ချန်ပီယံအင်တာကို အနိုင်ယူပြီး ချန်ပီယံလိဂ်မျှော်လင့်ချက်ရှင်သန်လာတဲ့ ဂျူဗင်တပ်စ်

၉နှစ်ဆက်ချန်ပီယံဟောင်းနဲ့ ပူပူနွေးနွေးချန်ပီယံ အင်တာတို့ ရင်ဆိုင်ခဲ့ရာမှာတော့ ဂျူဗင်တပ်စ်က အင်တာကို ၃-၂ ဂိုးနဲ့အနိုင်ယူကာ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ရှင်သန်သွားပါတယ်။

ဂျူဗင်တပ်စ်က အရင်လို တိုက်စစ်မှူးနှစ်ယောက်ကို တစ်ပြိုင်တည်းထုတ်မသုံးဘဲ ကွင်းလယ်အားကောင်းတဲ့ အင်တာကို ယှဉ်နိုင်ဖို့ ကူလူဆက်ဗ်စကီးကို

နောက်ချန်တိုက်စစ်မှူးအဖြစ် စီရော်နယ်ဒိုရဲ့အနောက်မှာ ထားကစားခဲ့ပါတယ်။

အင်တာကလည်း လက်ကျန်ပွဲတွေက အရေးမပါတော့ပေမယ့် ဂုဏ်သိက္ခာပိုင်းအရ လူစုံထုတ်ကစားသွားခဲ့ပါတယ်။

ဒီပွဲက စိတ်လှုပ်ရှားစရာကောင်းခဲ့ပြီး နှစ်သင်းစလုံး အားထည့်ကစားသွားပါတယ်။

ဂျူဗင်တပ်စ်က ၂-၁ ဂိုးနဲ့ ဦးဆောင်နေချိန်မှာ ကွင်းလယ်လူ ဘန်တာကာ ထုတ်ပယ်ခံခဲ့ရသလို မိနစ် ၈၀ ကျော်မှာ နောက်ခံလူ ချီရယ်လီနီက

ကိုယ့်ဂိုးကိုယ်သွင်းမိသွားလို့ အမှတ်တွေဆုံးရှုံးရတော့မယ်လို့အများစုက ထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ တစ်ယောက်လျော့ ဂျူဗင်တပ်စ်က ပွဲချိန် ၈၈မိနစ်မှာ ကွာဒရာဒိုရဲ့ပင်နယ်တီသွင်းဂိုးနဲ့အတူ အဖိုးတန် ၃ မှတ်ရယူနိုင်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဂျူဗင်တပ်စ်ဟာ အဆင့် ၄ နေရာရောက်လာပြီး နာပိုလီကို တစ်ပွဲပို ၂ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။

နောက်ပြီး အေစီမီလန်က ရာသီပိတ်ပွဲစဉ်မှာ အတ္တလန္တာနဲ့ ပွဲကျပ်ကစားရမှာမို့လို့ ဂျူဗင်တပ်စ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်က မျှော်လင့်ချက်ရှင်သန်လာပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ချီရယ်လီနီကို ဒါမီယန် ဥပဒေပကစားတယ်လို့ VAR ပြန်ကြည့်ခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်း ပင်နယ်တီရခဲ့ပါတယ်။

အဲဒီပင်နယ်တီကို စီရော်နယ်ဒို ကန်သွင်းရာမှာ အင်တာဂိုးသမား ဟန်ဒါနိုဗစ် ကာကွယ်နိုင်ပေမယ့် ပြန်ထွက်လာတာကို စီရော်နယ်ဒိုက ပိတ်သွင်းယူနိုင်ခဲ့လို့

အိမ်ရှင်အသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။

နောက် ၁၁ မိနစ်အကြာမှာလည်း VAR က ဇာတ်လိုက်ဖြစ်ခဲ့ပြန်ပြီး မာတီနက်ဇ်ကို ဒီလစ်ဂျ် လူချကစားတယ်ဆိုတာ အင်တာကို ပင်နယ်တီကန်ခွင့်ပေးလိုက်ပါတယ်။

ဒီပင်နယ်တီကို လူကာကူက ချေပဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ကွာဒရာဒိုရဲ့အဝေးကန်သွင်းချက် အဲရစ်ဆင်နဲ့ထိကာ

လမ်းကြောင်းပြောင်းဝင်သွားလို့ ဂျူဗင်တပ်စ် ဦးဆောင်ဂိုးပြန်ရခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ဒရာမာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ပွဲချိန် ၅၅ မိနစ်မှာ လူကာကူကို ဥပဒေပကစားခဲ့တဲ့ ဘန်တာကာ ၂ဝါ ၁ နီနဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာ ဘယ်တောင်ပံကဖြတ်တင်ဘောကို လူကာကူရဲ့ဖိအားပေးမှုကနေ ချီရယ်လီနီ တားဆီးဖို့ ကြိုးစားရင်း ဂိုးထဲဝင်သွားတာကို

ဒိုင်လူကြီးက ဂိုးအဖြစ် မသတ်မှတ်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ချီရယ်လီနီ Own Goal အဖြစ် သတ်မှတ်လိုက်ပါတယ်။

ဒါပေမဲ့ ပွဲချိန် ၈၈ မိနစ်မှာ ကွာဒရာဒိုကို အင်တာတောင်ပံကစားသမား ပါရီဆစ် ကစားပုံကြမ်းခဲ့လို့ အိမ်ရှင်အသင်း ပင်နယ်တီရခဲ့ပါတယ်။

ဒီပင်နယ်တီကို ကွာဒရာဒိုကပဲ အပိုင်ကန်သွင်းပြီး ဂျူဗင်တပ်စ်အသင်းအတွက် အဖိုးတန်နိုင်ပွဲ ရယူပေးနိုင်ခဲ့ပါတယ်။

Zawgyi

ခ်န္ပီယံအင္တာကို အႏိုင္ယူၿပီး ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္ရွင္သန္လာတဲ့ ဂ်ဴဗင္တပ္စ္

၉ႏွစ္ဆက္ခ်န္ပီယံေဟာင္းနဲ႔ ပူပူေႏြးေႏြးခ်န္ပီယံ အင္တာတုိ႔ ရင္ဆုိင္ခဲ့ရာမွာေတာ့ ဂ်ဴဗင္တပ္စ္က အင္တာကို ၃-၂ ဂိုးနဲ႔အႏိုင္ယူကာ ခ်န္ပီယံလိဂ္၀င္ခြင့္ေမွ်ာ္လင့္ခ်က္ ရွင္သန္သြားပါတယ္။

ဂ်ဴဗင္တပ္စ္က အရင္လုိ တုိက္စစ္မွဴးႏွစ္ေယာက္ကို တစ္ၿပိဳင္တည္းထုတ္မသုံးဘဲ ကြင္းလယ္အားေကာင္းတဲ့ အင္တာကို ယွဥ္ႏိုင္ဖို႔ ကူလူဆက္ဗ္စကီးကို ေနာက္ခ်န္တုိက္စစ္မွဴးအျဖစ္ စီေရာ္နယ္ဒိုရဲ႕အေနာက္မွာ ထားကစားခဲ့ပါတယ္။ အင္တာကလည္း လက္က်န္ပြဲေတြက အေရးမပါေတာ့ေပမယ့္ ဂုဏ္သိကၡာပိုင္းအရ လူစုံထုတ္ကစားသြားခဲ့ပါတယ္။

ဒီပြဲက စိတ္လႈပ္ရွားစရာေကာင္းခဲ့ၿပီး ႏွစ္သင္းစလုံး အားထည့္ကစားသြားပါတယ္။ ဂ်ဴဗင္တပ္စ္က ၂-၁ ဂိုးနဲ႔ ဦးေဆာင္ေနခ်ိန္မွာ ကြင္းလယ္လူ ဘန္တာကာ ထုတ္ပယ္ခံခဲ့ရသလို မိနစ္ ၈၀ ေက်ာ္မွာ ေနာက္ခံလူ ခ်ီရယ္လီနီက ကိုယ့္ဂိုးကုိယ္သြင္းမိသြားလုိ႔ အမွတ္ေတြဆုံး႐ံႈးရေတာ့မယ္လုိ႔အမ်ားစုက ထင္မွတ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ တစ္ေယာက္ေလ်ာ့ ဂ်ဴဗင္တပ္စ္က ပြဲခ်ိန္ ၈၈မိနစ္မွာ ကြာဒရာဒိုရဲ႕ပင္နယ္တီသြင္းဂိုးနဲ႔အတူ အဖိုးတန္ ၃ မွတ္ရယူႏိုင္ခဲ့ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ဂ်ဴဗင္တပ္စ္ဟာ အဆင့္ ၄ ေနရာေရာက္လာၿပီး နာပိုလီကို တစ္ပြဲပို ၂ မွတ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ေနာက္ၿပီး ေအစီမီလန္က ရာသီပိတ္ပြဲစဥ္မွာ အတၱလႏၱာနဲ႔ ပြဲက်ပ္ကစားရမွာမို႔လုိ႔ ဂ်ဴဗင္တပ္စ္အတြက္ ခ်န္ပီယံလိဂ္၀င္ခြင့္က ေမွ်ာ္လင့္ခ်က္ရွင္သန္လာပါတယ္။ ပြဲခ်ိန္ ၂၄ မိနစ္မွာ ခ်ီရယ္လီနီကို ဒါမီယန္ ဥပေဒပကစားတယ္လုိ႔ VAR ျပန္ၾကည့္ခဲ့ၿပီးေနာက္ ဂ်ဴဗင္တပ္စ္အသင္း ပင္နယ္တီရခဲ့ပါတယ္။

အဲဒီပင္နယ္တီကို စီေရာ္နယ္ဒို ကန္သြင္းရာမွာ အင္တာဂုိးသမား ဟန္ဒါႏိုဗစ္ ကာကြယ္ႏိုင္ေပမယ့္ ျပန္ထြက္လာတာကို စီေရာ္နယ္ဒိုက ပိတ္သြင္းယူႏုိင္ခဲ့လုိ႔ အိမ္ရွင္အသင္း ဦးေဆာင္ဂိုးရခဲ့ပါတယ္။
ေနာက္ ၁၁ မိနစ္အၾကာမွာလည္း VAR က ဇာတ္လုိက္ျဖစ္ခဲ့ျပန္ၿပီး မာတီနက္ဇ္ကို ဒီလစ္ဂ်္ လူခ်ကစားတယ္ဆိုတာ အင္တာကို ပင္နယ္တီကန္ခြင့္ေပးလုိက္ပါတယ္။ ဒီပင္နယ္တီကုိ လူကာကူက ေခ်ပဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ေပမယ့္ ပထမပိုင္းၿပီးခါနီးမွာ ကြာဒရာဒိုရဲ႕အေ၀းကန္သြင္းခ်က္ အဲရစ္ဆင္နဲ႔ထိကာ လမ္းေၾကာင္းေျပာင္း၀င္သြားလုိ႔ ဂ်ဴဗင္တပ္စ္ ဦးေဆာင္ဂိုးျပန္ရခဲ့ပါတယ္။

ဒုတိယပုိင္းမွာလည္း ဒရာမာေတြ ဆက္တုိက္ျဖစ္ေပၚခဲ့ၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာ လူကာကူကို ဥပေဒပကစားခဲ့တဲ့ ဘန္တာကာ ၂၀ါ ၁ နီနဲ႔ ထုတ္ပယ္ခံလုိက္ရပါတယ္။ ပြဲခ်ိန္ ၈၃ မိနစ္မွာ ဘယ္ေတာင္ပံကျဖတ္တင္ေဘာကို လူကာကူရဲ႕ဖိအားေပးမႈကေန ခ်ီရယ္လီနီ တားဆီးဖို႔ ႀကိဳးစားရင္း ဂိုးထဲ၀င္သြားတာကို ဒုိင္လူႀကီးက ဂိုးအျဖစ္ မသတ္မွတ္ခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ ခ်ီရယ္လီနီ Own Goal အျဖစ္ သတ္မွတ္လုိက္ပါတယ္။

ဒါေပမဲ့ ပြဲခ်ိန္ ၈၈ မိနစ္မွာ ကြာဒရာဒုိကို အင္တာေတာင္ပံကစားသမား ပါရီဆစ္ ကစားပုံၾကမ္းခဲ့လုိ႔ အိမ္ရွင္အသင္း ပင္နယ္တီရခဲ့ပါတယ္။ ဒီပင္နယ္တီကို ကြာဒရာဒိုကပဲ အပိုင္ကန္သြင္းၿပီး ဂ်ဴဗင္တပ္စ္အသင္းအတြက္ အဖိုးတန္ႏိုင္ပြဲ ရယူေပးႏိုင္ခဲ့ပါတယ္။