ချဲလ်ဆီးနောက်ခံလူ တိုမိုရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အေစီမီလန်အသင်း
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အေစီမီလန်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ခံစစ်ကစားသမား တိုမိုရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီအသင်းနည်းပြ လမ်းပတ်က Morecambe အသင်းကို ( 4 – 0 ) ရလာဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်အပြီးမှာ တိုမိုရီအနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ အငှားပြောင်းရွေ့ကစားဖို့ ရှိနေတယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။
အသက် ( ၂၃ ) နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ချဲလ်ဆီးအသင်းအတွက် ( ၄ ) ပွဲသာ ကစားခွင့်ရထားပြီး ပရီးမီးယားလိဂ်မှာလည်း ( ၄၅ ) မိနစ်သာ ပါဝင်ခွင့်ရထားပါတယ်။ တိုမိုရီဟာ ပြီးခဲ့တဲ့ နွေရာသီက အဲဗာတန် နှင့် ဝက်စ်ဟမ်းအသင်းတို့မှာ အငှားသွားရောက် ကစားဖို့ ငြင်းပယ်ခဲ့ပြီး ယခု ဇန်နဝါရီ အပြောင်းအရွေ့ပြန်ဖွင့်ချိန်မှာ လိဒ် ၊ နယူးကာဆယ် အသင်းတွေနဲ့ ဆက်သွယ်မှုတွေ ရှိနေပါတယ်။
လမ်းပတ်က “လက်ရှိ အခြေအနေမှာ တိုမိုရီကို လမ်းဖွင့်ပေးထားပါတယ်။ ပွဲကစားခွင့်ရဖို့ အငှားပြောင်းရွေနိုင်တဲ့ အနေအထား ရှိနေပါတယ်။ ဒါက သူ နှင့် အသင်းအတွက် အကောင်းဆုံး အဖြေဖြစ်မှာပါ။ ” လို့ ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် တိုမိုရီက အေစီမီလန်ရဲ့ အဓိက ပစ်မှတ်ဖြစ်နိုင်ဖွယ် မရှိပဲ စီးရီးအေအသင်းက Strasbourg အသင်းရဲ့ အသက် ( ၂၀ ) အရွယ် ခံစစ်ကစားသမား မိုဟာမက် ဆီမာခမ်းကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ Source : Sky Sports
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi