
မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားစီရော်နယ်လ်ဒိုဟာ
သူ့အသင်းဖော်ဟောင်းဖြစ်သူ ဂျူဗင်တပ်စ်ကစားသမားချီယေဆာကိုခေါ်ယူဖို့
အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းအကြံပေးခဲ့တယ်ဆိုပြီး Sportbible
ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းမှာ
၂၀၁၈ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိကစားခဲ့တဲ့ကာလအတွင်း ချီယေဆာနဲ့
တွဲဖက်ကစားခဲ့ဖူးတာကြောင့် ချီယေဆာဟာ ယူနိုက်တက်အသင်းတိုက်စစ်အတွက်
အားကိုးရမယ့်သူတစ်ယောက်ဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ယူနိုက်တက်အသင်းကို စီရော်နယ်လ်ဒို၊
ဆန်ချိုစတဲ့နာမည်ကျော်ကစားသမားတွေရောက်ရှိခဲ့ပေမယ့် တိုက်စစ်ပိုင်းက
အားနည်းချက်တွေရှိနေပြီး ဂိုးရဖို့က စီရော်နယ်လ်ဒိုတစ်ဦးတည်းကိုသာ
အားကိုးနေရသလိုဖြစ်နေပါတယ်။ အဲဒါကြောင့် စီရော်နယ်လ်ဒိုဟာ
အသင်းတိုက်စစ်ပိုင်းအတွက် ချီယေဆာကိုခေါ်ယူလိုစေချင်ပေမယ့်
အခုလောလောဆယ် ယူနိုက်တက်အသင်းတိုက်စစ်ကစားသမားတွေအဖြစ်
ဂရင်းဝုဒ်၊ ကာဗာနီ၊ ဘရူနိုဖာနန်ဒက်စ်၊ မာစီယဲလ်၊ လင်ဂတ်စတဲ့သူတွေရှိနေတဲ့အပြင်
အဓိကတိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်ကလည်း ဒဏ်ရာကပြန်လည်
ကောင်းမွန်လာပြီဖြစ်တာကြောင့် မကြာခင်အသင်းအတွက်ပြန်ကစားနိုင်တော့မှာဖြစ်ပါတယ်။
ဒါ့အပြင်လူငယ်ကစားသမားတွေဖြစ်တဲ့ အီလန်ဂါ၊ ဒီယာလိုတို့လို အရည်အသွေးမြင့်
ကစားသမားတွေရှိနေတာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ချီယေဆာကို
ခေါ်ယူဖို့ အလောတကြီးဆောင်ရွက်သွားဖို့မရှိဘဲ ကွင်းလယ်ခံစစ်ကစားသမား
တစ်ဦးကိုသာ ဦးစားပေးခေါ်ယူမယ့်အနေအထားပါပဲ။
zawgyi
ခ်ီေယဆာကိုေခၚယူဖို႔ အသင္းတာဝန္ရွိသူေတြကို တိုက္တြန္းအႀကံေပးခဲ့တဲ့ စီေရာ္နယ္ဒို
မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒိုဟာ
သူ႔အသင္းေဖာ္ေဟာင္းျဖစ္သူ ဂ်ဴဗင္တပ္စ္ကစားသမားခ်ီေယဆာကိုေခၚယူဖို႔
အသင္းတာဝန္ရွိသူေတြကို တိုက္တြန္းအႀကံေပးခဲ့တယ္ဆိုၿပီး Sportbible
ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ
၂၀၁၈ ခုႏွစ္ကေန ၂၀၂၁ ခုႏွစ္အထိကစားခဲ့တဲ့ကာလအတြင္း ခ်ီေယဆာနဲ႔
တြဲဖက္ကစားခဲ့ဖူးတာေၾကာင့္ ခ်ီေယဆာဟာ ယူႏိုက္တက္အသင္းတိုက္စစ္အတြက္
အားကိုးရမယ့္သူတစ္ေယာက္ျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ေႏြရာသီကာလအတြင္း ယူႏိုက္တက္အသင္းကို စီေရာ္နယ္လ္ဒို၊
ဆန္ခ်ိဳစတဲ့နာမည္ေက်ာ္ကစားသမားေတြေရာက္ရွိခဲ့ေပမယ့္ တိုက္စစ္ပိုင္းက
အားနည္းခ်က္ေတြရွိေနၿပီး ဂိုးရဖို႔က စီေရာ္နယ္လ္ဒိုတစ္ဦးတည္းကိုသာ
အားကိုးေနရသလိုျဖစ္ေနပါတယ္။ အဲဒါေၾကာင့္ စီေရာ္နယ္လ္ဒိုဟာ
အသင္းတိုက္စစ္ပိုင္းအတြက္ ခ်ီေယဆာကိုေခၚယူလိုေစခ်င္ေပမယ့္
အခုေလာေလာဆယ္ ယူႏိုက္တက္အသင္းတိုက္စစ္ကစားသမားေတြအျဖစ္
ဂရင္းဝုဒ္၊ ကာဗာနီ၊ ဘ႐ူႏိုဖာနန္ဒက္စ္၊ မာစီယဲလ္၊ လင္ဂတ္စတဲ့သူေတြရွိေနတဲ့အျပင္
အဓိကတိုက္စစ္ကစားသမားတစ္ဦးျဖစ္တဲ့ ရပ္ရွ္ဖို႔ဒ္ကလည္း ဒဏ္ရာကျပန္လည္
ေကာင္းမြန္လာၿပီျဖစ္တာေၾကာင့္ မၾကာခင္အသင္းအတြက္ျပန္ကစားႏိုင္ေတာ့မွာျဖစ္ပါတယ္။
ဒါ့အျပင္လူငယ္ကစားသမားေတြျဖစ္တဲ့ အီလန္ဂါ၊ ဒီယာလိုတို႔လို အရည္အေသြးျမင့္
ကစားသမားေတြရွိေနတာေၾကာင့္ ယူႏိုက္တက္အသင္းအေနနဲ႔ ခ်ီေယဆာကို
ေခၚယူဖို႔ အေလာတႀကီးေဆာင္႐ြက္သြားဖို႔မရွိဘဲ ကြင္းလယ္ခံစစ္ကစားသမား
တစ္ဦးကိုသာ ဦးစားေပးေခၚယူမယ့္အေနအထားပါပဲ။