ချဲလ်ဆီးက ဟာလန်းကို ပယ်ချပြီး လူကာကူကို ခေါ်ယူခဲ့ရတဲ့ အကြောင်းအရင်း

ချဲလ်ဆီးအသင်းက ယခုနွေရာသီ အပြောင်းအရွေ့မှာ အာလင်း ဟာလန်းအစား ရိုမီလူ လူကာကူကို ခေါ်ယူခဲ့ရတဲ့ အကြောင်းပြချက်တွေကို ထုတ်ဖော်ပြောဆိုလာကြပါတယ်။

BILD သတင်းဌာနက အာလင်း ဟာလန်းကို ‌ဘိုရပ်ရှား ဒေါ့မွန်အသင်းကနေ ခေါ်ယူရာမှာ မီနို ရိုင်းအိုလာထံ ပေးချေရမယ့် အေးဂျင့်ခ နှင့် ကစားသမားအတွက် တောင်းဆိုထားတဲ့လစာပမာဏတွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

BILD သတင်းဌာနရဲ့ ဂျာနယ်လစ် Christian Falk က သူ့ရဲ့ တွယ်တာစာမျက်နှာမှတစ်ဆင့် ရိုင်းအိုလာဟာ ဟာလန်းအတွက် တစ်နှစ်လုပ်ခ ယူရို သန်း ( ၅၀ ) အပါအဝင် အေးဂျင့်ခ ယူရိုသန်း ( ၄၀ ) တောင်းဆိုးထားတယ်လို့ ရေးသားခဲ့ပါတယ်။

ဒါကြောင့် ချဲလ်ဆီးအသင်းက နော်ဝေတိုက်စစ်မှူးအစား လူကာကူကို ပြောင်းလဲခေါ်ယူခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ဟာလန်းက ခြွင်းချက်မရှိ ထိပ်တန်းအဆင့် ကစားသမားတစ်ဦးဆိုပေမယ့် တောင်းဆိုထားတဲ့ ငွေကြေးပမာဏတွေက လုံးဝများပြားနေတာဖြစ်ပါတယ်။

zawgyi

ခ်ဲလ္ဆီးက ဟာလန္းကို ပယ္ခ်ၿပီး လူကာကူကို ေခၚယူခဲ့ရတဲ့ အေၾကာင္းအရင္း

ခ်ဲလ္ဆီးအသင္းက ယခုေႏြရာသီ အေျပာင္းအေ႐ြ႕မွာ အာလင္း ဟာလန္းအစား ႐ိုမီလူ လူကာကူကို ေခၚယူခဲ့ရတဲ့ အေၾကာင္းျပခ်က္ေတြကို ထုတ္ေဖာ္ေျပာဆိုလာၾကပါတယ္။

BILD သတင္းဌာနက အာလင္း ဟာလန္းကို ‌ဘိုရပ္ရွား ေဒါ့မြန္အသင္းကေန ေခၚယူရာမွာ မီႏို ႐ိုင္းအိုလာထံ ေပးေခ်ရမယ့္ ေအးဂ်င့္ခ ႏွင့္ ကစားသမားအတြက္ ေတာင္းဆိုထားတဲ့လစာပမာဏေတြကို ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

BILD သတင္းဌာနရဲ႕ ဂ်ာနယ္လစ္ Christian Falk က သူ႔ရဲ႕ တြယ္တာစာမ်က္ႏွာမွတစ္ဆင့္ ႐ိုင္းအိုလာဟာ ဟာလန္းအတြက္ တစ္ႏွစ္လုပ္ခ ယူ႐ို သန္း ( ၅၀ ) အပါအဝင္ ေအးဂ်င့္ခ ယူ႐ိုသန္း ( ၄၀ ) ေတာင္းဆိုးထားတယ္လို႔ ေရးသားခဲ့ပါတယ္။

ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းက ေနာ္ေဝတိုက္စစ္မႉးအစား လူကာကူကို ေျပာင္းလဲေခၚယူခဲ့တာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး ။ ဟာလန္းက ႁခြင္းခ်က္မရွိ ထိပ္တန္းအဆင့္ ကစားသမားတစ္ဦးဆိုေပမယ့္ ေတာင္းဆိုထားတဲ့ ေငြေၾကးပမာဏေတြက လုံးဝမ်ားျပားေနတာျဖစ္ပါတယ္။