
ချဲလ်ဆီးကကလပ်သို့ ဂျွန်တယ်ရီတကျော့ပြန်ရောက်လာပြီဖြစ်ကြောင်း
အတည်ပြုကြေညာလာပါတယ်။
ချဲလ်ဆီးဂန္ထဝင်ကစားသမားဂျွန်တယ်ရီဟာချဲလ်ဆီးတွင်
အကယ်ဒမီနည်းပြအကြံပေးအဖြစ်တာဝန်ထမ်းဆောင်သွားမှာလည်းဖြစ်ပါတယ်။
ဂျွန်တယ်ရီဟာကစားသမားဘဝမှအနားယူပြီးနောက်ဗီလာတွင်
လက်ထောက်နည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
သူဟာနွေရာသီတုန်းကဗီလာလက်ထောက်နည်းပြရာထူးမှနုတ်ထွက်ခဲ့ပါတယ်။
သူဟာဗီလာလက်ထောက်နည်းပြရာထူးမှနုတ်ထွက်လိုက်ပြီးနောက်
ကလပ်အသင်းမန်နေဂျာရာထူးရယူရန်ကြိုးပမ်းခဲ့သော်လည်း
ရာထူးရရှိရေးအခွင့်အလမ်းနည်းပါးမှု၊အသင်းဟောင်းချဲလ်ဆီးက
အခွင့်အရေးပေးလာမှုတို့နဲ့အတူချဲလ်ဆီးအကယ်ဒမီနည်းပြအကြံပေးအဖြစ်
တာဝန်ထမ်းဆောင်ရန်လက်ခံလိုက်တာလည်းဖြစ်ပါတယ်။
ဂျွန်တယ်ရီဟာချဲလ်ဆီးအကယ်ဒမီနည်းပြအကြံပေးအဖြစ်
ဇန်နဝါရီလ၁ရက်နေ့မှစတင်တာဝန်ထမ်းဆောင်သွားပါမယ်။