ချဲလ်ဆီးနဲ့ပွဲမှာ ဆိုးလ်ရှား နောက်တန်း ၃ ယောက်ထားမလား၊ ၄ ယောက်တန်း ပွဲထွက်မလား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပီအက်စ်ဂျီနဲ့ပွဲမှာ ၅-၃-၂ ပုံစံကစားခဲ့ပေမယ့် တကယ်တမ်းမှာ ဘစ်ဆာကာနဲ့ တဲလက်စ်တို့က တောင်ပံကနေ ရှေ့တက်ကစားတာကြောင့် မန်ယူဟာ မန်ဆက်ချ်၊ လင်ဒီလော့ဖ်၊ လုခ်ရှောတို့ ၃ ယောက်ပဲ နောက်တန်းအထိုင်ပုံစံမျိုးဖြစ်ခဲ့တာပါ။ အခု ချဲလ်ဆီးနဲ့ပွဲမှာလည်း ဆိုးလ်ရှားက မန်ယူနောက်တန်းကို ၄ ယောက်ထားမလား၊ ၃ ယောက်ထားမလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

ဒီပွဲမှာ အသင်းခေါင်း ဆောင် မက်ဂွိုင်းယားလည်း ပြန်ပါလာဖို့ရှိတာကြောင့် ပုံမှန်အတိုင်း ၄ ယောက်ခံစစ် အတွဲ ပွဲထွက်လာဖို့ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။ ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ပီအက်စ်ဂျီနဲ့ပွဲမှာတုန်းက နည်းဗျူဟာပိုင်းအပြောင်းအလဲအတော်လေးပြုလုပ်ခဲ့တာပါ။

သူ့ရဲ့ နည်းစနစ်တွေနဲ့ပတ်သက်ပြီး ကစားဖော်ဟောင်းဖြစ်တဲ့ ဂိုးသမား ပီတာရှမိုက်ကယ်က “ပီအက်စ်ဂျီနဲ့ပွဲအတွက် ဆိုးလ်ရှားရဲ့နည်းဗျူဟာကို ချီးကျူးရမှာပါ။ ခံစစ်ပိုင်းကို ကျစ်ကျစ်လျစ်လျစ်နဲ့ အကောင်းဆုံးကစားနိုင်ခဲ့တာ အားလုံးအမြင်ပါပဲ” လို့ ပြောသွားခဲ့ပါ တယ်။

ဆိုးလ်ရှားအတွက် ရွေးချယ်ရခက်စရာဖြစ်လာမှာက လင်ဒီလော့ဖ်၊ မက်ဂွိုင်းယားအတွဲ သုံးမလား၊ ချန်ပီယံလိဂ်မှာခြေစွမ်းပြသွားတဲ့ တွမ်ဇန်ဘီကို ဘယ်သူ နဲ့တွဲပေးမလဲဆိုတာမျိုး ဆုံးဖြတ်မလား ရွေးချယ်ရခက်မှာပါ။

ဥရောပရဲ့အကောင်းဆုံး တိုက်စစ်အတွဲတွေထဲကတစ်တွဲဖြစ်တဲ့ ဒီမာရီယာ၊ အမ်ဘတ်ပီနဲ့ နေမာတို့ ၃ ယောက် ကို စနစ်တကျထိန်းချုပ်ထားနိုင်တဲ့ တွမ်ဇန်ဘီဟာ မန်ယူပရိသတ်တွေ အတော်လေး သဘောကျသွားခဲ့တဲ့ ကစားသမားလည်းဖြစ်ပါတယ်။

ဒဏ်ရာကြောင့် ၁၀ လ နီးပါး နားနေခဲ့ရတဲ့ ကစားသမားတစ်ယောက်အနေနဲ့ ပြန်စကစားတဲ့ပွဲမှာ အခုလို ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူး တွေကို ထိန်းချုပ်ရတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ် ပါဘူး။ တွမ်ဇန်ဘီကို ရွိုင်ယန်ဂစ်အပါအဝင် မန်ယူကစားသမားဟောင်းတွေဖြစ်တဲ့ ဖာဒီ နန်၊ အိုဝင်ဟားဂရေ့ဗ်တို့ကလည်း ချီးကျူးခဲ့ကြပါတယ်။

တွမ်ဇန်ဘီ အနေနဲ့ ချဲလ်ဆီးနဲ့ပွဲ မှာ ပါဝင်လာခဲ့ရင် တီမိုဝါနာကို အဓိကထိန်းချုပ်ရဖို့ရှိနေပါတယ်။ ဘစ်ဆာကာ၊ လင်ဒီ လော့ဖ်၊ လုခ်ရှောတို့ရဲ့ ၃ ယောက်ခံစစ်အထိုင်ပွဲထွက်မလား၊ တွမ်ဇန်ဘီ နဲ့ မက်ဂွိုင်းယားတို့ကို တပြိုင်တည်း ပွဲထွက်လာမလားဆိုတာ မန်ယူပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဆိုးလ္ရွား ေနာက္တန္း ၃ ေယာက္ထားမလား၊ ၄ ေယာက္တန္း ပြဲထြက္မလား

ပီအက္စ္ဂ်ီနဲ႔ပြဲမွာ ၅-၃-၂ ပုံစံကစားခဲ့ေပမယ့္ တကယ္တမ္းမွာ ဘစ္ဆာကာနဲ႔ တဲလက္စ္တို႔က ေတာင္ပံကေန ေရွ႕တက္ကစားတာေၾကာင့္ မန္ယူဟာ မန္ဆက္ခ်္၊ လင္ဒီေလာ့ဖ္၊ လုခ္ေရွာတို႔ ၃ ေယာက္ပဲ ေနာက္တန္းအထိုင္ပုံစံမ်ိဳးျဖစ္ခဲ့တာပါ။ အခု ခ်ဲလ္ဆီးနဲ႔ပြဲမွာလည္း ဆိုးလ္ရွားက မန္ယူေနာက္တန္းကို ၄ ေယာက္ထားမလား၊ ၃ ေယာက္ထားမလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။

ဒီပြဲမွာ အသင္းေခါင္း ေဆာင္ မက္ဂြိဳင္းယားလည္း ျပန္ပါလာဖို႔ရွိတာေၾကာင့္ ပုံမွန္အတိုင္း ၄ ေယာက္ခံစစ္ အတြဲ ပြဲထြက္လာဖို႔ခန႔္မွန္းခ်က္ေတြလည္း ရွိေနပါတယ္။ ဆိုးလ္ရွားဟာ ၿပီးခဲ့တဲ့ပီအက္စ္ဂ်ီနဲ႔ပြဲမွာတုန္းက နည္းဗ်ဴဟာပိုင္းအေျပာင္းအလဲအေတာ္ေလးျပဳလုပ္ခဲ့တာပါ။

သူ႔ရဲ႕ နည္းစနစ္ေတြနဲ႔ပတ္သက္ၿပီး ကစားေဖာ္ေဟာင္းျဖစ္တဲ့ ဂိုးသမား ပီတာရွမိုက္ကယ္က “ပီအက္စ္ဂ်ီနဲ႔ပြဲအတြက္ ဆိုးလ္ရွားရဲ႕နည္းဗ်ဴဟာကို ခ်ီးက်ဴးရမွာပါ။ ခံစစ္ပိုင္းကို က်စ္က်စ္လ်စ္လ်စ္နဲ႔ အေကာင္းဆုံးကစားႏိုင္ခဲ့တာ အားလုံးအျမင္ပါပဲ” လို႔ ေျပာသြားခဲ့ပါ တယ္။

ဆိုးလ္ရွားအတြက္ ေ႐ြးခ်ယ္ရခက္စရာျဖစ္လာမွာက လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယားအတြဲ သုံးမလား၊ ခ်န္ပီယံလိဂ္မွာေျခစြမ္းျပသြားတဲ့ တြမ္ဇန္ဘီကို ဘယ္သူ နဲ႔တြဲေပးမလဲဆိုတာမ်ိဳး ဆုံးျဖတ္မလား ေ႐ြးခ်ယ္ရခက္မွာပါ။

ဥေရာပရဲ႕အေကာင္းဆုံး တိုက္စစ္အတြဲေတြထဲကတစ္တြဲျဖစ္တဲ့ ဒီမာရီယာ၊ အမ္ဘတ္ပီနဲ႔ ေနမာတို႔ ၃ ေယာက္ ကို စနစ္တက်ထိန္းခ်ဳပ္ထားႏိုင္တဲ့ တြမ္ဇန္ဘီဟာ မန္ယူပရိသတ္ေတြ အေတာ္ေလး သေဘာက်သြားခဲ့တဲ့ ကစားသမားလည္းျဖစ္ပါတယ္။

ဒဏ္ရာေၾကာင့္ ၁၀ လ နီးပါး နားေနခဲ့ရတဲ့ ကစားသမားတစ္ေယာက္အေနနဲ႔ ျပန္စကစားတဲ့ပြဲမွာ အခုလို ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉး ေတြကို ထိန္းခ်ဳပ္ရတာ လြယ္ကူတဲ့ကိစၥေတာ့မဟုတ္ ပါဘူး။ တြမ္ဇန္ဘီကို ႐ြိဳင္ယန္ဂစ္အပါအဝင္ မန္ယူကစားသမားေဟာင္းေတြျဖစ္တဲ့ ဖာဒီ နန္၊ အိုဝင္ဟားဂေရ႕ဗ္တို႔ကလည္း ခ်ီးက်ဴးခဲ့ၾကပါတယ္။

တြမ္ဇန္ဘီ အေနနဲ႔ ခ်ဲလ္ဆီးနဲ႔ပြဲ မွာ ပါဝင္လာခဲ့ရင္ တီမိုဝါနာကို အဓိကထိန္းခ်ဳပ္ရဖို႔ရွိေနပါတယ္။ ဘစ္ဆာကာ၊ လင္ဒီ ေလာ့ဖ္၊ လုခ္ေရွာတို႔ရဲ႕ ၃ ေယာက္ခံစစ္အထိုင္ပြဲထြက္မလား၊ တြမ္ဇန္ဘီ နဲ႔ မက္ဂြိဳင္းယားတို႔ကို တၿပိဳင္တည္း ပြဲထြက္လာမလားဆိုတာ မန္ယူပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာေကာင္းေနပါတယ္။