ချန်ပီယံလိဂ်သွင်းဂိုး ၂၀ ပြည့်စံချိန်ကို မက်ဆီ၊ ရာအူးလ်၊ ရွန်နီ၊ ဒဲလ်ပီယာရိုနဲ့ ဘန်ဇီးမားတို့ထက် ပိုငယ်ပြီးရခဲ့တဲ့ အမ်ဘတ်ပီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စံချိန်မှတ်တမ်းတွေဆိုတာ တစ်ချိန်မှာ ချိုးဖျက်ခံရဖို့ပါပဲဆိုတဲ့ ဆိုရိုးအတိုင်း ဘောလုံးလောကမှာ ဆယ်စုနှစ်တစ်ခုကျော် အကောင်းဆုံးကစားသမားအဖြစ် ရှိခဲ့တဲ့ မက်ဆီရဲ့ စံချိန်မှတ်တမ်းတစ်ခုကတော့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပီရဲ့ကျော်ဖြတ်ခြင်းကို ခံခဲ့ရပါပြီ။

အဲဒါကတော့ ချန်ပီယံလိဂ်သမိုင်းမှာ အသက်အငယ်ဆုံးနဲ့ သွင်းဂိုး ၂၀ ပြည့်မြောက်ခဲ့တဲ့စံချိန်ပဲ ဖြစ်ပါတယ်။ ဘာဆက် ဆီဟာနဲ့ပွဲမှာ ပင်နယ်တီကတစ်ဆင့် ဂိုးသွင်းယူခဲ့တဲ့ အမ်ဘတ်ပီဟာ ချန်ပီယံလိဂ် သွင်းဂိုး ၂၀ ကို အသက် ၂၁ နှစ်နဲ့ ၃၅၅ ရက်မှာ ပြည့်မြောက်ခဲ့တာဖြစ်ပြီး မက်ဆီ တုန်းက အသက် ၂၂ နှစ်နဲ့ ၂၆၇ ရက်မှာ ပြည့်မြောက်ခဲ့တာဖြစ်တဲ့အတွက် အမ်ဘတ်ပီက ရက်ပေါင်း ၂၀၀ ကျော် အသာစီးနဲ့ စံချိန်သစ်တင်သွားခဲ့တာပါ။

အမ်ဘတ်ပီဟာ ဒီစံချိန်တွေကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း ပီအက်စ်ဂျီ အသင်းအတွက် ဂိုး ၁၀၀ ပြည့်မြောက်ထားခဲ့သူလည်း ဖြစ်ပါတယ်။ အမ်ဘတ်ပီ လိုပဲ ဥရောပရဲ့ဂုဏ်သိက္ခာအမြင့်ဆုံး ကလပ်အသင်းပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၂၀ ပြည့်ခဲ့တဲ့ အသက်အငယ်ဆုံး နာမည်ကြီး ၅ ယောက်ကို ဖော်ပြရမယ် ဆိုရင်တော့…

မက်ဆီ
ချန်ပီယံလိဂ်မှာ ရာအူးလ်ရဲ့စံချိန်ကို ၂ ရက်အကွာနဲ့ မက်ဆီက ချိုးခဲ့ဖူးပါတယ်။ သူ ဟာ ၂၂ နှစ်နဲ့ ၂၆၇ ရက်မှာ စံချိန်ရေးထိုးခဲ့တာဖြစ်ပြီး ဒီစံချိန်ဟာ ဆယ်စုနှစ်နဲ့ ချီပြီး ကြာမြင့်ခဲ့ပါတယ်။

ရာအူးလ်
ရီးရဲလ်မက်ဒရစ်ရဲ့ တော်ဝင်မင်းသားတစ်ပါးဖြစ်ခဲ့တဲ့ ရာအူးလ်ဟာ ချန်ပီယံလိဂ် မှာ သွင်းဂိုး ၂၀ စံချိန်ကို အသက် ၂၂ နှစ်နဲ့ ၂၆၉ ရက်မှာ ပြည့်ခဲ့တဲ့သူပါ။

ဒဲလ်ပီယာရို
ဂျူဗင်တပ်အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်တဲ့ အီတလီတိုက်စစ်မှူး ဒဲလ်ပီယာရိုဟာ မြင့်မားတဲ့အရပ်အမောင်းမရှိပေမယ့်လည်း ဘောလုံးစကေးကောင်းပြီး ဂိုးသွင်း သေချာတဲ့ တိုက်စစ်မှူးဖြစ်သလို အသက် ၂၃ နှစ်နဲ့ ၁၅၇ ရက်မှာ ချန်ပီယံလိဂ် သွင်းဂိုး ၂၀ ပြည့်ခဲ့ပါတယ်။

ဘန်ဇီးမား
လိုင်ယွန်နဲ့ ရီးရဲလ်တို့အတွက်ကစားရင်း ဘန်ဇီးမားဟာ ချန်ပီယံလိဂ်သွင်းဂိုး ၂၀ ကို အသက် ၂၃ နှစ်၊ ၂၈၂ ရက်မှာ ပြည့်ခဲ့ပါတယ်။

ရွန်နီ
ရွန်နီကတော့ ဒီစံချိန်ကို အသက် ၂၄ နှစ်နဲ့ ၁၅၇ ရက်မှာ ပြည့်ခဲ့တဲ့သူဖြစ်ပြီး မန်ယူအသင်းနဲ့အတူ သူ့ရဲ့ချန်ပီယံလိဂ်ပွဲဦးထွက်ဟာ ဟက်ထရစ်နဲ့ စတင်ခဲ့တာ ပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်န္ပီယံလိဂ္သြင္းဂိုး ၂၀ ျပည့္စံခ်ိန္ကို မက္ဆီ၊ ရာအူးလ္၊ ႐ြန္နီ၊ ဒဲလ္ပီယာ႐ိုနဲ႔ ဘန္ဇီးမားတို႔ထက္ ပိုငယ္ၿပီးရခဲ့တဲ့ အမ္ဘတ္ပီ

စံခ်ိန္မွတ္တမ္းေတြဆိုတာ တစ္ခ်ိန္မွာ ခ်ိဳးဖ်က္ခံရဖို႔ပါပဲဆိုတဲ့ ဆို႐ိုးအတိုင္း ေဘာလုံးေလာကမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ အေကာင္းဆုံးကစားသမားအျဖစ္ ရွိခဲ့တဲ့ မက္ဆီရဲ႕ စံခ်ိန္မွတ္တမ္းတစ္ခုကေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘတ္ပီရဲ႕ေက်ာ္ျဖတ္ျခင္းကို ခံခဲ့ရပါၿပီ။ အဲဒါကေတာ့ ခ်န္ပီယံလိဂ္သမိုင္းမွာ အသက္အငယ္ဆုံးနဲ႔ သြင္းဂိုး ၂၀ ျပည့္ေျမာက္ခဲ့တဲ့စံခ်ိန္ပဲ ျဖစ္ပါတယ္။ ဘာဆက္ ဆီဟာနဲ႔ပြဲမွာ ပင္နယ္တီကတစ္ဆင့္ ဂိုးသြင္းယူခဲ့တဲ့ အမ္ဘတ္ပီဟာ ခ်န္ပီယံလိဂ္ သြင္းဂိုး ၂၀ ကို အသက္ ၂၁ ႏွစ္နဲ႔ ၃၅၅ ရက္မွာ ျပည့္ေျမာက္ခဲ့တာျဖစ္ၿပီး မက္ဆီ တုန္းက အသက္ ၂၂ ႏွစ္နဲ႔ ၂၆၇ ရက္မွာ ျပည့္ေျမာက္ခဲ့တာျဖစ္တဲ့အတြက္ အမ္ဘတ္ပီက ရက္ေပါင္း ၂၀၀ ေက်ာ္ အသာစီးနဲ႔ စံခ်ိန္သစ္တင္သြားခဲ့တာပါ။

အမ္ဘတ္ပီဟာ ဒီစံခ်ိန္ေတြကေန ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းကလည္း ပီအက္စ္ဂ်ီ အသင္းအတြက္ ဂိုး ၁၀၀ ျပည့္ေျမာက္ထားခဲ့သူလည္း ျဖစ္ပါတယ္။ အမ္ဘတ္ပီ လိုပဲ ဥေရာပရဲ႕ဂုဏ္သိကၡာအျမင့္ဆုံး ကလပ္အသင္းၿပိဳင္ပြဲျဖစ္တဲ့ ခ်န္ပီယံလိဂ္မွာ သြင္းဂိုး ၂၀ ျပည့္ခဲ့တဲ့ အသက္အငယ္ဆုံး နာမည္ႀကီး ၅ ေယာက္ကို ေဖာ္ျပရမယ္ ဆိုရင္ေတာ့…

မက္ဆီ

ခ်န္ပီယံလိဂ္မွာ ရာအူးလ္ရဲ႕စံခ်ိန္ကို ၂ ရက္အကြာနဲ႔ မက္ဆီက ခ်ိဳးခဲ့ဖူးပါတယ္။ သူ ဟာ ၂၂ ႏွစ္နဲ႔ ၂၆၇ ရက္မွာ စံခ်ိန္ေရးထိုးခဲ့တာျဖစ္ၿပီး ဒီစံခ်ိန္ဟာ ဆယ္စုႏွစ္နဲ႔ ခ်ီၿပီး ၾကာျမင့္ခဲ့ပါတယ္။

ရာအူးလ္

ရီးရဲလ္မက္ဒရစ္ရဲ႕ ေတာ္ဝင္မင္းသားတစ္ပါးျဖစ္ခဲ့တဲ့ ရာအူးလ္ဟာ ခ်န္ပီယံလိဂ္ မွာ သြင္းဂိုး ၂၀ စံခ်ိန္ကို အသက္ ၂၂ ႏွစ္နဲ႔ ၂၆၉ ရက္မွာ ျပည့္ခဲ့တဲ့သူပါ။

ဒဲလ္ပီယာ႐ို

ဂ်ဴဗင္တပ္အသင္းရဲ႕ ဂိုးသြင္းစက္ျဖစ္တဲ့ အီတလီတိုက္စစ္မႉး ဒဲလ္ပီယာ႐ိုဟာ ျမင့္မားတဲ့အရပ္အေမာင္းမရွိေပမယ့္လည္း ေဘာလုံးစေကးေကာင္းၿပီး ဂိုးသြင္း ေသခ်ာတဲ့ တိုက္စစ္မႉးျဖစ္သလို အသက္ ၂၃ ႏွစ္နဲ႔ ၁၅၇ ရက္မွာ ခ်န္ပီယံလိဂ္ သြင္းဂိုး ၂၀ ျပည့္ခဲ့ပါတယ္။

ဘန္ဇီးမား

လိုင္ယြန္နဲ႔ ရီးရဲလ္တို႔အတြက္ကစားရင္း ဘန္ဇီးမားဟာ ခ်န္ပီယံလိဂ္သြင္းဂိုး ၂၀ ကို အသက္ ၂၃ ႏွစ္၊ ၂၈၂ ရက္မွာ ျပည့္ခဲ့ပါတယ္။

႐ြန္နီ

႐ြန္နီကေတာ့ ဒီစံခ်ိန္ကို အသက္ ၂၄ ႏွစ္နဲ႔ ၁၅၇ ရက္မွာ ျပည့္ခဲ့တဲ့သူျဖစ္ၿပီး မန္ယူအသင္းနဲ႔အတူ သူ႔ရဲ႕ခ်န္ပီယံလိဂ္ပြဲဦးထြက္ဟာ ဟက္ထရစ္နဲ႔ စတင္ခဲ့တာ ပါ။