသင္းလက္မဲ့ျဖစ္ေနခဲ့ၿပီး ႀကံ႕ခိုင္မႈရွိေနေအာင္အတြက္ သူ႔ေနအိမ္အနီးအနားက ပန္းၿခံတစ္ခုမွာ တစ္ေယာက္တည္းေလ့က်င့္ေနခဲ့တာပါ။

အခုသီတင္းပတ္မွာမွ တစ္ခ်ိန္က သူအငွားသြားကစားဖူးတဲ့ ဘုန္းေမာက္အသင္းကို ျပန္လည္ေျပာင္းေရႊ႕ႏိုင္ခဲ့တာပါ။

”ခ်န္ပီယံရွစ္မွာ တစ္ခါမွ မကစားဖူးသလို အရင္ကလည္း တန္းတက္ဖုိ႔ တစ္ခါမွႀကိဳးစားရတာ မရွိဖူးဘူး။ လြန္ခ့ဲတဲ့ ၁၀ ႏွစ္ကသာ ခ်န္ပီယံရွစ္ကစားဖို႔ လာေမးရင္ ႏိုးလို႔ပဲ ေျဖမွာပါ။ ခ်န္ပီယံရွစ္မွာကစားဖို႔ တစ္ခါမွေတာင္ မေတြးခဲ့ဖူးဘူး”လို႔ ၀ီလ္ရွီယားက ဆုိခဲ့တာပါ။