ချန်ပီယံလိဂ်ကထွက်လိုက်ရတာဟာ ယူနိုက်တက်အတွက် ဘဏ္ဍာရေး ကျဆုံးခန်းပါပဲ…ကစားသမားသစ်ခေါ်ယူရေးကိုပါ ထိခိုက်လာနိုင်ပြီ။ ဒီတစ်ခါတော့ #OleOut

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်လိုက်ရတာဟာ သူတို့ရဲ့ဘဏ္ဍာရေးအခြေအနေကို ဆိုးရွားစွာထိခိုက်စေတော့မယ်လို့ သိရပါတယ်။ ဒါဟာ ကိုဗစ်ကပ်ဘေးကြောင့် ကွင်းဝင်ကြေးတွေအပြင် အခြားသောဝင်ငွေတွေလျော့ကျလို့ ကလပ်စီးပွားရေးကို ထိခိုက်နေချိန်မှာ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း အဖြစ်မျိုးကြုံရ လိုမျိုးဘဲလို့လည်း ဆိုကြပါတယ်။

မန်ယူဟာ မနေ့ညက လိုက်ပ်ဇစ်ကို ဂျာမနီမြေမှာ ၃-၂ နဲ့ရှုံးပြီးတဲ့နောက် အုပ်စုအဆင့်ကနေထွက်ဖို့ သေချာသွားခဲ့ပြီး ယူရိုပါလိဂ်ကို ၃၂ သင်းအဆင့်ကနေ စတင်ကစားရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ယူရိုပါလိဂ်နဲ့ ချန်ပီယံလိဂ်တို့ရဲ့ဆုကြေးငွေဟာ မိုးနဲ့မြေလိုကွာခြားတာကြောင့် မန်ယူဟာဝင်ငွေတိုးပွားမှု ထင်သလောက်ရှိတော့မှာမဟုတ်ဘဲ ဒါဟာကစားသမားသစ်ခေါ်ယူရေးကိုပါ ထိခိုက်လာနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

မန်ယူဟာ လိုက်ပ်ဇစ်နဲ့ပွဲမှာ တစ်မှတ်ရရင်တောင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုတက်မှာဖြစ်ပြီး ဆုကြေးကလည်း လက်ရှိမှာတင်ပေါင် ၉.၅ သန်းရရှိမှာပါ။ ဒါဟာ အုပ်စုအဆင့်ကနေတက်သွားတဲ့အခြေအနေသာဖြစ်ပြီးနောက်အဆင့်တွေထပ်ရောက်ရင်ရမယ့်ဆုကြေးတွေမပါသေးပါဘူး။

ယူရိုပါလိဂ်မှာ ဗိုလ်စွဲအောင်ကစားနိုင်ခဲ့မယ်ဆိုရင်တောင်မှ ဆုကြေးကပေါင် ၈.၅ သန်းသာရမှာဖြစ်လို့ ချန်ပီယံလိဂ်အုပ်စုကကျွတ်ရင်ရမယ့် ပမာဏထက်ပေါင် ၁ သန်းနီးပါးပိုနည်းနေသေးတာပါ။

ချန်ပီယံလိဂ်မှာ အုပ်စုကကျော်ပြီး ကွာတားတက်ခဲ့ရင် ပေါင် (၁၀.၅) သန်းအထိရမှာဖြစ်ပြီး ဆီမီးတက်ခဲ့ရင်ပေါင် ၁၁ သန်းထပ်ရမှာပါ။

မန်ယူဟာ ချန်ပီယံလိဂ်ဖလားကို ၂၀၀၈ ကနောက်ဆုံးရခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဗိုလ်စွဲတဲ့အသင်းက ပေါင် ၁၇.၃ သန်း အသားတင်ရမယ့်အပြင် အခြားဆုကြေးတွေ၊ ပရိသတ်ပြန်ပါလာရင် ရမယ့်ကွင်းဝင်ကြေးတွေကိုပါထပ်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိဖြစ်ပျက်မှုဟာ မန်ယူကိုငွေကြေးများစွာလျော့ပါးသွားစေမှာဖြစ်ပါတယ်။

ဒါပေမယ့်မန်ယူအသင်း အုပ်စုအဆင့်ကနေထွက်ရမှုဟာ လက်ရှိအဓိက စပွန်ဆာတွေဖြစ်တဲ့ Adidas ၊ Chevrolet တို့နဲ့သဘောတူညီထားချက်ကတွေကိုတော့ ထိခိုက်စေမှာမဟုတ်ပါဘူး။ မန်ယူဟာ ဒီရာသီအတွက်ချန်ပီယံလိဂ် ဝင်ခွင့်မရရင် Adidas ဆီကနေရတဲ့ တစ်နှစ်ပေါင် ၇၅ သန်းက ၂၅ သန်းလျော့သွားမှာဖြစ်ပေမယ့် အုပ်စုအဆင့်ကနေထွက်ရမှုနဲ့မဆိုင်တဲ့အတွက် ပုံမှန်အတိုင်းဘဲ ၇၅ သန်းရနေဦးမှာပါ။

မန်ယူဟာ ပြီးခဲ့တဲ့လကထုတ်ပြန်လိုက်တဲ့ ပထမ ၄ လပတ်ဘဏ္ဍာရေးရှင်းတမ်းမှာ ဝင်ငွေပေါင် ၁၀၉ သန်းရခဲ့ပေမယ့် အရင်နှစ်ကထက်စာရင် ၁၉.၅ ရာခိုင်နှုန်းလျော့ကျသွားခဲ့ပါတယ်။။ ဒါ့အပြင် ပရိသတ်မပါဘဲကစားနေရတဲ့အတွက် ကွင်းဝင်ကြေးပေါင် ၁.၇ သန်းထပ်ဆုံးရှုံးခဲ့ပြီး အခြားစီးပွားရေးပိုင်းကနေရတဲ့ဝင်ငွေကလည်း ၂၅.၇ ရာခိုင်နှုန်းကျဆင်းသွားကာ ပေါင် ၅၉.၇ သန်းသာရှိခဲ့ပါတယ်။ ဒါတွေအားလုံးဟာ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ဘေးကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္ကထြက္လိုက္ရတာဟာ ယူႏိုက္တက္အတြက္ ဘ႑ာေရး က်ဆံုးခန္းပါပဲ…ကစားသမားသစ္ေခၚယူေရးကိုပါ ထိခိုက္လာႏိုင္ၿပီ။ ဒီတစ္ခါေတာ့ #OleOut

မန္ယူအသင္း ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကေန ထြက္လိုက္ရတာဟာ သူတို႔ရဲ႕ဘ႑ာေရးအေျခအေနကို ဆိုး႐ြားစြာထိခိုက္ေစ
ေတာ့မယ္လို႔ သိရပါတယ္။ ဒါဟာ ကိုဗစ္ကပ္ေဘးေၾကာင့္ ကြင္းဝင္ေၾကးေတြအျပင္ အျခားေသာဝင္ေငြေတြေလ်ာ့က်လို႔ ကလပ္စီးပြားေရးကို ထိခိုက္ေနခ်ိန္မွာ ႏူရာဝဲစြဲ၊ လဲရာသူခိုးေထာင္း အျဖစ္မ်ိဳးႀကဳံရ လိုမ်ိဳးဘဲလို႔လည္း ဆိုၾကပါတယ္။ မန္ယူဟာ မေန႔ညက လိုက္ပ္ဇစ္ကို ဂ်ာမနီေျမမွာ ၃-၂ နဲ႔ရႈံးၿပီးတဲ့ေနာက္ အုပ္စုအဆင့္ကေနထြက္ဖို႔ ေသခ်ာသြားခဲ့ၿပီး ယူ႐ိုပါလိဂ္ကို ၃၂ သင္းအဆင့္ကေန စတင္ကစားရေတာ့မွာျဖစ္ပါတယ္။ ဒါေပမယ့္ ယူ႐ိုပါလိဂ္နဲ႔ ခ်န္ပီယံလိဂ္တို႔ရဲ႕ဆုေၾကးေငြဟာ မိုးနဲ႔ေျမလိုကြာျခားတာေၾကာင့္ မန္ယူဟာဝင္ေငြတိုးပြားမႈ ထင္သေလာက္ရွိေတာ့မွာမဟုတ္ဘဲ ဒါဟာကစားသမားသစ္ေခၚယူေရးကိုပါ ထိခိုက္လာႏိုင္တဲ့အထိ ျဖစ္ႏိုင္ပါတယ္။

မန္ယူဟာ လိုက္ပ္ဇစ္နဲ႔ပြဲမွာ တစ္မွတ္ရရင္ေတာင္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကိုတက္မွာျဖစ္ၿပီး ဆုေၾကးကလည္း လက္ရွိမွာတင္ေပါင္ ၈.၅ သန္းရရွိမွာပါ။ ဒါဟာ အုပ္စုအဆင့္ကေနတက္သြားတဲ့အေျခအေနသာျဖစ္ၿပီးေနာက္အဆင့္ေတြထပ္ေရာက္ရင္ရမယ့္ဆုေၾကးေတြမပါေသးပါဘူး။ ယူ႐ိုပါလိဂ္မွာ ဗိုလ္စြဲေအာင္ကစားႏိုင္ခဲ့မယ္ဆိုရင္ေတာင္မွ ဆုေၾကးကေပါင္ ၇.၇ သန္းသာရမွာျဖစ္လို႔ ခ်န္ပီယံလိဂ္အုပ္စုကကြၽတ္ရင္ရမယ့္ ပမာဏထက္ေပါင္ ၁ သန္းနီးပါးပိုနည္းေနေသးတာပါ။

ခ်န္ပီယံလိဂ္မွာ အုပ္စုကေက်ာ္ၿပီး ကြာတားတက္ခဲ့ရင္ ေပါင္ (၉.၅) သန္းအထိရမွာျဖစ္ၿပီး ဆီမီးတက္ခဲ့ရင္ေပါင္ ၁၁ သန္းထပ္ရမွာပါ။ မန္ယူဟာ ခ်န္ပီယံလိဂ္ဖလားကို ၂၀၀၈ ကေနာက္ဆုံးရခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဗိုလ္စြဲတဲ့အသင္းက ေပါင္ ၁၇.၃ သန္း အသားတင္ရမယ့္အျပင္ အျခားဆုေၾကးေတြ၊ ပရိသတ္ျပန္ပါလာရင္ ရမယ့္ကြင္းဝင္ေၾကးေတြကိုပါထပ္ရဦးမွာျဖစ္ပါတယ္။ ဒါေၾကာင့္ လက္ရွိျဖစ္ပ်က္မႈဟာ မန္ယူကိုေငြေၾကးမ်ားစြာေလ်ာ့ပါးသြားေစမွာျဖစ္ပါတယ္။ ဒါေပမယ့္မန္ယူအသင္း အုပ္စုအဆင့္ကေနထြက္ရမႈဟာ လက္ရွိအဓိက စပြန္ဆာေတြျဖစ္တဲ့ Adidas ၊ Chevrolet တို႔နဲ႔သေဘာတူညီထားခ်က္ကေတြကိုေတာ့ ထိခိုက္ေစမွာမဟုတ္ပါဘူး။ မန္ယူဟာ ဒီရာသီအတြက္ခ်န္ပီယံလိဂ္ ဝင္ခြင့္မရရင္ Adidas ဆီကေနရတဲ့ တစ္ႏွစ္ေပါင္ ၇၅ သန္းက ၂၅ သန္းေလ်ာ့သြားမွာျဖစ္ေပမယ့္ အုပ္စုအဆင့္ကေနထြက္ရမႈနဲ႔မဆိုင္တဲ့အတြက္ ပုံမွန္အတိုင္းဘဲ ၇၅ သန္းရေနဦးမွာပါ။

မန္ယူဟာ ၿပီးခဲ့တဲ့လကထုတ္ျပန္လိုက္တဲ့ ပထမ ၄ လပတ္ဘ႑ာေရးရွင္းတမ္းမွာ ဝင္ေငြေပါင္ ၁၀၉ သန္းရခဲ့ေပမယ့္ အရင္ႏွစ္ကထက္စာရင္ ၁၉.၅ ရာခိုင္ႏႈန္းေလ်ာ့က်သြားခဲ့ပါတယ္။။ ဒါ့အျပင္ ပရိသတ္မပါဘဲကစားေနရတဲ့အတြက္ ကြင္းဝင္ေၾကးေပါင္ ၁.၇ သန္းထပ္ဆုံးရႈံးခဲ့ၿပီး အျခားစီးပြားေရးပိုင္းကေနရတဲ့ဝင္ေငြကလည္း ၂၅.၇ ရာခိုင္ႏႈန္းက်ဆင္းသြားကာ
ေပါင္ ၅၉.၇ သန္းသာရွိခဲ့ပါတယ္။ ဒါေတြအားလုံးဟာ ကမာၻလုံးဆိုင္ရာ ကိုဗစ္ကပ္ေဘးေၾကာင့္ျဖစ္တယ္လို႔လည္း သိရပါတယ္။