ချန်ပီယံလိဂ်မှာ လူစားဝင်လာပြီး အမြန်ဆုံးဟက်ထရစ်ရတဲ့စံချိန်မှာ အမ်ဘတ်ပီကို သာသွားတဲ့ ရက်ရှ်ဖို့ဒ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒီရာသီ အိုးလ်ထရက်ဖို့ဒ်မှာ ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့တဲ့ မန်ယူအသင်းအတွက် ဂိုးသွင်းသူရဲကောင်းဖြစ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီထက်သာလွန်တဲ့ မှတ်တမ်းစံချိန်သစ်တစ်ခုကိုလည်း စိုက်ထူနိုင်ခဲ့ပါတယ်။

မန်ယူအသင်းအတွက် မိနစ် ၇၀ နီးပါးမှ လူစားဝင်လာခဲ့ပြီး ဟက်ထရစ်ရ ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အရန်ခုံကထလာပြီး ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ဒုတိယ မြောက် မန်ယူကစားသမားအဖြစ် လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့နောက်မှာ မှတ်တမ်းဝင်ခဲ့သလို ချန်ပီယံလိဂ်မှာဆိုရင်လည်း လူစားဝင်လာပြီး အမြန်ဆုံးဟက်ထ ရစ်ရတဲ့စံချိန်သစ်ကို တင်နိုင်ခဲ့တာပါ။

ရက်ရှ်ဖို့ဒ်ဟာ ပွဲချိန် ၆၅ မိနစ်ဝန်းကျင်မှာ အဖွင့်ဂိုးသွင်းထားတဲ့ ဂရင်းဝုဒ်အစား လူစားဝင်လာခဲ့တာဖြစ်ပြီး ၇၄ မိနစ်၊ ၇၈ မိနစ်နဲ့ ၉၂ မိနစ်တွေမှာ ဂိုးတွေဆက်တိုက် ဟက်ထရစ်သွင်းယူသွားခဲ့တာလည်း ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ပထမဂိုး

ပွဲချိန် ၇၄ မိနစ်မှာ လိုက်ပ်ဇစ်ကွင်းလယ်က အိုမို နဲ့ တိုက်စစ်က ပိုးစန့် တို့နှစ်ဦးကို ပေါ့ဘာ နဲ့ ဖရက် တို့ရဲ့ ဟန့်တားပုံကနေတစ်ဆင့် ရရှိလာတဲ့ ဘောလုံးကို ဖာနန်ဒက် က လိုက်ပ်ဇစ်ခံစစ်ကစားသမားတွေရဲ့ ကွင်းတစ်ဝက်ကျော် နေရာယူပုံကို အသုံးချပြီး ရက်ရှ်ဖို့ဒ် ရဲ့ ပြေးလမ်းကြောင်းအတိုင်း ပေးပို့ခဲ့ပါတယ်။ရက်ရှ်ဖို့ဒ် က တောက်လျောက်ဆွဲပြေးပြီး ဂိုးသမားနဲ့ တစ်ယောက်ခြင်းအတွေ့မှာ သွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးကို VAR နဲ့ ပြန်လည်စစ်ဆေးပြီးမှ စည်းမျဉ်းနဲ့ညီညွတ်တာကြောင့် သွင်းဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ဒုတိယဂိုး

၇၈ မိနစ်မှာ ဖရက်ဆီက ပေးပို့လိုက်တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ် ရရှိသွားခဲ့ပြီး အူပါမီကာနို ကို တစ်ဦးချင်းကျော်ဖြတ်ကာ အရှိန်ပြင်းပြင်းနဲ့ ကန်သွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးမှာ ဖရက်ရဲ့စွမ်းဆောင်ရည်ကိုလည်းအသိအမှတ်ပြုပေးရမှာပါပဲ ဆိုးလ်ရှားပြောင်းလဲထားတဲ့ ဗျူဟာမှာ တန်ပြန်တိုက်စစ် ကစားဟန်က Fred ရဲ့ လုပ်အားနှုန်းအပေါ်မှာမူတည်နေပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ တတိယဂိုး

ကစားအားကျသွားပြီဖြစ်တဲ့ လိုက်ပ်ဇစ်ခံစစ်ကစားသမားတွေကို ဖြတ်ကျော်ပြီး ၉၂ မိနစ်မှာ ဂိုးဧရိယာထဲမှာ ဘယ်တောင်ပံကနေ မာရှယ်ထိုးပေးလိုက်တဲ့ ဘောလုံးကို ညာခြေနဲ့ဖမ်းပြီး လိုက်ပ်ဇစ်ခံစစ်သမားတွေကြားက ဂိုးသမားရဲ့ညာဘက်ခြမ်းကို ကန်သွင်းယူသွားခဲ့ပြီး ဒီပွဲမှာဟက်ထရစ်ရရှိခဲ့ပါတယ်။

ကြားထဲမှာ ပင်နယ်တီကန်ခွင့်ရခဲ့ပေမယ့်လည်း ဂိုးမရသေးတဲ့အ သင်းဖော်မာရှယ်ကိုပေးကန်ခဲ့တာကြောင့် ၄ ဂိုးမဖြစ်ခဲ့ဘဲ ၃ ဂိုးသာရခဲ့တာပါ။
ပထမဆုံးဂိုးစသွင်းတဲ့ဂိုးနဲ့ ဟက်ထရစ်ရတဲ့ဂိုးတို့ကြားမှာ ကြာမြင့်ချိန်က ၂၈ မိနစ် ပဲရှိခဲ့ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီက ၃၈ မိနစ်ကြာခဲ့ပါတယ်။ ဒါကြောင့် ရက်ရှ်ဖို့ဒ်က ၁၀ မိနစ်ပိုမြန်သွားခဲ့ပြီး မှတ်တမ်းသစ်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်း ပင်နယ်တီရတဲ့အချိန်မှာ ရက်ရှ်ဖို့ဒ်က ဟက်ထရစ်မရ သေးတာကြောင့် ကန်သွင်းမယ်ဆိုရင် ဖြစ်နိုင်ပေမယ့် မကန်ခဲ့ဘဲ မာရှယ်ကို ပေး ကန်ခဲ့တာနဲ့ပတ်သက်ပြီး ဆိုးလ်ရှားက “ဒီပွဲမတိုင်ခင်ကတည်းက ပင်နယ်တီရခဲ့ ရင် မာရှယ်ကန်သွင်းဖို့ ကျွန်တော်ပြောထားခဲ့ပြီးသားပါ။

အသင်းရဲ့ပွဲထွက်ကစား သမားစာရင်းမှာ ပေါ့ဂ်ဘာနဲ့ မာရှယ် ၂ ယောက် ပါဝင်နေတဲ့အတွက် သူတို့ ၂ ယောက်ထဲက တစ်ယောက် ပင်နယ်တီကန်ခွင့်ရထားပြီး ပေါ့ဂ်ဘာကမကန်လို့ မာ ရှယ်ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်” လို့ ဆိုသွားခဲ့ပါတယ်။

မန်ယူပရိသတ်တွေ ကတော့ ဟက်ထရစ်ရမယ့်အခွင့်အရေးကို စောဒကမတက်ဘဲ နည်းပြမှာကြားတဲ့ အတိုင်း လိုက်နာဆောင်ရွက်ခဲ့တဲ့ရက်ရှ်ဖို့ဒ်ကို ချီးကျူးနေကြပြီး ရက်ရှ်ဖို့ဒ်ကိုယ်တိုင် ကလည်း မန်ယူကစားသမားဘဝတစ်လျှောက် ပထမဆုံးရရှိ တဲ့ ဟက်ထရစ်အတွက် အတိုင်းမသိဝမ်းသာနေကြောင်း သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္မွာ လူစားဝင္လာၿပီး အျမန္ဆုံးဟက္ထရစ္ရတဲ့စံခ်ိန္မွာ အမ္ဘတ္ပီကို သာသြားတဲ့ ရက္ရွ္ဖို႔ဒ္
ဒီရာသီ အိုးလ္ထရက္ဖို႔ဒ္မွာ ပထမဆုံးႏိုင္ပြဲရယူႏိုင္ခဲ့တဲ့ မန္ယူအသင္းအတြက္ ဂိုးသြင္းသူရဲေကာင္းျဖစ္ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘတ္ပီထက္သာလြန္တဲ့ မွတ္တမ္းစံခ်ိန္သစ္တစ္ခုကိုလည္း စိုက္ထူႏိုင္ခဲ့ပါတယ္။

မန္ယူအသင္းအတြက္ မိနစ္ ၇၀ နီးပါးမွ လူစားဝင္လာခဲ့ၿပီး ဟက္ထရစ္ရ ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ အရန္ခုံကထလာၿပီး ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ ဒုတိယ ေျမာက္ မန္ယူကစားသမားအျဖစ္ လက္ရွိနည္းျပ ဆိုးလ္ရွားရဲ႕ေနာက္မွာ မွတ္တမ္းဝင္ခဲ့သလို ခ်န္ပီယံလိဂ္မွာဆိုရင္လည္း လူစားဝင္လာၿပီး အျမန္ဆုံးဟက္ထ ရစ္ရတဲ့စံခ်ိန္သစ္ကို တင္ႏိုင္ခဲ့တာပါ။

ရက္ရွ္ဖို႔ဒ္ဟာ ပြဲခ်ိန္ ၆၅ မိနစ္ဝန္းက်င္မွာ အဖြင့္ဂိုးသြင္းထားတဲ့ ဂရင္းဝုဒ္အစား လူစားဝင္လာခဲ့တာျဖစ္ၿပီး ၇၄ မိနစ္၊ ၇၈ မိနစ္နဲ႔ ၉၂ မိနစ္ေတြမွာ ဂိုးေတြဆက္တိုက္ ဟက္ထရစ္သြင္းယူသြားခဲ့တာလည္း ျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ ပထမဂိုး

ပြဲခ်ိန္ ၇၄ မိနစ္မွာ လိုက္ပ္ဇစ္ကြင္းလယ္က အိုမို နဲ႔ တိုက္စစ္က ပိုးစန႔္ တို႔ႏွစ္ဦးကို ေပါ့ဘာ နဲ႔ ဖရက္ တို႔ရဲ႕ ဟန႔္တားပုံကေနတစ္ဆင့္ ရရွိလာတဲ့ ေဘာလုံးကို ဖာနန္ဒက္ က လိုက္ပ္ဇစ္ခံစစ္ကစားသမားေတြရဲ႕ ကြင္းတစ္ဝက္ေက်ာ္ ေနရာယူပုံကို အသုံးခ်ၿပီး ရက္ရွ္ဖို႔ဒ္ ရဲ႕ ေျပးလမ္းေၾကာင္းအတိုင္း ေပးပို႔ခဲ့ပါတယ္။ရက္ရွ္ဖို႔ဒ္ က ေတာက္ေလ်ာက္ဆြဲေျပးၿပီး ဂိုးသမားနဲ႔ တစ္ေယာက္ျခင္းအေတြ႕မွာ သြင္းယူခဲ့ပါတယ္။ ဒီသြင္းဂိုးကို VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးမွ စည္းမ်ဥ္းနဲ႔ညီၫြတ္တာေၾကာင့္ သြင္းဂိုးအျဖစ္သတ္မွတ္ေပးခဲ့ပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ ဒုတိယဂိုး

၇၈ မိနစ္မွာ ဖရက္ဆီက ေပးပို႔လိုက္တဲ့ ေဘာလုံးကို ရက္ရွ္ဖို႔ဒ္ ရရွိသြားခဲ့ၿပီး အူပါမီကာႏို ကို တစ္ဦးခ်င္းေက်ာ္ျဖတ္ကာ အရွိန္ျပင္းျပင္းနဲ႔ ကန္သြင္းယူခဲ့ပါတယ္။ ဒီသြင္းဂိုးမွာ ဖရက္ရဲ႕စြမ္းေဆာင္ရည္ကိုလည္းအသိအမွတ္ျပဳေပးရမွာပါပဲ ဆိုးလ္ရွားေျပာင္းလဲထားတဲ့ ဗ်ဴဟာမွာ တန္ျပန္တိုက္စစ္ ကစားဟန္က Fred ရဲ႕ လုပ္အားႏႈန္းအေပၚမွာမူတည္ေနပါတယ္။

ရက္ရွ္ဖို႔ဒ္ရဲ႕ တတိယဂိုး

ကစားအားက်သြားၿပီျဖစ္တဲ့ လိုက္ပ္ဇစ္ခံစစ္ကစားသမားေတြကို ျဖတ္ေက်ာ္ၿပီး ၉၂ မိနစ္မွာ ဂိုးဧရိယာထဲမွာ ဘယ္ေတာင္ပံကေန မာရွယ္ထိုးေပးလိုက္တဲ့ ေဘာလုံးကို ညာေျခနဲ႔ဖမ္းၿပီး လိုက္ပ္ဇစ္ခံစစ္သမားေတြၾကားက ဂိုးသမားရဲ႕ညာဘက္ျခမ္းကို ကန္သြင္းယူသြားခဲ့ၿပီး ဒီပြဲမွာဟက္ထရစ္ရရွိခဲ့ပါတယ္။

ၾကားထဲမွာ ပင္နယ္တီကန္ခြင့္ရခဲ့ေပမယ့္လည္း ဂိုးမရေသးတဲ့အ သင္းေဖာ္မာရွယ္ကိုေပးကန္ခဲ့တာေၾကာင့္ ၄ ဂိုးမျဖစ္ခဲ့ဘဲ ၃ ဂိုးသာရခဲ့တာပါ။
ပထမဆုံးဂိုးစသြင္းတဲ့ဂိုးနဲ႔ ဟက္ထရစ္ရတဲ့ဂိုးတို႔ၾကားမွာ ၾကာျမင့္ခ်ိန္က ၂၈ မိနစ္ ပဲရွိခဲ့ၿပီး ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘတ္ပီက ၃၈ မိနစ္ၾကာခဲ့ပါတယ္။ ဒါေၾကာင့္ ရက္ရွ္ဖို႔ဒ္က ၁၀ မိနစ္ပိုျမန္သြားခဲ့ၿပီး မွတ္တမ္းသစ္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ မန္ယူအသင္း ပင္နယ္တီရတဲ့အခ်ိန္မွာ ရက္ရွ္ဖို႔ဒ္က ဟက္ထရစ္မရ ေသးတာေၾကာင့္ ကန္သြင္းမယ္ဆိုရင္ ျဖစ္ႏိုင္ေပမယ့္ မကန္ခဲ့ဘဲ မာရွယ္ကို ေပး ကန္ခဲ့တာနဲ႔ပတ္သက္ၿပီး ဆိုးလ္ရွားက “ဒီပြဲမတိုင္ခင္ကတည္းက ပင္နယ္တီရခဲ့ ရင္ မာရွယ္ကန္သြင္းဖို႔ ကြၽန္ေတာ္ေျပာထားခဲ့ၿပီးသားပါ။

အသင္းရဲ႕ပြဲထြက္ကစား သမားစာရင္းမွာ ေပါ့ဂ္ဘာနဲ႔ မာရွယ္ ၂ ေယာက္ ပါဝင္ေနတဲ့အတြက္ သူတို႔ ၂ ေယာက္ထဲက တစ္ေယာက္ ပင္နယ္တီကန္ခြင့္ရထားၿပီး ေပါ့ဂ္ဘာကမကန္လို႔ မာ ရွယ္ကန္သြင္းခဲ့တာလည္း ျဖစ္ပါတယ္” လို႔ ဆိုသြားခဲ့ပါတယ္။

မန္ယူပရိသတ္ေတြ ကေတာ့ ဟက္ထရစ္ရမယ့္အခြင့္အေရးကို ေစာဒကမတက္ဘဲ နည္းျပမွာၾကားတဲ့ အတိုင္း လိုက္နာေဆာင္႐ြက္ခဲ့တဲ့ရက္ရွ္ဖို႔ဒ္ကို ခ်ီးက်ဴးေနၾကၿပီး ရက္ရွ္ဖို႔ဒ္ကိုယ္တိုင္ ကလည္း မန္ယူကစားသမားဘဝတစ္ေလွ်ာက္ ပထမဆုံးရရွိ တဲ့ ဟက္ထရစ္အတြက္ အတိုင္းမသိဝမ္းသာေနေၾကာင္း သိရပါတယ္။