
ရန်နစ်ခ်ကယူနိုက်တက်သို့ခေါ်ဆောင်လိုက်တဲ့အားကစားစိတ်ပညာရှင်သစ်
ဆက်စ်ရှာလန်းစ်မှာချဲလ်ဆီးတိုက်စစ်မှူးတီမိုဝါနာရဲ့ယောက္ခမလောင်းလျာဖြစ်ပြီး
ဂျာမနီတိုက်စစ်မှူးကိုအိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်မယ်လို့သတင်းထွက်နေပါတယ်။
အသက်၆၃နှစ်ရှိရန်နစ်ခ်ဟာပြီးခဲ့တဲ့အပတ်တုန်းကယူနိုက်တက်ကို
စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီးနည်းပြအဖွဲ့ဝင်သစ်များအဖြစ်အေမက်စ်နှင့်
လန်းစ်တို့ကိုခန့်အပ်ထားပါတယ်။ လန်းစ်ဟာ၂၀၁၅ခုနှစ်တုန်းကလိုက်ဇစ်သို့
ရောက်ခဲ့သူဖြစ်ပြီးယူနိုက်တက်နည်းပြရန်နစ်ခ်လက်အောက်တွင်
ကာလရှည်ကြာအလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။
သူဟာပြီးခဲ့တဲ့နှစ်များတွင်ဒိုင်နမိုဒရက်စ်ဒန်၊ရှော်လ်ကေးတို့တွင်လည်း
အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။
ချဲလ်ဆီးတိုက်စစ်မှူးဝါနာဟာလိုက်ဇစ်တွင်၂၀၁၆ခုနှစ်မှ၂၀၂၀ခုနှစ်အထိ
ကစားစဉ်အတွင်းလန်းစ်ရဲ့သမီးဖြစ်သူပူလာနှင့်ဆုံတွေ့ခဲ့တာဖြစ်ပြီး
၂၀၁၇ခုနှစ်ကတည်းကချစ်ကြိုက်တွဲလာခဲ့ကြပါတယ်။
ဂျာမနီတိုက်စစ်မှူးဟာပြီးခဲ့တဲ့နှစ်တုန်းကချဲလ်ဆီးသို့ပြောင်းရွှေ့ကစားမှုနဲ့အတူ
လန်ဒန်သို့ပြောင်းရွှေ့နေထိုင်ရာမှာလည်းလန်းစ်ရဲ့သမီးဖြစ်သူ လိုက်ပါ
နေထိုင်ကာအင်္ဂလိပ်ဘာသာသင်ကြားနေခဲ့ပါတယ်။
ရန်နစ်ခ်ကအသက်၄၆နှစ်ရှိလန်းစ်ကိုနည်းပြအဖွဲ့တွင်ခန့်အပ်လာမှုနဲ့အတူ
ဝါနာဟာလည်းအိုးထရက်ဖို့ဒ်သို့ရောက်လာနိုင်တယ်လို့
ကောလာဟလထွက်ပေါ်လာပါတယ်။ ဝါနာဟာရန်နစ်ခ်လက်အောက်မှာ
လိုက်ဇစ်တွင်ကစားတဲ့နောက်ဆုံးရာသီမှာ၃၄ဂိုးအထိသွင်းယူနိုင်ခဲ့ပေမယ့်
ချဲလ်ဆီးသို့ပေါင်၄၇.၅သန်းဖြင့်ပြောင်းလာပြီးနောက် အကောင်းဆုံး
ဂိုးသွင်းခြေရရှိရန်ရုန်းကန်ခဲ့ရပါတယ်။
zawgyi
ခ်ဲလ္ဆီးကစားသမားရဲ႕ ေယာက္ခမေလာင္းကို ေခၚယူလိုက္တဲ့ ယူႏိုက္တက္
ရန္နစ္ခ္ကယူႏိုက္တက္သို႔ေခၚေဆာင္လိုက္တဲ့အားကစားစိတ္ပညာရွင္သစ္
ဆက္စ္ရွာလန္းစ္မွာခ်ဲလ္ဆီးတိုက္စစ္မႉးတီမိုဝါနာရဲ႕ေယာကၡမေလာင္းလ်ာျဖစ္ၿပီး
ဂ်ာမနီတိုက္စစ္မႉးကိုအိုးထရက္ဖို႔ဒ္သို႔ေခၚေဆာင္မယ္လို႔သတင္းထြက္ေနပါတယ္။
အသက္၆၃ႏွစ္ရွိရန္နစ္ခ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကယူႏိုက္တက္ကို
စတင္ကိုင္တြယ္ခဲ့သူျဖစ္ၿပီးနည္းျပအဖြဲ႕ဝင္သစ္မ်ားအျဖစ္ေအမက္စ္ႏွင့္
လန္းစ္တို႔ကိုခန႔္အပ္ထားပါတယ္။ လန္းစ္ဟာ၂၀၁၅ခုႏွစ္တုန္းကလိုက္ဇစ္သို႔
ေရာက္ခဲ့သူျဖစ္ၿပီးယူႏိုက္တက္နည္းျပရန္နစ္ခ္လက္ေအာက္တြင္
ကာလရွည္ၾကာအလုပ္လုပ္ခဲ့သူျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္မ်ားတြင္
ဒိုင္နမိုဒရက္စ္ဒန္၊ေရွာ္လ္ေကးတို႔တြင္လည္းအလုပ္လုပ္ခဲ့သူျဖစ္ပါတယ္။
ခ်ဲလ္ဆီးတိုက္စစ္မႉးဝါနာဟာလိုက္ဇစ္တြင္၂၀၁၆ခုႏွစ္မွ၂၀၂၀ခုႏွစ္အထိ
ကစားစဥ္အတြင္းလန္းစ္ရဲ႕သမီးျဖစ္သူပူလာႏွင့္ဆုံေတြ႕ခဲ့တာျဖစ္ၿပီး
၂၀၁၇ခုႏွစ္ကတည္းကခ်စ္ႀကိဳက္တြဲလာခဲ့ၾကပါတယ္။
ဂ်ာမနီတိုက္စစ္မႉးဟာၿပီးခဲ့တဲ့ႏွစ္တုန္းကခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ကစားမႈနဲ႔အတူ
လန္ဒန္သို႔ေျပာင္းေ႐ႊ႕ေနထိုင္ရာမွာလည္းလန္းစ္ရဲ႕သမီးျဖစ္သူ လိုက္ပါ
ေနထိုင္ကာအဂၤလိပ္ဘာသာသင္ၾကားေနခဲ့ပါတယ္။
ရန္နစ္ခ္ကအသက္၄၆ႏွစ္ရွိလန္းစ္ကိုနည္းျပအဖြဲ႕တြင္ခန႔္အပ္လာမႈနဲ႔အတူ
ဝါနာဟာလည္းအိုးထရက္ဖို႔ဒ္သို႔ေရာက္လာႏိုင္တယ္လို႔
ေကာလာဟလထြက္ေပၚလာပါတယ္။ ဝါနာဟာရန္နစ္ခ္လက္ေအာက္မွာ
လိုက္ဇစ္တြင္ကစားတဲ့ေနာက္ဆုံးရာသီမွာ၃၄ဂိုးအထိသြင္းယူႏိုင္ခဲ့ေပမယ့္
ခ်ဲလ္ဆီးသို႔ေပါင္၄၇.၅သန္းျဖင့္ေျပာင္းလာၿပီးေနာက္ အေကာင္းဆုံး
ဂိုးသြင္းေျခရရွိရန္႐ုန္းကန္ခဲ့ရပါတယ္။