ချန်ပီယံလိဂ် ၁၆သင်းအဆင့်မဲခွဲပွဲပြီးနောက် လီဗာပူးရဲ့အခြေအနေကို ခန့်မှန်းလာတဲ့ မက်မနာမန်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းဂန္ထဝင်ကွင်းလယ်လူ စတိဗ်မက်မနာမန်က ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ လိုက်ပ်ဇစ်အသင်းနဲ့ တွေ့ဆုံနေပြီးနောက် အသင်းအနေနဲ့ ကွာတားဖိုင်နယ်တက်ရောက်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။


လီဗာပူးဟာ ချန်ပီယံလိဂ်အုပ်စုတွင်းမှာ အုပ်စုပထမနဲ့ ရှုံးထွက်အဆင့်တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အတ္တလန္တာက အုပ်စုဒုတိယအဖြစ် လီဗာပူးနဲ့အတူ နောက်တစ်ဆင့်တက်နိုင်ခဲ့ပေမယ့် အေဂျက်စ်က ယူရိုပါလိဂ်ဘက် ရောက်သွားသလို မစ်ဂျေလန်းကလည်း အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်ခဲ့ရပါတယ်။


လိုက်ပ်ဇစ်က ယခုနောက်ပိုင်း လူသိများလာတဲ့ကလပ်ဖြစ်ပြီး ကစားသမားအများစုက ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသလို သူတို့ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။


လီဗာပူးဟာ အုပ်စုတွင်းမှာ ယူနိုက်တက်ကို ကျော်ဖြတ်လာတဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ဖေဖော်ဝါရီလအတွင်း နှစ်ကျော့ရင်ဆိုင်ရတော့မှာဖြစ်ပေမယ့် မက်မနာမန်ကတော့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။

”လိုက်ပ်ဇစ်ကို လီဗာပူးအသင်း အနိုင်ရသင့်ပါတယ်။ လိုက်ပ်ဇစ်အသင်းကို ယူနိုက်တက်နဲ့ပွဲတွေမှာ ကျွန်တော်တို့ သေချာကြည့်ခွင့်ရခဲ့ပြီး ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာနိုင်ပေမယ့် လီဗာပူးပဲ ကွာတားဖိုင်နယ်တက်ရောက်နိုင်မှာပါ”

”လိုက်ပ်ဇစ်အသင်း ဘာတွေလုပ်နိုင်လဲဆိုတာလည်း ကျွန်တော်တို့ သိထားတာပဲ။ ဘယ်နောက်ခံလူ အိန်ဂျယ်လီနိုဆို ကစားတာကောင်းတယ်။ သူတို့ အဓိကကစားသမားတွေကို ဆက်ထိန်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပေမယ့် လီဗာပူးအနေနဲ့ ထူးထူးကဲကဲစိုးရိမ်နေစရာမလိုပါဘူး”လို့ မက်မနာမန်က ပြောပါတယ်။

လိုက်ပ်ဇစ်ဟာ ယူနိုက်တက်နဲ့အဆုံးအဖြတ်ပွဲမှာ ကြယ်ပွင့်နောက်ခံလူ အူပါမီကာနို မပါဝင်နိုင်ခဲ့ပေမယ့် ယူနိုက်တက်ကို ၃ဂိုးပြတ်ဦးဆောင်ပြီးမှ ချေပဂိုး ၂ဂိုးပေးခဲ့ရတာဖြစ်ပြီး ယမန်နှစ်ရာသီကလည်း စပါးကို အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။

လိုက်ပ်ဇစ်ဟာ စပါးကို နှစ်ကျော့ပေါင်း ၄-၀ ဂိုးနဲ့အနိုင်ယူကာ ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့ပြီး အိမ်ကွင်းပွဲစဉ်မှာ စပါးအသင်းကို ၃ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မဲခြဲပြဲၿပီးေနာက္ လီဗာပူးရဲ႕အေျခအေနကို ခန္႔မွန္းလာတဲ့ မက္မနာမန္

လီဗာပူးအသင္းဂႏၳ၀င္ကြင္းလယ္လူ စတိဗ္မက္မနာမန္က ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္မွာ လုိက္ပ္ဇစ္အသင္းနဲ႔ ေတြ႕ဆုံေနၿပီးေနာက္ အသင္းအေနနဲ႔ ကြာတားဖုိင္နယ္တက္ေရာက္ႏိုင္လိမ့္မယ္လုိ႔ ေဟာကိန္းထုတ္လုိက္ပါတယ္။

လီဗာပူးဟာ ခ်န္ပီယံလိဂ္အုပ္စုတြင္းမွာ အုပ္စုပထမနဲ႔ ႐ံႈးထြက္အဆင့္တက္ေရာက္ႏိုင္ခဲ့တာျဖစ္ၿပီး အတၱလႏၱာက အုပ္စုဒုတိယအျဖစ္ လီဗာပူးနဲ႔အတူ ေနာက္တစ္ဆင့္တက္နိုင္ခဲ့ေပမယ့္ ေအဂ်က္စ္က ယူ႐ိုပါလိဂ္ဘက္ ေရာက္သြားသလုိ မစ္ေဂ်လန္းကလည္း အုပ္စုေနာက္ဆုံးေနရာမွာ ရပ္တည္ခဲ့ရပါတယ္။လုိက္ပ္ဇစ္က ယခုေနာက္ပိုင္း လူသိမ်ားလာတဲ့ကလပ္ျဖစ္ၿပီး ကစားသမားအမ်ားစုက ပရီးမီးယားလိဂ္ကို ေျပာင္းေရႊ႕ဖို႔ သတင္းေတြထြက္ေပၚေနသလုိ သူတုိ႔ကိုယ္တိုင္ကလည္း ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္မွာ ဆီမီးဖုိင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။

လီဗာပူးဟာ အုပ္စုတြင္းမွာ ယူႏုိက္တက္ကို ေက်ာ္ျဖတ္လာတဲ့ လုိက္ပ္ဇစ္အသင္းနဲ႔ ေဖေဖာ္၀ါရီလအတြင္း ႏွစ္ေက်ာ့ရင္ဆုိင္ရေတာ့မွာျဖစ္ေပမယ့္ မက္မနာမန္ကေတာ့ စုိးရိမ္စရာမရွိဘူးလုိ႔ ေျပာပါတယ္။”လုိက္ပ္ဇစ္ကို လီဗာပူးအသင္း အႏိုင္ရသင့္ပါတယ္။ လုိက္ပ္ဇစ္အသင္းကို ယူႏုိက္တက္နဲ႔ပြဲေတြမွာ ကၽြန္ေတာ္တုိ႔ ေသခ်ာၾကည့္ခြင့္ရခဲ့ၿပီး ခက္ခဲတဲ့ၿပိဳင္ဘက္ျဖစ္လာႏုိင္ေပမယ့္ လီဗာပူးပဲ ကြာတားဖိုင္နယ္တက္ေရာက္ႏုိင္မွာပါ။ လုိက္ပ္ဇစ္အသင္း ဘာေတြလုပ္ႏိုင္လဲဆုိတာလည္း ကၽြန္ေတာ္တုိ႔ သိထားတာပဲ။ ဘယ္ေနာက္ခံလူ အိန္ဂ်ယ္လီႏိုဆုိ ကစားတာေကာင္းတယ္။ သူတုိ႔ အဓိကကစားသမားေတြကို ဆက္ထိန္းႏိုင္မလားဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ေပမယ့္ လီဗာပူးအေနနဲ႔ ထူးထူးကဲကဲစိုးရိမ္ေနစရာမလုိပါဘူး”လို႔ မက္မနာမန္က ေျပာပါတယ္။

လိုက္ပ္ဇစ္ဟာ ယူႏုိက္တက္နဲ႔အဆုံးအျဖတ္ပြဲမွာ ၾကယ္ပြင့္ေနာက္ခံလူ အူပါမီကာႏို မပါ၀င္ႏိုင္ခဲ့ေပမယ့္ ယူႏုိက္တက္ကို ၃ဂိုးျပတ္ဦးေဆာင္ၿပီးမွ ေခ်ပဂိုး ၂ဂိုးေပးခဲ့ရတာျဖစ္ၿပီး ယမန္ႏွစ္ရာသီကလည္း စပါးကို အျပတ္အသတ္အႏိုင္ရရွိခဲ့ပါတယ္။ လုိက္ပ္ဇစ္ဟာ စပါးကုိ ႏွစ္ေက်ာ့ေပါင္း ၄-၀ ဂိုးနဲ႔အႏိုင္ယူကာ ကြာတားဖိုင္နယ္တက္ေရာက္ႏိုင္ခဲ့ၿပီး အိမ္ကြင္းပြဲစဥ္မွာ စပါးအသင္းကို ၃ဂိုးျပတ္အႏုိင္ရခဲ့ပါတယ္။