ချဲလ်ဆီးကြယ်ပွင့် ၃ဦးကို ခေါ်ယူဖို့ အေစီမီလန်အသင်း ဆွေးနွေးနေ

အေစီမီလန်အသင်းဟာ ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဂျီရူး၊ ဇီယက်ချ်နဲ့ တိုမိုရီတို့ကို ခေါ်ယူနိုင်ရေးအတွက် ချဲလ်ဆီးနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
အေစီမီလန်ဟာ ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် စီးရီးအေမှာ ဒုတိယနေရာရရှိကာ ၂၀၁၃-၁၄ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပါတယ်။

ဂယ်ဇက်တာဒယ်လိုစပို့တ်သတင်းစာရဲ့ဖော်ပြချက်အရ အေစီမီလန်ဟာ ရာသီသစ်မှာ စီးရီးအေချန်ပီယံဆုစိန်ခေါ်နိုင်ရေးနဲ့ ချန်ပီယံလိဂ်မှာ အဆင့်မြင့်မြင့်ရပ်တည်နိုင်ရေးတို့အတွက် ချဲလ်ဆီးကြယ်ပွင့် ၃ဦးကို အခြေခံကာ အသင်းကို တည်ဆောက်နေတယ်လို့ သိရပါတယ်။


အဲဒီ ၃ဦးထဲမှာ နောက်ခံလူ တိုမိုရီက ရောက်ဖို့ အဖြစ်နိုင်ဆုံးဖြစ်ပြီး သူက ဇန်နဝါရီလမှာ ချဲလ်ဆီးကနေ အေစီမီလန်ကို အငှားလာကစားခဲ့သူပါ။
အငှားစာချုပ်ထဲမှာ အေစီမီလန်က တိုမိုရီကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရရှိထားပြီး ယခုအခါ ဆန်စီရိုကို အပြီးသတ်ရောက်ဖို့က ဖြစ်နိုင်ခြေများနေပါတယ်။


ဇီယက်ချ်ဟာ ပြီးခဲ့တဲ့နွေရာသီက အေဂျက်စ်ကနေ ချဲလ်ဆီးကို မျှော်လင့်ချက်မြင့်မားစွာနဲ့ ရောက်ရှိလာခဲ့ပေမယ့် ချဲလ်ဆီးကစားသမားဘ၀ ပထမဆုံးရာသီမှာ အနိမ့်အမြင့်၊ အတက်အကျတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပေါင် ၃၇.၈ သန်းနဲ့ ရောက်လာခဲ့တဲ့ ဇီယက်ချ်ဟာ မန်စီးတီးကို အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကစားခွင့်ဆုံးရှုံးခဲ့ရပြီး ပွဲထွက်ခွင့်အတွက် မေဆင်မောင့်၊ ဟာဗက်ဇ်နဲ့ ပူလီဆင်တို့ရဲ့နောက်မှာ ရပ်တည်နေရပါတယ်။


ဒါပေမဲ့ အေစီမီလန်ဟာ ဇီယက်ချ်ကို ခေါ်ယူနိုင်ရေးအတွက် ပြည်တွင်းပြိုင်ဘက် နာပိုလီနဲ့ အားပြိုင်ရဖွယ်ရှိနေပါတယ်။
ဂျီရူးကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားခွင့်ဆုံးရှုံးခဲ့ရပြီး သတင်းတွေရဲ့ဖော်ပြချက်အရ သူ့ရဲ့အနာဂတ်က မသေမချာဖြစ်နေတယ်လို့သိရပါတယ်။

အသက် ၃၄နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ဂျီရူးဟာ ဝါနာရဲ့နောက် ဒုတိယဦးစားပေးဖြစ်နေပြီး ယမန်နှစ်ရာသီက ၃၁ပွဲမှာ ၁၁ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ ဂိုးကန်သွင်းမှုနဲ့ဂိုးဝင်မှုအချိုးမှာ ၂၉ ရာခိုင်နှုန်းရှိပြီး ဝါနာက ၅၂ပွဲမှာ ၁၂ဂိုးသွင်းယူကာ ဂိုးသွင်းနိုင်မှုအချိုးက ၁၂ရာခိုင်နှုန်းပဲရှိပါတယ်။


ချဲလ်ဆီးဟာ ဂျီရူးကို စာချုပ်သက်တမ်း ၁နှစ်တိုးမြှင့်လိုက်တယ်လို့ ယခုလအစောပိုင်းက ကြေညာခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးစေရေးအတွက် အခုလိုသက်တမ်းတိုးလိုက်တာပါ။

Zawgyi
ခ်ဲလ္ဆီးၾကယ္ပြင့္ ၃ဦးကို ေခၚယူဖို႔ ေအစီမီလန္အသင္း ေဆြးေႏြးေန

ေအစီမီလန္အသင္းဟာ ရာသီသစ္အတြက္ ႀကိဳတင္ျပင္ဆင္မႈအျဖစ္ ဂ်ီ႐ူး၊ ဇီယက္ခ်္နဲ႔ တိုမိုရီတို႔ကို ေခၚယူႏိုင္ေရးအတြက္ ခ်ဲလ္ဆီးနဲ႔ ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။
ေအစီမီလန္ဟာ ၿပီးခဲ့တဲ့ရာသီက ဖလားလက္မဲ့ရာသီနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္ စီးရီးေအမွာ ဒုတိယေနရာရရွိကာ ၂၀၁၃-၁၄ ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့ပါတယ္။
ဂယ္ဇက္တာဒယ္လိုစပို႔တ္သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ေအစီမီလန္ဟာ ရာသီသစ္မွာ စီးရီးေအခ်န္ပီယံဆုစိန္ေခၚႏိုင္ေရးနဲ႔ ခ်န္ပီယံလိဂ္မွာ အဆင့္ျမင့္ျမင့္ရပ္တည္ႏိုင္ေရးတို႔အတြက္ ခ်ဲလ္ဆီးၾကယ္ပြင့္ ၃ဦးကို အေျခခံကာ အသင္းကို တည္ေဆာက္ေနတယ္လို႔ သိရပါတယ္။
အဲဒီ ၃ဦးထဲမွာ ေနာက္ခံလူ တိုမိုရီက ေရာက္ဖို႔ အျဖစ္ႏိုင္ဆုံးျဖစ္ၿပီး သူက ဇန္နဝါရီလမွာ ခ်ဲလ္ဆီးကေန ေအစီမီလန္ကို အငွားလာကစားခဲ့သူပါ။
အငွားစာခ်ဳပ္ထဲမွာ ေအစီမီလန္က တိုမိုရီကို ေပါင္ ၂၅ သန္းနဲ႔ အၿပီးသတ္ေခၚယူခြင့္ရရွိထားၿပီး ယခုအခါ ဆန္စီ႐ိုကို အၿပီးသတ္ေရာက္ဖို႔က ျဖစ္ႏိုင္ေျခမ်ားေနပါတယ္။

ဇီယက္ခ်္ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ေအဂ်က္စ္ကေန ခ်ဲလ္ဆီးကို ေမွ်ာ္လင့္ခ်က္ျမင့္မားစြာနဲ႔ ေရာက္ရွိလာခဲ့ေပမယ့္ ခ်ဲလ္ဆီးကစားသမားဘ၀ ပထမဆုံးရာသီမွာ အနိမ့္အျမင့္၊ အတက္အက်ေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။
ေပါင္ ၃၇.၈ သန္းနဲ႔ ေရာက္လာခဲ့တဲ့ ဇီယက္ခ်္ဟာ မန္စီးတီးကို အႏိုင္ရခဲ့တဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ကစားခြင့္ဆုံးရႈံးခဲ့ရၿပီး ပြဲထြက္ခြင့္အတြက္ ေမဆင္ေမာင့္၊ ဟာဗက္ဇ္နဲ႔ ပူလီဆင္တို႔ရဲ႕ေနာက္မွာ ရပ္တည္ေနရပါတယ္။
ဒါေပမဲ့ ေအစီမီလန္ဟာ ဇီယက္ခ်္ကို ေခၚယူႏိုင္ေရးအတြက္ ျပည္တြင္းၿပိဳင္ဘက္ နာပိုလီနဲ႔ အားၿပိဳင္ရဖြယ္ရွိေနပါတယ္။
ဂ်ီ႐ူးကလည္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ပါဝင္ကစားခြင့္ဆုံးရႈံးခဲ့ရၿပီး သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သူ႔ရဲ႕အနာဂတ္က မေသမခ်ာျဖစ္ေနတယ္လို႔သိရပါတယ္။
အသက္ ၃၄ႏွစ္အ႐ြယ္ရွိ ျပင္သစ္လက္ေ႐ြးစင္ ဂ်ီ႐ူးဟာ ဝါနာရဲ႕ေနာက္ ဒုတိယဦးစားေပးျဖစ္ေနၿပီး ယမန္ႏွစ္ရာသီက ၃၁ပြဲမွာ ၁၁ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာ ဂိုးကန္သြင္းမႈနဲ႔ဂိုးဝင္မႈအခ်ိဳးမွာ ၂၉ ရာခိုင္ႏႈန္းရွိၿပီး ဝါနာက ၅၂ပြဲမွာ ၁၂ဂိုးသြင္းယူကာ ဂိုးသြင္းႏိုင္မႈအခ်ိဳးက ၁၂ရာခိုင္ႏႈန္းပဲရွိပါတယ္။
ခ်ဲလ္ဆီးဟာ ဂ်ီ႐ူးကို စာခ်ဳပ္သက္တမ္း ၁ႏွစ္တိုးျမႇင့္လိုက္တယ္လို႔ ယခုလအေစာပိုင္းက ေၾကညာခဲ့ၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ မဆုံးရႈံးေစေရးအတြက္ အခုလိုသက္တမ္းတိုးလိုက္တာပါ။