ဥရောပDaylight Saving ပြောင်းလဲသွားတဲ့အတွက် တခြားဥရောပပွဲတွေ
လိုပဲ ချန်ပီယံလိဂ်ပွဲတွေက အရင်ကထက် တစ်နာရီနောက်ကျပြီးမှ
ကစားမှာဖြစ်ပါတယ်။ ဒီညပွဲတွေထဲမှာ အပေါ်အသင်းအကောင်းဆုံ
းအဖြစ် ဘိုင်ယန်မြူးနစ်နဲ့ အောက်အသင်းအကောင်းဆုံးအဖြစ်
မယ်လ်မိုတို့ကို ရွေးထားချင်ပါတယ်။
မယ်လ်မို Vs ချဲလ်ဆီး (ဗုဒ္ဓဟူးနံနက် ၁၂း၁၅)
ပ-အကျော့ – (ချဲလ်ဆီး ၄-၀ မယ်လ်မို)
(ချဲလ်ဆီး ၂+၄၅/ ဂိုးပေါင်း ၃+၃၀)
ညနေပိုင်းရောက်မှ ချဲလ်ဆီးရဲ့ကြေးတွေ တော်တော်လေးကျသွားပါတယ်။
အစောပိုင်းက ၂+၅ ပေါက်ခဲ့ရာကနေ၂+၄၅ အထိ ပြောင်းသွားပါတယ်။
ချဲလ်ဆီးဘက်က နိုင်ခြေလျော့သွားတဲ့သဘောပေါ့။ ချဲလ်ဆီးမှာ မေဆင်မောင့်
(ဖျားနာ)နဲ့ ကိုဗာဆစ်(တံကောက်ကြော)တို့ မပါနိုင်တာကြောင့်လည်း
ကြေးကျသွားတာ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် မေဆင်မောင့်ဟာ ဒီပွဲမှာ
ပါနိုင်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် အခု ချဲလ်ဆီးဘက်က ကြေးကျသွားပုံနဲ့တော့
ပါမယ်မထင်ဘူး။ မယ်လ်မိုမှာတော့ ဒဏ်ရာပြဿနာအသစ်မရှိပါဘူး။
ဝါရင့်တိုက်စစ်မှူး တွိုင်ဗိုနင်ကတော့ နားနေရတုန်းပါပဲ။ ဒါပေမယ့် ပထမအကျော့က
မပါနိုင်ခဲ့ဲတဲ့ နောက်ခံလူတချို့ ပါလာမှာကြောင့် မယ်လ်မိုရဲ့ခံစစ်ကစားပုံ
ပိုကောင်းလာနိုင်ပါတယ်။ မယ်လ်မိုဟာ အရင်က ချဲလ်ဆီးနဲ့ ၃ကြိမ်တွေ့ဆုံခဲ့ဖူးရာမှာ
ပေးဂိုး ၉ ဂိုးနဲ့ ရဂိုး ၁ဂိုးပဲ ရှိခဲ့ပေမယ့် လက်ရှိ ချဲလ်ဆီးတိုက်စစ်ကိုတော့
၃ဂိုးပေးရဖွယ်မရှိဘူး။ မယ်လ်မိုနဲ့ ဂိုးအများကို ရွေးစေချင်တယ်။
အတ္တလန္တာ Vs မန်ယူ (ဗုဒ္ဓဟူးနံနက် ၂း၃၀)
ပ-အကျော့ – (မန်ယူ ၃-၂ အတ္တလန္တာ)
(မန်ယူ =-၄၅/ဂိုးပေါင်း ၃-၃၀)
မန်ချက်စတာယူနိုက်တက်မှာ လင်ဒီလော့ဖ် မပါနိုင်ပေမယ့် ခံစစ်အထိုင်ကို
ထိခိုက်နိုင်ဖွယ်မရှိဘူး။ ၃ယောက်တန်းခံစစ်မှာ လုခ်ရှောကို ထည့်လိုက်ရင်
ပိုတောင် ဟန်ချက်ညီသွားနိုင်ပါတယ်။ ဘယ်တောင်ပံမှာ အဲလက်စ်တဲလက်စ်နဲ့
ညာတောင်ပံမှာ ဘစ်ဆာကာထက်စာရင် ဒါလော့ကို ပိုသုံးသင့်ပါတယ်။
ပေ့ါဘာလည်း ပြန်ပါလာမှာကြောင့် ယူနိုက်တက်သာ တိုက်စစ်အသားပေးပုံစံနဲ့
ချဉ်းကပ်ရင် ဒီပွဲမှာ မနိုင်စရာ အကြောင်းမရှိဘူး။ အတ္တလန္တာမှာ အသင်းခေါင်
းဆောင် တိုလွိုင်းနဲ့အတူ အဓိကနောက်ခံလူတချို့ ဒဏ်ရာကြောင့် နားနေ
ရတုန်းပါပဲ။ ၃ယောက်တန်းခံစစ်မဟုတ်ဘဲ ခံစစ် ၄ယောက်တန်းကိုပဲ ဆိုးလ်ရှား
ဆက်သုံးရင်တော့ တစ်ဖက်က ဇာပါကော်စတာနဲ့ မယ်လာတို့ရဲ့ wing attackက
မန်ယူကို ဒုက္ခပေးသွားနိုင်ပါတယ်။ မန်ယူနဲ့ပတ်သက်ပြီး စိတ်မချတာက
ချန်ပီယံလိဂ်အဝေးကွင်း ၃ပွဲဆက်ရှုံးထားတာရယ် ချန်ပီယံလိဂ်ရောက်ရင်
ခံစစ်မကစားတတ်တာရေယ်ကြောင့် အတ္တလန္တာကွင်းမှာ ဂိုးပေးရနိုင်ခြေရှိတဲ့
အချက်ပါ။ အတ္တလန္တာနဲ့ ဂိုးအများကို ရွေးသင့်ပါတယ်။
ဘိုင်ယန်မြူးနစ် Vs ဘင်ဖီကာ(ဗုဒ္ဓဟူးနံနက် ၂း၃၀)
ပ-အကျော့ – (ဘင်ဖီကာ ဝ-၄ ဘိုင်ယန်)
(ဘိုင်ယန်မြူးနစ် ၂-၄၀/ ဂိုးပေါင်း ၄+၈၅)
ဘိုင်ယန်မြူးနစ်ကွင်းလယ်မှာ ဂေါ်ရက်ဇ်ကာ ဒဏ်ရာရနေပေမယ့် ဆဘစ်ဇာနဲ့
တိုလစ်ဆိုတို့ရှိတာကြောင့် သိပ်အားလျော့သွားဖို့ မရှိပါဘူး။ ဒီနောက်ပိုင်းမှာ
တိုက်စစ်မှာ ယုံကြည်မှုပြန်ရလာတဲ့ ဆာနေးကြောင့် ဂိုးရဖို့ ပိုလွယ်လာတာ
ကိုလည်း တွေ့ရပါတယ်။ ဘင်ဖီကာမှာလည်း ဒဏ်ရာပြဿနာ ကြီးကြီးမားမား
မရှိဘူး။ ပထမအကျော့က ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ ညာနောက်ခံလူ
အယ်လ်မိုင်းဒါး လေက်ပဲ မပါနိုင်တာပါ။ ဒါပေမယ့် ဘင်ဖီကာရဲ့ခံစစ်ဟာ
ခြေကျကစားသမားတွေနဲ့ စုဖွဲ့ထားတာကြောင့် ဘိုင်ယန်မြူးနစ်တိုက်စစ်ကို
ထိန်းနိုင်လောက်တဲ့အင်အားမရှိဘူး။ ဘိုင်ယန်မြူးနစ်ကပဲ ဂိုးပြတ်ထပ်နိုင်
သွားဖို့ရှိပါတယ်။ လီဝန်ဒေါစကီးရဲ့သွင်းဂိုးတွေကို ရေတွက်ရမယ့်ပွဲပါ။
ဒိုင်နမိုကိဗ် Vs ဘာစီလိုနာ (ဗုဒ္ဓဟူးနံနက် ၂း၃၀)
ပ-အကျော့ – (ဘာစီလိုနာ ၁-၀ ဒိုင်နမိုကိဗ်)
(ဘာစီလိုနာ ၁+၄၀/ ဂိုးပေါင်း ၃+၈၅)
ဘာစီလိုနာမှာ ပထမအကျော့က အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ပီကေး မပါနိုင်ဘူးလို့
သတင်းထွက်နေပါတယ်။ ပီကေး ပါနိုင်တာ ၊ မပါနိုင်တာကို ထားဦး။ လက်ရှိ
အချိန်မှာ တိုက်စစ်အားနည်းလွန်းနေတာက ဘာစီလိုနာရဲ့အဓိက ပြဿနာပါ။
တိုက်စစ်မှူး ဘရိတ်ဝှိုတ်နဲ့ဒီဂျောင်တို့ ဒဏ်ရာကြောင့် နားနေရချိန်မှာ အဂွဲရိုးလည်း
ကျန်းမာရေး မကောင်းတာကြောင့် ၃လလောက်နားရမယ့် အတွက် ဒီပိုင်းတစ်ဦး
တည်းပဲ အားကိုးစရာရှိပါတော့တယ်။ ကွင်းလယ်မှာလည်း ဖရန်ကီဒီဂျောင်
ပါနိုင်ဖွယ်မရှိသေးတာကြောင့် ယာယီနည်းပြ ဘာဟွမ်လည်း ဘာစီလိုနာကို
ကယ်တင်နိုင်မယ်မထင်ဘူး။ ဒိုင်နမိုကိဗ်ကလည်း ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ
တစ်ဂိုးမှ မသွင်းနိုင်သေးဘူးဆိုတော့ ဒီပွဲက လုံးဝကို ဂိုးအောက်ရွေးရမယ့်ပွဲပါ။
ပေါက်ဈေးက ၁+ ဆိုတော့ ဘာစီလိုနာကို စိတ်ဝင်စားစရာရှိပေမယ့် ဒိုင်နမိုကိဗ်
ကွင်းဖြစ်နေလို့ ဂိုးပြတ်နိုင်ခြေနည်းလွန်းပါတယ်။အောက်စုံကို ရွေးသင့်တဲ့ပွဲပါ။
ဂျူဗင်တပ်စ် Vs ဇင်းနစ်(ဗုဒ္ဓဟူးနံနက် ၂း၃၀)
ပ-အကျော့ – (ဇင်းနစ် ဝ-၁ ဂျူဗင်တပ်စ်)
(ဂျူဗင်တပ်စ် ၁=/ ဂိုးပေါင်း ၃+၇၅)
စီးရီးအေမှာ ရလဒ်တွေ ဘယ်လောက်ဆိုးဆိုး၊ ချန်ပီယံလိဂ်အုပ်စု ၃ပွဲမှာ တစ်ဂိုးမှ
မပေးရသေးတဲ့ ဂျူဗင်တပ်စ်ခံစစ်ကိုတော့ ချီးကျူးရမှာပါ။ ဒီပွဲလည်း ဂျူဗင်တပ်စ်
ကဟာ ခံစစ်ကို အဓိထားချဉ်းကပ်ပြီးမှ ဇင်းနစ်ကို ရင်ဆိုင်မှာပါ။ ဇင်းနစ်ဟာ
ပထမအကျော့တုန်းက ဂျူဗင်တပ်စ်ကို ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ပေမယ့် ပွဲပြီးဖို့
၆ မိနစ်အလိုမှ အနိုင်ဂိုးပေးလိုက်ရလို့ အိမ်ကွင်းရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။
အဝေးကွင်းမှာလည်း ဇင်းနစ်ရဲ့ ကစားပုံက အဆိုးကြီးမဟုတ်ဘူး။ စတမ်းဖို့ဒ်ဘရစ်ချ်
ကွင်းမှာတော့ ချဲလ်ဆီးကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာက သက်သေပါပဲ။
နှစ်သင်းစလုံးဟာ ခံစစ်စုဖွဲ့မှု ကောင်းတာကြောင့် ဒီပွဲလည်း ဂိုးအောက်ဖို့များပါတယ်။
ဂျူဗင်တပ်စ်ရဲ့လက်ရှိခြေအရ ဂိုးပြတ်နိုင်ဖို့ မလွယ်ပေမယ့် အနည်းဆုံး ၁ဂိုးလောက်နဲ့
နိုင်ဖို့သေချာတာကြောင့် ဂျူဗင်တပ်စ်နဲ့ဂိုးအောက်ကို တွဲရွေးစေချင်ပါတယ်။
တခြားပွဲရွေးချယ်မှု
ဝုဖ်ဘာ့ဂ် Vs ဆဲလ်ဘာ့ဂ် (ဝုဖ်ဘာ့ဂ်)
ဆီဗီလာ Vs လိုင်လီ (ဆီဗီလာ)
ဗီလာရီးရဲလ် Vs ယန်းဘွိုင်းစ်(ယန်းဘွိုင်းစ်
Zawgyi
ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃)ရဲ့ အင်္ဂါနေ့ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
မပါနိုင်ခဲ့တဲ့ နောက်ခံလူတချို့ ပါလာမှာကြောင့် မယ်လ်မိုရဲ့ခံစစ်ကစားပုံ
ပေါ့ဘာလည်း ပြန်ပါလာမှာကြောင့် ယူနိုက်တက်သာ တိုက်စစ်အသားပေးပုံစံနဲ့