ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ရော်ဂျာ ရေပန်းအစားဆုံးဖြစ်နေပြီး ဘင်နီတက်ဇ်နဲ့ တယ်ရီတို့လည်း ပါဝင်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာဟာ ဘွတ်ကီတွေရဲ့အလေးပေးမှုအရ ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး လက်ရှိချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်လည်း ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။


ချဲလ်ဆီးဟာ တနင်္ဂနွေနေ့က ဆိုးရွားလွန်းတဲ့ပထမပိုင်းခြေစွမ်းနဲ့အတူ မန်စီးတီးကို ၁-၃ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် နောက်ဆုံး ၆ပွဲမှာ ၄ပွဲမြောက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ပြီး ပွဲအစ ၃၄ မိနစ်အတွင်း ၃ဂိုးစလုံး ပေးလိုက်ရတာပါ။


ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း ကစားသမားသစ်ခေါ်ယူရေးအတွက် ပေါင် ၂၅၃ သန်းအထိ သုံးစွဲခဲ့ပေမယ့် ပွဲစဉ် ၁၇ပြီးချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၈နေရာအထိ ကျဆင်းနေရပြီး အဆင့် ၄နေရာကအသင်းနဲ့ ၃ မှတ်အကွာ၊ ထိပ်ဆုံးနေရာက လီဗာပူးနဲ့ ၇ မှတ်ကွာဟနေပါတယ်။


ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ နည်းပြအပြောင်းအလဲပြုလုပ်ရာမှာ သက်ညှာမှုမရှိသူအဖြစ် နာမည်ကျော်နေသူဖြစ်ပြီး လက်စတာအသင်းကို အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးနဲ့ ၁မှတ်အကွာ တတိယနေရာမှာ ရပ်တည်စေဖို့ ဦးဆောင်ထားတဲ့ ရော်ဂျာက ချဲလ်ဆီးနည်းပြဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။

လက်စတာဟာ ပြီးခဲ့တဲ့ရာသီပိတ်ပွဲစဉ်မှာ ယူနိုက်တက်ကို အရေးနိမ့်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရပေမယ့် လွန်ခဲ့တဲ့ ၂နှစ်နီးပါးက ကလော်ဒီပူရယ်ရဲ့နေရာမှာ ရော်ဂျာ အစားထိုးခဲ့ပြီးချိန်ကတည်းက အသင်းလည်း ချန်ပီယံလိဂ်ဝင်ခွင့်စိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ပြောင်းလဲသွားပါတယ်။


ရော်ဂျာဟာ ၂၀၀၄ ခုနှစ်က နည်းပြ မော်ရင်ညိုရဲ့လက်အောက်မှာ ချဲလ်ဆီးအသင်းရဲ့အကယ်ဒမီနည်းပြအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အရန်အသင်းနည်းပြဖြစ်လာခဲ့သလို ၂၀၀၈ ခုနှစ်က ဝက်ဖု့ိဒ်ကို မရောက်ခင် အေဗရမ်ဂရန့်နဲ့ စကိုလာရီတို့ရဲ့လက်အောက်မှာလည်း ဆက်လက်တာဝန်ယူခဲ့ပါတယ်။


သူဟာ လမ်းပတ်ရဲ့နေရာမှာ အစားဝင်ဖို့ ၃/၁ နဲ့ ရေပန်းအစားဆုံးဖြစ်နေပြီး မကြာသေးခင်ကမှ ပီအက်စ်ဂျီနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ သောမတ်စ်တူချယ်က ၅/၁ နဲ့ ဒုတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။


သူ့နောက်မှာ လိုက်ပ်ဇစ်နည်းပြ နာဂယ်စ်မန်းက ၆/၁ နဲ့ ရပ်တည်နေပြီး လွန်ခဲ့တဲ့ ၁၈ လက ဂျူဗင်တပ်စ်ကနေ ထွက်ခွာခဲ့ပြီးချိန်ကတည်းက ကလပ်လက်မဲ့ဖြစ်နေတဲ့ အယ်လီဂရီက ၇/၁ နဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။


ဒါပေမဲ့ အံ့အားသင့်စရာကောင်းတာက ၂၀၁၂-၁၃ ရာသီက ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ နည်းပြဟောင်း ရာဖေးလ်ဘင်နီတက်ဇ်က ၁၀/၁ နဲ့ အလေးပေးခံထားရတာဖြစ်ပြီး ဘင်နီတက်ဇ်က အဲဒီရာသီမှာ အသင်းကို ယူရိုပါလိဂ်ချန်ပီယံဖြစ်စေခဲ့ပေမယ့် လီဗာပူးနည်းပြအဖြစ် ၆နှစ်ကြာကိုင်တွယ်ခဲ့သူမို့ ချဲလ်ဆီးပရိသတ်အများစုက သူ့ကို သဘောမကျခဲ့ပါဘူး။

ဘင်နီတက်ဇ်ရဲ့အနောက်မှာ လမ်းပတ်ရဲ့အသင်းဖော်ဟောင်းလည်းဖြစ်၊ လက်ရှိ အက်စတွန်ဗီလာလက်ထောက်နည်းပြလည်းဖြစ်တဲ့ ဂျွန်တယ်ရီက ရပ်တည်နေပြီး ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၁ကြိမ်၊ ပရီးမီးယားလိဂ်ဖလား ၅ကြိမ်အပါအဝင် အောင်မြင်မှုအများအပြားရယူခဲ့တဲ့ အသင်းခေါင်းဆောင်ဟောင်း တယ်ရီကလည်း အနာဂတ်မှာ ချဲလ်ဆီးအသင်းကို နည်းပြအဖြစ် ပြန်လာချင်တယ်လို့ ဆိုထားပါတယ်။


အလေးပေးမှုများ
ရော်ဂျာ – ၃/၁

တူချယ် – ၅/၁
နာဂယ်စ်မန်း – ၆/၁
အယ်လီဂရီ – ၇/၁
ဘင်နီတက်ဇ် – ၁၀/၁


တယ်ရီ – ၁၂/၁
နူနိုဆန်တို – ၁၄/၁
ဆောက်ဂိတ် – ၂၀/၁

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်ဲလ္ဆီးနည္းျပသစ္ျဖစ္လာဖုိ႔ ေရာ္ဂ်ာ ေရပန္းအစားဆုံးျဖစ္ေနၿပီး ဘင္နီတက္ဇ္နဲ႔ တယ္ရီတုိ႔လည္း ပါ၀င္ေန
လက္စတာအသင္းနည္းျပ ဘရန္ဒန္ေရာ္ဂ်ာဟာ ဘြတ္ကီေတြရဲ႕အေလးေပးမႈအရ ခ်ဲလ္ဆီးနည္းျပသစ္ျဖစ္လာဖုိ႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး လက္ရွိခ်ဲလ္ဆီးနည္းျပ ဖရန္႔လမ္းပတ္လည္း ဖိအားေတြနဲ႔ရင္ဆိုင္ေနရပါတယ္။
ခ်ဲလ္ဆီးဟာ တနဂၤေႏြေန႔က ဆုိးရြားလြန္းတဲ့ပထမပိုင္းေျခစြမ္းနဲ႔အတူ မန္စီးတီးကို ၁-၃ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီးေနာက္ ေနာက္ဆုံး ၆ပြဲမွာ ၄ပြဲေျမာက္အ႐ံႈးနဲ႔ ရင္ဆုိင္ခဲ့ၿပီး ပြဲအစ ၃၄ မိနစ္အတြင္း ၃ဂိုးစလုံး ေပးလုိက္ရတာပါ။
ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေႏြရာသီအတြင္း ကစားသမားသစ္ေခၚယူေရးအတြက္ ေပါင္ ၂၅၃ သန္းအထိ သုံးစြဲခဲ့ေပမယ့္ ပြဲစဥ္ ၁၇ၿပီးခ်ိန္မွာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၈ေနရာအထိ က်ဆင္းေနရၿပီး အဆင့္ ၄ေနရာကအသင္းနဲ႔ ၃ မွတ္အကြာ၊ ထိပ္ဆုံးေနရာက လီဗာပူးနဲ႔ ၇ မွတ္ကြာဟေနပါတယ္။
ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမုိဗစ္ခ်္ဟာ နည္းျပအေျပာင္းအလဲျပဳလုပ္ရာမွာ သက္ညွာမႈမရွိသူအျဖစ္ နာမည္ေက်ာ္ေနသူျဖစ္ၿပီး လက္စတာအသင္းကို အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးနဲ႔ ၁မွတ္အကြာ တတိယေနရာမွာ ရပ္တည္ေစဖုိ႔ ဦးေဆာင္ထားတဲ့ ေရာ္ဂ်ာက ခ်ဲလ္ဆီးနည္းျပျဖစ္လာဖို႔ ေရပန္းအစားဆုံးျဖစ္ေနပါတယ္။

လက္စတာဟာ ၿပီးခဲ့တဲ့ရာသီပိတ္ပြဲစဥ္မွာ ယူႏုိက္တက္ကို အေရးနိမ့္ခဲ့ရၿပီးေနာက္ ခ်န္ပီယံလိဂ္၀င္ခြင့္ ဆုံး႐ံႈးခဲ့ရေပမယ့္ လြန္ခဲ့တဲ့ ၂ႏွစ္နီးပါးက ကေလာ္ဒီပူရယ္္ရဲ႕ေနရာမွာ ေရာ္ဂ်ာ အစားထုိးခ့ဲၿပီးခ်ိန္ကတည္းက အသင္းလည္း ခ်န္ပီယံလိဂ္၀င္ခြင့္စိန္ေခၚႏုိင္တဲ့အသင္းအျဖစ္ ေျပာင္းလဲသြားပါတယ္။
ေရာ္ဂ်ာဟာ ၂၀၀၄ ခုႏွစ္က နည္းျပ ေမာ္ရင္ညိဳရဲ႕လက္ေအာက္မွာ ခ်ဲလ္ဆီးအသင္းရဲ႕အကယ္ဒမီနည္းျပအျဖစ္ တာ၀န္ယူခဲ့သူျဖစ္ၿပီး အရန္အသင္းနည္းျပျဖစ္လာခဲ့သလုိ ၂၀၀၈ ခုႏွစ္က ၀က္ဖု႔ိဒ္ကို မေရာက္ခင္ ေအဗရမ္ဂရန္႔နဲ႔ စကိုလာရီတုိ႔ရဲ႕လက္ေအာက္မွာလည္း ဆက္လက္တာ၀န္ယူခဲ့ပါတယ္။
သူဟာ လမ္းပတ္ရဲ႕ေနရာမွာ အစား၀င္ဖုိ႔ ၃/၁ နဲ႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး မၾကာေသးခင္ကမွ ပီအက္စ္ဂ်ီနည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရတဲ့ ေသာမတ္စ္တူခ်ယ္က ၅/၁ နဲ႔ ဒုတိယေရပန္းအစားဆုံးျဖစ္ေနပါတယ္။
သူ႕ေနာက္မွာ လုိက္ပ္ဇစ္နည္းျပ နာဂယ္စ္မန္းက ၆/၁ နဲ႔ ရပ္တည္ေနၿပီး လြန္ခဲ့တဲ့ ၁၈ လက ဂ်ဴဗင္တပ္စ္ကေန ထြက္ခြာခဲ့ၿပီးခ်ိန္ကတည္းက ကလပ္လက္မဲ့ျဖစ္ေနတဲ့ အယ္လီဂရီက ၇/၁ နဲ႔ စတုတၳေနရာမွာ ရပ္တည္ေနပါတယ္။
ဒါေပမဲ့ အံ့အားသင့္စရာေကာင္းတာက ၂၀၁၂-၁၃ ရာသီက ယာယီနည္းျပအျဖစ္ တာ၀န္ယူခဲ့တဲ့ နည္းျပေဟာင္း ရာေဖးလ္ဘင္နီတက္ဇ္က ၁၀/၁ နဲ႔ အေလးေပးခံထားရတာျဖစ္ၿပီး ဘင္နီတက္ဇ္က အဲဒီရာသီမွာ အသင္းကို ယူ႐ိုပါလိဂ္ခ်န္ပီယံျဖစ္ေစခဲ့ေပမယ့္ လီဗာပူးနည္းျပအျဖစ္ ၆ႏွစ္ၾကာကိုင္တြယ္ခဲ့သူမို႔ ခ်ဲလ္ဆီးပရိသတ္အမ်ားစုက သူ႕ကို သေဘာမက်ခဲ့ပါဘူး။

ဘင္နီတက္ဇ္ရဲ႕အေနာက္မွာ လမ္းပတ္ရဲ႕အသင္းေဖာ္ေဟာင္းလည္းျဖစ္၊ လက္ရွိ အက္စတြန္ဗီလာလက္ေထာက္နည္းျပလည္းျဖစ္တဲ့ ဂၽြန္တယ္ရီက ရပ္တည္ေနၿပီး ခ်ဲလ္ဆီးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၁ႀကိမ္၊ ပရီးမီးယားလိဂ္ဖလား ၅ႀကိမ္အပါအ၀င္ ေအာင္ျမင္မႈအမ်ားအျပားရယူခဲ့တဲ့ အသင္းေခါင္းေဆာင္ေဟာင္း တယ္ရီကလည္း အနာဂတ္မွာ ခ်ဲလ္ဆီးအသင္းကို နည္းျပအျဖစ္ ျပန္လာခ်င္တယ္လုိ႔ ဆုိထားပါတယ္။
အေလးေပးမႈမ်ား
ေရာ္ဂ်ာ – ၃/၁
တူခ်ယ္ – ၅/၁
နာဂယ္စ္မန္း – ၆/၁

အယ္လီဂရီ – ၇/၁
ဘင္နီတက္ဇ္ – ၁၀/၁
တယ္ရီ – ၁၂/၁
ႏူႏိုဆန္တို – ၁၄/၁
ေဆာက္ဂိတ္ – ၂၀/၁