ချဲလ်ဆီးက ဆောလ်နီဂွက်ဇ်တော့ အဆဲခံနေရလေပြီ…

အဲဗာတန်နဲ့ပွဲအပြီးမှာ ကိုယ့်ပရိသတ်တွေရဲ့ဆဲဆိုခြင်းခံနေရတဲ့ ချဲလ်ဆီးကွင်းလယ်လူ

ပြီးခဲ့တဲ့ကြာသပတေးညက ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ အမှတ်ဆုံးရှုံးအောင်

လုပ်သလိုဖြစ်သွားတဲ့ အခိုက်အတန့်မှာ ပါဝင်ခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်

တွေဟာ အငှားလာကစားနေတဲ့ ကွင်းလယ်လူဆောလ်နီဂွက်ဇ်ကို မမြင်ချင်ကြ

တော့ပါဘူး။

အဲဒီပွဲမှာ ချဲလ်ဆီးဟာ ဘောလုံးပိုင်ဆိုင်မှု ၈၀ ရာခိုင်နှုန်းနဲ့ ဂိုးကန်ကွင်းသွင်းချက်

၂၃ ကြိမ်ရှိခဲ့ရဲ့သားနဲ့ သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။
အဲဒါကြောင့်လည်း ချန်ပီယံပြေးလမ်းထဲမှာ ထိပ်ဆုံးက မန်စီးတီးနဲ့ ၄ မှတ်၊

ဒုတိယနေရာက လီဗာပူးနဲ့ ၃ မှတ်ကွာသွားပါတယ်။
အဲဒီပွဲမှာ ဆောလ်နီဂွက်ဇ်ဟာ ၆၅ မိနစ်အရောက်မှာ ဘာကလေနဲ့အတူ

လူစားဝင်လာခဲ့ပါတယ်။

သူလူစားဝင်လာပြီး ၅ မိနစ်အကြာမှာပဲ မေဆန်မောင့်ရဲ့သွင်းယူမှုနဲ့ ချဲလ်ဆီးက

စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဲဗာတန်ကို ချေပဂိုးပြန်ပေးခဲ့ရလို့ ချဲလ်ဆီးရဲ့

ဦးဆောင်ဂိုးက ၄ မိနစ်သာခံခဲ့ပါတယ်။

အဲဗာတန်ရသွားတဲ့ ချေပဂိုးဟာ ဆောလ်နီဂွက်ဇ်ရဲ့မပီပြင်တဲ့ခေါင်းတိုက်

ရှင်းထုတ်မှုကနေ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပွဲအပြီးမှာ ချဲလ်ဆီးပရိသတ်တွေဟာ ဆောလ်နီဂွက်ဇ်ကို

ဆိုရှယ်မီဒီယာထက်မှာ ပြစ်တင်ဆဲဆိုနေကြပါတယ်။
ချဲလ်ဆီးပရိသတ်တစ်ယောက်ကဆို ဘာကာယိုကိုထက် ဆိုးတယ်လို့

မှတ်ချက်ပြုခဲ့ပါတယ်။
နောက်ထပ်ပရိသတ်တစ်ယောက်ကလည်း ဆောလ်ဟာ ချဲလ်ဆီးအင်္ကျီနဲ့

သူမြင်ဖူးသမျှထဲမှာ အဆိုးဆုံးပဲလို့ ရေးခဲ့ပါတယ်။

Zawgyi

ခ်ဲလ္ဆီးက ေဆာလ္နီဂြက္ဇ္ေတာ့ အဆဲခံေနရေလၿပီ…

အဲဗာတန္နဲ႔ပြဲအၿပီးမွာ ကိုယ့္ပရိသတ္ေတြရဲ႕ဆဲဆိုျခင္းခံေနရတဲ့ ခ်ဲလ္ဆီးကြင္းလယ္လူ

ၿပီးခဲ့တဲ့ၾကာသပေတးညက ကစားခဲ့တဲ့ အဲဗာတန္နဲ႔ပြဲမွာ အမွတ္ဆုံးရႈံးေအာင္

လုပ္သလိုျဖစ္သြားတဲ့ အခိုက္အတန႔္မွာ ပါဝင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးပရိသတ္

ေတြဟာ အငွားလာကစားေနတဲ့ ကြင္းလယ္လူေဆာလ္နီဂြက္ဇ္ကို မျမင္ခ်င္ၾက

ေတာ့ပါဘူး။
အဲဒီပြဲမွာ ခ်ဲလ္ဆီးဟာ ေဘာလုံးပိုင္ဆိုင္မႈ ၈၀ ရာခိုင္ႏႈန္းနဲ႔ ဂိုးကန္ကြင္းသြင္းခ်က္

၂၃ ႀကိမ္ရွိခဲ့ရဲ႕သားနဲ႔ သေရနဲ႔သာ ေက်နပ္ခဲ့ရတာပါ။
အဲဒါေၾကာင့္လည္း ခ်န္ပီယံေျပးလမ္းထဲမွာ ထိပ္ဆုံးက မန္စီးတီးနဲ႔ ၄ မွတ္၊

ဒုတိယေနရာက လီဗာပူးနဲ႔ ၃ မွတ္ကြာသြားပါတယ္။
အဲဒီပြဲမွာ ေဆာလ္နီဂြက္ဇ္ဟာ ၆၅ မိနစ္အေရာက္မွာ ဘာကေလနဲ႔အတူ

လူစားဝင္လာခဲ့ပါတယ္။

သူလူစားဝင္လာၿပီး ၅ မိနစ္အၾကာမွာပဲ ေမဆန္ေမာင့္ရဲ႕သြင္းယူမႈနဲ႔ ခ်ဲလ္ဆီးက

စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ သိပ္မၾကာခင္မွာပဲ အဲဗာတန္ကို ေခ်ပဂိုးျပန္ေပးခဲ့ရလို႔ ခ်ဲလ္ဆီးရဲ႕

ဦးေဆာင္ဂိုးက ၄ မိနစ္သာခံခဲ့ပါတယ္။
အဲဗာတန္ရသြားတဲ့ ေခ်ပဂိုးဟာ ေဆာလ္နီဂြက္ဇ္ရဲ႕မပီျပင္တဲ့ေခါင္းတိုက္

ရွင္းထုတ္မႈကေန ျဖစ္ပါတယ္။
ဒါေၾကာင့္လည္း ပြဲအၿပီးမွာ ခ်ဲလ္ဆီးပရိသတ္ေတြဟာ ေဆာလ္နီဂြက္ဇ္ကို

ဆိုရွယ္မီဒီယာထက္မွာ ျပစ္တင္ဆဲဆိုေနၾကပါတယ္။
ခ်ဲလ္ဆီးပရိသတ္တစ္ေယာက္ကဆို ဘာကာယိုကိုထက္ ဆိုးတယ္လို႔

မွတ္ခ်က္ျပဳခဲ့ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ေယာက္ကလည္း ေဆာလ္ဟာ ခ်ဲလ္ဆီးအက်ႌနဲ႔

သူျမင္ဖူးသမွ်ထဲမွာ အဆိုးဆုံးပဲလို႔ ေရးခဲ့ပါတယ္။