
ဒီကနေ့ည ချဲလ်ဆီးနဲ့ကစားရမယ့်ပွဲဟာ ယူနိုက်တက်အသင်းအတွက်သာမက
ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုအတွက်လည်း အရေးပါတဲ့ပွဲဖြစ်ပါတယ်။
ပရီးမီးယားလိဂ်နောက်ဆုံး ၇ပွဲမှာ ၅ပွဲရှုံးခဲ့တဲ့ယူနိုက်တက်အတွက်
ရလဒ်ကောင်းပြန်ရ ဖို့ ရည်မှန်းကြိုးစားရမယ့်ပွဲဖြစ်ပြီး ရော်နယ်ဒိုအတွက်ကတော့
သူ့အတွက် ကျိန် စာလိုဖြစ်နေခဲ့တဲ့ မှတ်တမ်းဆိုးတစ်ခုကို
ချေဖျက်နိုင်ဖို့ကြိုးစားရမယ့်ပွဲပါ။ ဆု ကြေးစားကစားသမားဘ၀တစ်လျှောက်
ကလပ်နဲ့နိုင်ငံအတွက် ၁,၀၉၅ပွဲမှာ ၇၉၉ ဂိုးသွင်းထားတဲ့ ရော်နယ်ဒိုရဲ့
ဂိုးသွင်းသေချာမှုက နောက်ခံလူတိုင်းအတွက် အိပ်မက်ဆိုးဖြစ်စေခဲ့တာပါ။
ရော်နယ်ဒိုဟာ နိုင်ငံတကာပွဲတွေမှာ ဂိုးအများဆုံးသွင်းထားသူအဖြစ်လည်း
ဂင်းနစ်စံချိန်တင်ထားသူဖြစ်ပါတယ်။အဲဒီလောက် ဂိုးတွေအများကြီး
သွင်းခဲ့တာတောင် ရော်နယ်ဒိုရဲ့ကစားသမားဘဝမှာ
ဂိုးသွင်းနိုင်ဖို့ အမြဲရုန်းကန်ခဲ့ရတဲ့ ပြိုင်ဘက်အသင်းတစ်သင်းရှိခဲ့တယ်ဆိုရင်
အတော်များများက ယုံကြည်မှာမဟုတ်ပါဘူး။ မယုံမရှိကြပါနဲ့။
အဲဒီလိုအသင်းမျိုး တကယ်ရှိခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေး
ဇယားကိုဦးဆောင်ထား တဲ့ ချဲလ်ဆီးအသင်းဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ
ယူနိုက်တက်ကစားသမားဘ၀ ပထမသက်တမ်းအတွင်း ချဲလ်ဆီးနဲ့
ပရီးမီးယားလိဂ်၁၀ပွဲရင်ဆိုင်ခဲ့ဖူးရာမှာ တစ် ဂိုးမှမသွင်းနိုင်ခဲ့ဘဲ
ဂိုးဖန်တီးမှု ၂ကြိမ်သာလုပ်နိုင်ခဲ့ပါတယ်။ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့
ချန်ပီယံလိဂ်ပွဲတွေကိုပါထည့်တွက်ရင် ချဲလ်ဆီးနဲ့ ရင်ဆိုင်ခဲ့ရတဲ့
ပြိုင်ပွဲစုံ ၁၅ပွဲမှာ ရှားရှားပါးပါး ၁ဂိုးသာသွင်းခဲ့ဖူးတာပါ။
အဲဒီဂိုးကတော့ ယူနိုက်တက်က ချဲလ်ဆီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရဗိုလ်စွဲခဲ့တဲ့
၂၀၀၈ ချန်ပီ ယံလိဂ်ဖိုင်နယ်မှာသွင်းနိုင်ခဲ့တာဖြစ်ပြီး ဒါတောင်
ပင်နယ်တီလွဲခဲ့တာမို့ ဖလားရတာတောင် တင်းပြည့်ကျပ်ပြည့်မပျော်နိုင်ဘဲ
မျက်ရည်ကျခဲ့ရပါသေးတယ်။ ဥရောပထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရာမှာ
ရော်နယ်ဒို ဂိုးအသွင်းနိုင်ဆုံးအသင်းက အက်သလက်တီကို (၃၅ပွဲ/၂၅ဂိုး)ဖြစ်ပြီး
ဂိုးအနည်းဆုံးသွင်းနိုင်တာက တော့ ချဲလ်ဆီး (၁၅ပွဲ/၁ဂိုး)ဖြစ်ခဲ့တာပါ။
ဒီကနေ့ည စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာကစားရမယ့်ပွဲကတော့ ရော်နယ်ဒိုအတွက်
ချဲလ်ဆီးနဲ့ရင်ဆိုင်ရမယ့် ပြိုင်ပွဲစုံ ၁၆ ပွဲမြောက်ဖြစ်ပြီး ချဲလ်ဆီးဘက်ကို
ပရီးမီးယားလိဂ်ဂိုးမသွင်းဖူးသေးတဲ့ကျိန်စာကို ပျက်ပြယ်အောင်
စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။
zawgyi
ခ်ဲလ္ဆီးဘက္ကို ပရီးမီးယားလိဂ္ဂိုးမသြင္းဖူးေသးတဲ့က်ိန္စာကို ပ်က္ျပယ္ေအာင္ ေရာ္နယ္ဒို စြမ္းေဆာင္ႏိုင္မလား
ဒီကေန႔ည ခ်ဲလ္ဆီးနဲ႔ကစားရမယ့္ပြဲဟာ ယူႏိုက္တက္အသင္းအတြက္သာမက
ေပၚတူဂီတိုက္စစ္မႉးေရာ္နယ္ဒိုအတြက္လည္း အေရးပါတဲ့ပြဲျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ေနာက္ဆုံး ၇ပြဲမွာ ၅ပြဲရႈံးခဲ့တဲ့ယူႏိုက္တက္အတြက္
ရလဒ္ေကာင္းျပန္ရ ဖို႔ ရည္မွန္းႀကိဳးစားရမယ့္ပြဲျဖစ္ၿပီး ေရာ္နယ္ဒိုအတြက္ကေတာ့
သူ႔အတြက္ က်ိန္ စာလိုျဖစ္ေနခဲ့တဲ့ မွတ္တမ္းဆိုးတစ္ခုကို
ေခ်ဖ်က္ႏိုင္ဖို႔ႀကိဳးစားရမယ့္ပြဲပါ။ ဆု ေၾကးစားကစားသမားဘ၀တစ္ေလွ်ာက္
ကလပ္နဲ႔ႏိုင္ငံအတြက္ ၁,၀၉၅ပြဲမွာ ၇၉၉ ဂိုးသြင္းထားတဲ့ ေရာ္နယ္ဒိုရဲ႕
ဂိုးသြင္းေသခ်ာမႈက ေနာက္ခံလူတိုင္းအတြက္ အိပ္မက္ဆိုးျဖစ္ေစခဲ့တာပါ။
ေရာ္နယ္ဒိုဟာ ႏိုင္ငံတကာပြဲေတြမွာ ဂိုးအမ်ားဆုံးသြင္းထားသူအျဖစ္လည္း
ဂင္းနစ္စံခ်ိန္တင္ထားသူျဖစ္ပါတယ္။အဲဒီေလာက္ ဂိုးေတြအမ်ားႀကီး
သြင္းခဲ့တာေတာင္ ေရာ္နယ္ဒိုရဲ႕ကစားသမားဘဝမွာ
ဂိုးသြင္းႏိုင္ဖို႔ အၿမဲ႐ုန္းကန္ခဲ့ရတဲ့ ၿပိဳင္ဘက္အသင္းတစ္သင္းရွိခဲ့တယ္ဆိုရင္
အေတာ္မ်ားမ်ားက ယုံၾကည္မွာမဟုတ္ပါဘူး။ မယုံမရွိၾကပါနဲ႔။
အဲဒီလိုအသင္းမ်ိဳး တကယ္ရွိခဲ့ၿပီး လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပး
ဇယားကိုဦးေဆာင္ထား တဲ့ ခ်ဲလ္ဆီးအသင္းျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ
ယူႏိုက္တက္ကစားသမားဘ၀ ပထမသက္တမ္းအတြင္း ခ်ဲလ္ဆီးနဲ႔
ပရီးမီးယားလိဂ္၁၀ပြဲရင္ဆိုင္ခဲ့ဖူးရာမွာ တစ္ ဂိုးမွမသြင္းႏိုင္ခဲ့ဘဲ
ဂိုးဖန္တီးမႈ ၂ႀကိမ္သာလုပ္ႏိုင္ခဲ့ပါတယ္။ အက္ဖ္ေအဖလား၊ လိဂ္ဖလားနဲ႔
ခ်န္ပီယံလိဂ္ပြဲေတြကိုပါထည့္တြက္ရင္ ခ်ဲလ္ဆီးနဲ႔ ရင္ဆိုင္ခဲ့ရတဲ့
ၿပိဳင္ပြဲစုံ ၁၅ပြဲမွာ ရွားရွားပါးပါး ၁ဂိုးသာသြင္းခဲ့ဖူးတာပါ။ အဲဒီဂိုးကေတာ့
ယူႏိုက္တက္က ခ်ဲလ္ဆီးကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရဗိုလ္စြဲခဲ့တဲ့
၂၀၀၈ ခ်န္ပီ ယံလိဂ္ဖိုင္နယ္မွာသြင္းႏိုင္ခဲ့တာျဖစ္ၿပီး ဒါေတာင္
ပင္နယ္တီလြဲခဲ့တာမို႔ ဖလားရတာေတာင္ တင္းျပည့္က်ပ္ျပည့္မေပ်ာ္ႏိုင္ဘဲ
မ်က္ရည္က်ခဲ့ရပါေသးတယ္။ ဥေရာပထိပ္တန္းအသင္းေတြနဲ႔ ရင္ဆိုင္ခဲ့ရာမွာ
ေရာ္နယ္ဒို ဂိုးအသြင္းႏိုင္ဆုံးအသင္းက အက္သလက္တီကို (၃၅ပြဲ/၂၅ဂိုး)ျဖစ္ၿပီး
ဂိုးအနည္းဆုံးသြင္းႏိုင္တာက ေတာ့ ခ်ဲလ္ဆီး (၁၅ပြဲ/၁ဂိုး)ျဖစ္ခဲ့တာပါ။
ဒီကေန႔ည စတမ္းဖို႔ဒ္ဘရစ္ခ်္ကြင္းမွာကစားရမယ့္ပြဲကေတာ့ ေရာ္နယ္ဒိုအတြက္
ခ်ဲလ္ဆီးနဲ႔ရင္ဆိုင္ရမယ့္ ၿပိဳင္ပြဲစုံ ၁၆ ပြဲေျမာက္ျဖစ္ၿပီး ခ်ဲလ္ဆီးဘက္ကို
ပရီးမီးယားလိဂ္ဂိုးမသြင္းဖူးေသးတဲ့က်ိန္စာကို ပ်က္ျပယ္ေအာင္
စြမ္းေဆာင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရပါလိမ့္မယ္။