ချဲလ်ဆီးပွဲစဉ် အတွက် ယူနိုက်တက်ရဲ့ အနေအထား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စနေနေ့ည ၁၁နာရီမှာတော့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံကစားမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ နောက်ဆုံးပွဲစဉ်မှာတော့ ပြင်သစ်မြေမှာ PSG အသင်းကို အနိုင်ရပြီး အောင်လံလွှင့်ထူနိုင်ခဲ့ပါတယ်။ အခုချဲလ်ဆီးနဲ့ ပွဲစဉ်မှာရော ဘယ်လိုပုံစံပွဲထွက်ကစားမလဲဆိုတာ စိတ်ဝင်စားစရာပါ။

နည်းပြဆိုးလ်ရှားဟာ PSG နဲ့ပွဲမှာတော့ ဝမ်ဘစ်ဆာကာနဲ့တဲလက်စ်တို့အတွဲကိုသုံးခဲ့တာကြောင့် ချဲလ်ဆီးနဲ့ ပွဲမှာလည်း အဲလိုအတွဲအဖက်ကို သုံးဖို့များပါတယ်။ အခုပွဲမှာတော့ အသင်းခေါင်းဆောင် မက်ဂွားယားပြန်လည်ပါဝင်လာနိုင်ပါတယ်။ ဘိုင်လီကတော့ ဒဏ်ရာပြဿနာရှိနေဆဲဖြစ်တာကြောင့် ယူနိုက်တက်နဲ့ ၃ပတ်၊ ၄ပတ်လောက်ဝေးနေရပါအုံးမယ်။

လင်ဒီလော့ဖ်၊ လုခ်ရှောတို့လည်း ပွဲထွက်ရနိုင်ခြေရှိသလို၊ ချန်ပီယံလိဂ်ပွဲစဉ်မှာ နာမည်ကောင်းရခဲ့တဲ့ တွမ်ဇမ်ဘီတစ်ယောက်လည်း ခြေစွမ်းဆက်လက်ပြသခွင့်ရနိုင်ခြေရှိပါတယ်။ PSG နဲ့ပွဲမှာတော့ ကွင်းလယ်အတွဲအစပ်က ဖရက်နဲ့တော်မီနေးဖြစ်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့ပွဲမှာ တခြားကစားသမားတွေလည်း ပွဲထွက်ခွင့်ရှိတာကြောင့် နည်းပြဆိုးလ်ရှား အနေနဲ့ ဖရက်၊ တော်မီနေး၊ ပေါ့ဘာ၊ မာတစ်၊ မာတာ၊ ဗန်ဒီဘိခ်တို့ထဲက ဘယ်သူတွေကိုဘယ်လိုအလှည့်ကျစနစ်နဲ့ တွဲဖက်ကစားစေမလဲဆိုတာစောင့်ကြည့်ရပါမယ်။

လေ့ကျင့်ရေးကွင်းမှာ ကြိုးကြိုးစားစားလေ့ကျင့်နေတဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီတစ်ယောက် ပွဲထွက်ရနိုင်ခြေရှိတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်လည်းဖြစ်နိုင်သလို၊ ပရိသတ်တွေရှေ့ကနေ အနည်းငယ်ပျောက်နေတဲ့ ဂရင်းဝုဒ်ပါလာနိုင်ခြေရှိတဲ့ ပွဲတစ်ပွဲလည်းဖြစ်ပါတယ်။ ဒယ်နီယဲလ်ဂျိမ်းက အရန်ခုံလား၊ပွဲထွက်လား မရေရာပေမယ့် ဖာနန်ဒက်စ်ကတော့ ပွဲထွက်တစ်နေရာအတွက်သေချာသလောက်ရှိပါတယ်။

ချယ်လ်ဆီးအသင်းကတော့ အခုရာသီမှာ အသစ်ခေါ်ယူထားတဲ့ကစားသမားတွေနဲ့ ကစားသမားအဟောင်းတွေကို အပေးအယူမျှတ အသားကျဖို့အတွက် ကြိုးစားနေပါတယ်။

လောလောဆယ်မှာ ယူနိုက်တက် အသင်းဟာ အမှတ်ပေးဇယား ရဲ့ အဆင့် ၁၅ နေရာ မှာ ရမှတ် ၆ မှတ် နဲ့ ရပ်တည်နေပြီး ချဲလ်ဆီး အသင်းကတော့ ရမှတ် ၈ မှတ် နဲ့ အဆင့် ၈ နေရာမှာရပ်တည်နေပါတယ်။ ပွဲစဉ်အပြီးမှာ ဘယ်အသင်းက ဘယ်အနေအထားအထိရောက်သွားမလဲဆိုတာ ပရိသတ်တွေ ခန့်မှန်းကြည့်ကြပါအုံး။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်ဲလ္ဆီးပြဲစဥ္ အတြက္ ယူႏိုက္တက္ရဲ႕ အေနအထား

စေနေန႔ည ၁၁နာရီမွာေတာ့ ယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးအသင္းကို အိမ္ကြင္းမွာ လက္ခံကစားမွာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဟာ ေနာက္ဆုံးပြဲစဥ္မွာေတာ့ ျပင္သစ္ေျမမွာ PSG အသင္းကို အႏိုင္ရၿပီး ေအာင္လံလႊင့္ထူႏိုင္ခဲ့ပါတယ္။ အခုခ်ဲလ္ဆီးနဲ႔ ပြဲစဥ္မွာေရာ ဘယ္လိုပုံစံပြဲထြက္ကစားမလဲဆိုတာ စိတ္ဝင္စားစရာပါ။

နည္းျပဆိုးလ္ရွားဟာ PSG နဲ႔ပြဲမွာေတာ့ ဝမ္ဘစ္ဆာကာနဲ႔တဲလက္စ္တို႔အတြဲကိုသုံးခဲ့တာေၾကာင့္ ခ်ဲလ္ဆီးနဲ႔ ပြဲမွာလည္း အဲလိုအတြဲအဖက္ကို သုံးဖို႔မ်ားပါတယ္။ အခုပြဲမွာေတာ့ အသင္းေခါင္းေဆာင္ မက္ဂြားယားျပန္လည္ပါဝင္လာႏိုင္ပါတယ္။ ဘိုင္လီကေတာ့ ဒဏ္ရာျပႆနာရွိေနဆဲျဖစ္တာေၾကာင့္ ယူႏိုက္တက္နဲ႔ ၃ပတ္၊ ၄ပတ္ေလာက္ေဝးေနရပါအုံးမယ္။

လင္ဒီေလာ့ဖ္၊ လုခ္ေရွာတို႔လည္း ပြဲထြက္ရႏိုင္ေျခရွိသလို၊ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ နာမည္ေကာင္းရခဲ့တဲ့ တြမ္ဇမ္ဘီတစ္ေယာက္လည္း ေျခစြမ္းဆက္လက္ျပသခြင့္ရႏိုင္ေျခရွိပါတယ္။ PSG နဲ႔ပြဲမွာေတာ့ ကြင္းလယ္အတြဲအစပ္က ဖရက္နဲ႔ေတာ္မီေနးျဖစ္ခဲ့ေပမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ တျခားကစားသမားေတြလည္း ပြဲထြက္ခြင့္ရွိတာေၾကာင့္ နည္းျပဆိုးလ္ရွား အေနနဲ႔ ဖရက္၊ ေတာ္မီေနး၊ ေပါ့ဘာ၊ မာတစ္၊ မာတာ၊ ဗန္ဒီဘိခ္တို႔ထဲက ဘယ္သူေတြကိုဘယ္လိုအလွည့္က်စနစ္နဲ႔ တြဲဖက္ကစားေစမလဲဆိုတာေစာင့္ၾကည့္ရပါမယ္။

ေလ့က်င့္ေရးကြင္းမွာ ႀကိဳးႀကိဳးစားစားေလ့က်င့္ေနတဲ့ ဝါရင့္တိုက္စစ္မႉး ကာဗာနီတစ္ေယာက္ ပြဲထြက္ရႏိုင္ေျခရွိတဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္လည္းျဖစ္ႏိုင္သလို၊ ပရိသတ္ေတြေရွ႕ကေန အနည္းငယ္ေပ်ာက္ေနတဲ့ ဂရင္းဝုဒ္ပါလာႏိုင္ေျခရွိတဲ့ ပြဲတစ္ပြဲလည္းျဖစ္ပါတယ္။ ဒယ္နီယဲလ္ဂ်ိမ္းက အရန္ခုံလား၊ပြဲထြက္လား မေရရာေပမယ့္ ဖာနန္ဒက္စ္ကေတာ့ ပြဲထြက္တစ္ေနရာအတြက္ေသခ်ာသေလာက္ရွိပါတယ္။

ခ်ယ္လ္ဆီးအသင္းကေတာ့ အခုရာသီမွာ အသစ္ေခၚယူထားတဲ့ကစားသမားေတြနဲ႔ ကစားသမားအေဟာင္းေတြကို အေပးအယူမွ်တ အသားက်ဖို႔အတြက္ ႀကိဳးစားေနပါတယ္။နည္းျပလမ္းပတ္အသင္းဟာ ၾကားရက္မွာပြဲကစားထားရတာေၾကာင့္ အခုညပြဲမွာ ကစားသမားအေျပာင္းအလဲအေတာ္မ်ားမ်ား လုပ္ေဆာင္လာပါလိမ့္မယ္။

​ေလာ​​ေလာဆယ္မွာ ယူႏိုက္တက္ အသင္းဟာ အမွတ္ေပးဇယား ရဲ႕ အဆင့္ ၁၅ ေနရာ မွာ ရမွတ္ ၆ မွတ္ နဲ႔ ရပ္တည္ေနၿပီး ခ်ဲလ္ဆီး အသင္းကေတာ့ ရမွတ္ ၈ မွတ္ နဲ႔ အဆင့္ ၈ ေနရာမွာရပ္တည္ေနပါတယ္။ ပြဲစဥ္အၿပီးမွာ ဘယ္အသင္းက ဘယ္အ​ေနအထားအထိ​ေရာက္သြားမလဲဆိုတာ ပရိသတ္​ေတြ ခန္႔မွန္းၾကည့္ၾကပါအုံး။