ချန်ပီယံလိဂ်ကနေထွက်ခဲ့ရပြီးနောက် အထုတ်ခံရမယ့်နည်းပြအဖြစ် အလေးပေးမှုမှာ ဆိုးလ်ရှား ထိပ်ဆုံးက ဦးဆောင်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားကတော့ ချန်ပီယံလိဂ်ကနေထွက်ခဲ့ရပြီးနောက် ဒီရာသီပထမဆုံးထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် ဦးဆောင်နေပါတယ်။

ယူနိုက်တက်ဟာ အုပ်စုပွဲစဉ်တွေမှာရလဒ်တွေကောင်းခဲ့ပေမယ့် မနေ့ညက ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲမှာ လိုက်ပ်ဇစ်အသင်းကို ၃-၂ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး ထွက်ခွာခဲ့ရကာ ယူရိုပါလိဂ်ကို တန်းဆင်းခဲ့ရပါတယ်။

လိုက်ပ်ဇစ်အသင်းကတော့ အိမ်ကွင်းမှာယူနိုက်တက်ကိုအကောင်းဆုံးတုံ့ပြန်ခဲ့ပြီး ပထမပိုင်းမှာတင် ၂-၀ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ထားခဲ့တာဖြစ်ပါတယ်။

လောင်းကြေးဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ယခင်ကထုတ်ပယ်ခံရဖို့ ၉ လေး ၁ လေးရှိနေရာကနေ အခုအချိန်မှတော့ ၂ လေး ၁ လေးအထိဖြစ်လာခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ပိုချက်တီနိုကတော့ ယူနိုက်တက်နည်းပြဖြစ်လာဖို့ ၄ လေး ၉ လေးရှိနေပြီး ဘရန်ဒန်ရော်ဂျာကတော့ ယခင်က ၁၈ လေး ၁ လေးကနေ ၉ လေး ၁ လေးဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီပထမပိုင်းပွဲကစားချိန်အတွင်း အထနှေးမှုတွေရှိနေခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ဝက်စ်ဘရွန်းကို ၁-၀ ဂိုးနဲ့အနိုင်ရရရှိပြီးနောက် နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိနောက်ကနေ လိုက်ကစားပြီး အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီအိုးထရက်ဖို့ဒ်မှာ ရလဒ်တွေမကောင်းဘဲ ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်မှာဆက်ရှိဖို့ဆိုရင် ရလဒ်ကောင်းတွေရယူနိုင်ဖို့ လိုအပ်နေပါတယ်။

ဆိုးလ်ရှားရဲ့နောက်မှာတော့ ရှက်ဖီးလ်ယူနိုက်တက်နည်းပြ ခရစ္စဝိုင်လ်ဒါက အဖွင့်ပွဲ ၁၁ ပွဲမှာ ၁ မှတ်ပဲရယူနိုင်ခဲ့ပြီး ၁၁ လေး ၄ လေး နဲ့ ရပ်တည်နေပါတယ်။ ဒ့ါအပြင် ဝက်စ်ဘရွန်းနည်းပြ ဘီလစ်ကလည်း တန်းတက်လာပြီးနောက် ရုန်းကန်နေခဲ့ရတာကြောင့် အထုတ်ပယ်ခံရမယ့် တတိယနေရာမှာ ၄ လေး ၁ လေးနဲ့ရပ်တည်နေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကလည်း ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၁၃ မှတ်သာရယူနိုင်ခဲ့တာကြောင့် ၁၁ လေး ၂ လေး နဲ့ ထုတ်ပယ်ခံရမယ့် ၄ ယောက်နည်းပြနေရာမှာ ရပ်တည်နေပါတယ်။ ဖူလ်ဟမ်နည်းပြ စကော့တ်ပါကားကလည်း ၁၅ လေး ၂ လေးနဲ့ နောက်ထပ်ထုတ်ပယ်ခံရမယ့်နည်းပြအဖြစ်ရှိနေပါတယ်။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ အခုလာမယ့်စနေနေ့မှာ မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီကို ဆင်နွှဲရမှာဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ အင်္ဂါနေ့ကအရှုံးဟာ သူ့မှာတာဝန်အပြည့်ရှိနေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။နည်းပြတစ်ဦးအနေနဲ့ ရလဒ်ပိုင်းအတွက် အသင့်ရှိနေပါတယ်။ ၂ ဂိုးပေးလိုက်ရတာက တော်တော်ဆိုးပါတယ်။

ဒုတိယပိုင်းမှာ ပြန်လာနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ သူတို့က အကောင်းဆုံးစွမ်းဆောင်ခဲ့ပါတယ်”လို့ ဆိုးလ်ရှားက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္ကေနထြက္ခဲ့ရျပီးေနာက္ အထုတ္ခံရမယ့္နည္းျပအျဖစ္ အေလးေပးမႈမွာ ဆုိးလ္ရွား ထိပ္ဆံုးက ဦးေဆာင္ေန

ယူႏုိက္တက္အသင္းနည္းျပ ဆိုးလ္ရွားကေတာ့ ခ်န္ပီယံလိဂ္ကေနထြက္ခဲ့ရျပီးေနာက္ ဒီရာသီပထမဆံုးထုတ္ပယ္ခံရမယ့္နည္းျပအျဖစ္ ဦးေဆာင္ေနပါတယ္။ ယူႏိုက္တက္ဟာ အုပ္စုပြဲစဥ္ေတြမွာရလဒ္ေတြေကာင္းခဲ့ေပမယ့္ မေန႔ညက ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆံုးပြဲမွာ လိုက္ပ္ဇစ္အသင္းကို ၃-၂ ဂိုးနဲ႔အေရးနိမ့္ခဲ့ျပီး ထြက္ခြာခဲ့ရကာ ယူရိုပါလိဂ္ကို တန္းဆင္းခဲ့ရပါတယ္။

လိုက္ပ္ဇစ္အသင္းကေတာ့ အိမ္ကြင္းမွာယူႏုိက္တက္ကိုအေကာင္းဆံုးတံု႔ျပန္ခဲ့ျပီး ပထမပိုင္းမွာတင္ ၂-၀ ဂိုးနဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ထားခဲ့တာျဖစ္ပါတယ္။

ေလာင္းေၾကး၀က္ဘ္ဆိုက္ရဲ႕ေဖာ္ျပခ်က္အရ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ယခင္ကထုတ္ပယ္ခံရဖို႔ ၉ ေလး ၁ ေလးရွိေနရာကေန အခုအခ်ိန္မွေတာ့ ၂ ေလး ၁ ေလးအထိျဖစ္လာခဲ့တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ပိုခ်က္တီႏိုကေတာ့ ယူႏိုက္တက္နည္းျပျဖစ္လာဖို႔ ၄ ေလး ၉ ေလးရွိေနျပီး ဘရန္ဒန္ေရာ္ဂ်ာကေတာ့ ယခင္က ၁၈ ေလး ၁ ေလးကေန ၉ ေလး ၁ ေလးျဖစ္လာခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ဒီရာသီပထမပိုင္းပြဲကစားခ်ိန္အတြင္း အထေႏွးမႈေတြရွိေနခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ အိမ္ကြင္းမွာ ၀က္စ္ဘရြန္းကို ၁-၀ ဂိုးနဲ႔အႏိုင္ရရရွိျပီးေနာက္ ေနာက္ဆံုး ၄ ပြဲမွာ ၃ ပြဲအထိေနာက္ကေန လိုက္ကစားျပီး အဆင့္ ၆ ေနရာမွာ ရပ္တည္ေနပါတယ္။

ယူႏိုက္တက္ဟာ ဒီရာသီအိုးထရက္ဖို႔ဒ္မွာ ရလဒ္္ေတြမေကာင္းဘဲ ဆုိးလ္ရွားအေနနဲ႔ ယူႏိုက္တက္မွာဆက္ရွိဖို႔ဆိုရင္ ရလဒ္ေကာင္းေတြရယူႏုိင္ဖို႔ လိုအပ္ေနပါတယ္။ ဆိုးလ္ရွားရဲ႕ေနာက္မွာေတာ့ ရွက္ဖီးလ္ယူႏိုက္တက္နည္းျပ ခရစၥ၀ိုင္လ္ဒါက အဖြင့္ပြဲ ၁၁ ပြဲမွာ ၁ မွတ္ပဲရယူႏုိင္ခဲ့ျပီး ၁၁ ေလး ၄ ေလး နဲ႔ ရပ္တည္ေနပါတယ္။ ဒ့ါအျပင္ ၀က္စ္ဘရြန္းနည္းျပ ဘီလစ္ကလည္း တန္းတက္လာျပီးေနာက္ ရုန္းကန္ေနခဲ့ရတာေၾကာင့္ အထုတ္ပယ္ခံရမယ့္ တတိယေနရာမွာ ၄ ေလး ၁ ေလးနဲ႔ရပ္တည္ေနပါတယ္။

အာဆင္နယ္နည္းျပ အာတီတာကလည္း ပရီးမီးယားလိဂ္ ၁၁ ပြဲမွာ ၁၃ မွတ္သာရယူႏိုင္ခဲ့တာေၾကာင့္ ၁၁ ေလး ၂ ေလး နဲ႔ ထုတ္ပယ္ခံရမယ့္ ၄ ေယာက္နည္းျပေနရာမွာ ရပ္တည္ေနပါတယ္။ ဖူလ္ဟမ္နည္းျပ စေကာ့တ္ပါကားကလည္း ၁၅ ေလး ၂ ေလးနဲ႔ ေနာက္ထပ္ထုတ္ပယ္ခံရမယ့္နည္းျပအျဖစ္ရွိေနပါတယ္။ ဆိုးလ္ရွားရဲ႕ ယူႏိုက္တက္အသင္းဟာ အခုလာမယ့္စေနေန႔မွာ မန္စီးတီးအသင္းနဲ႔ မန္ခ်က္စတာဒါဘီကို ဆင္ႏႊဲရမွာျဖစ္ပါတယ္။

ဆိုးလ္ရွားကေတာ့ အဂၤါေန႔ကအရံႈးဟာ သူ႕မွာတာ၀န္အျပည့္ရွိေနတယ္လို႔ ၀န္ခံေျပာၾကားခဲ့ပါတယ္။ “ကြ်န္ေတာ္တို႔ အသင္းတစ္သင္းအေနနဲ႔ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။နည္းျပတစ္ဦးအေနနဲ႔ ရလဒ္ပို္င္းအတြက္ အသင့္ရွိေနပါတယ္။ ၂ ဂိုးေပးလိုက္ရတာက ေတာ္ေတာ္ဆုိးပါတယ္။ ဒုတိယပိုင္းမွာ ျပန္လာႏိုင္ဖို႔ နီးစပ္ခဲ့ပါတယ္။ သူတို႔က အေကာင္းဆံုးစြမ္းေဆာင္ခဲ့ပါတယ္”လို႔ ဆိုးလ္ရွားက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။