ချဲလ်ဆီးယူ -၂၃ ပွဲမှာ အမှားနှစ်ကြိမ်ကနေ ၂ ဂိုးပေးခဲ့ရပေမယ့် ပီတာချက် ပါဝင်ကစားခဲ့တာကြောင့် ပရိသတ်တွေက သဘောကျနေခြိုက်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းရဲ့ ဝါရင့်ဂိုးသမားကြီး ပီတာချက်ဟာ စပါးနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ယူ -၂၃ ပွဲစဉ်မှာပါဝင်ကစားခဲ့ပြီး သူ့အမှားကနေတစ်ဆင့်ချဲလ်ဆီးက ၂ ဂိုးပေးခဲ့ရကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်-၂ အဖြစ်ယှဉ်ပြိုင်ကြတဲ့ အဲဒီပွဲစဉ်မှာ ချဲလ်ဆီးက ၃-၂ နဲ့အနိုင်ရခဲ့ပေမယ့် ပီတာချက်အမှားတွေကြောင့် ၂ ဂိုးအရင်ပေးခဲ့ရလို့ နောက်ကနေလိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ပီတာချက်ဟာ ပိုင်ရှင်မိုဗစ်ချ်လက်ထက် ချဲလ်ဆီးအသင်းရဲ့အောင်မြင်မှုရှိတဲ့အချိန်မှာ အဓိကကျသူတစ်ဦးဖြစ်ခဲ့ပေမယ့် အာဆင်နယ်ကို လည်းပြောင်းကစားခဲ့ပါသေးတယ်။ သူဟာ ၂၀၁၈-၁၉ ဘောလုံးရာသီကုန်ချိန်မှာ ကစားသမားဘဝကအနားယူခဲ့ပြီးချဲလ်ဆီးကို ပြန်ရောက်လာကာ နည်းစနစ်ဒါရိုက်တာအဖြစ်နဲ့ရော စွမ်းဆောင်မှုပိုင်းဆိုင်ရာ အကြံပေးအဖြစ်နဲ့ပါ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

သူဟာအနားယူပြီးပေမယ့် အခုရာသီအစပိုင်းက ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်လူစာရင်းမှာ ပါဝင်ခဲ့လို့ အံအား သင့်ခဲ့ကြပြီး နည်းပညာပိုင်းအမှားအယွင်းကြောင့် ပါခဲ့တာလားလို့ ထင်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ချဲလ်ဆီးက ကြေညာချက် ထုတ်ပြန်ရာမှာပီတာချက်ကို ထည့်သွင်းခဲ့တာအမှန်ဖြစ်ပြီး အရေးပေါ်အနေနဲ့ စာချုပ် ချုပ်ဆိုခြင်းမရှိဘဲ နာမည်ခံအဖြစ်သာ ထည့်သွင်းခဲ့တာလို့ဆိုခဲ့ပါတယ်။

ကီပါလက်စွမ်းတွေကျဆင်းလာပြီး ချဲလ်ဆီးအသင်းရဲ့ ဂိုးပေါက်ကို တာဝန်ယူလာမယ့် မန်ဒီကလည်း အသင်းကိုရောက်ကာစ အချိန်ဖြစ်နေတာကြောင့် လမ်းပတ်က ပီတာချက်ကိုအကူအညီပေးဖို့ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ မန်ဒီကလည်းတည်ငြိမ်တဲ့လက်စွမ်းတွေပြနေခဲ့သလို ၊ ကီပါနဲ့ ကာဘယ်လာရို တို့ရှိနေလို့ စတုတ္ထဦးစားပေး ပီတာချက်ဟာ စီနီယာအသင်းကြီးမှာ ပါဝင်ကစားဖို့ အလောတကြီးမလိုအပ်တော့ပါဘူး။

ပီတာချက်ဟာ အရင်ကသူ့လက်စွမ်းမျိုးလုံးဝမရှိတော့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ပထမဂိုးဟာ ကစားဖော်ဆီသူပြန်ပေးတဲ့ဘောလုံး ထောင့်ကန်ဘောဖြစ်ရာကတစ်ဆင့် ပေးလိုက်ရတာဖြစ်ပြီး နောက်တစ်ဂိုးဟာလည်း ဖြတ်တင်ဘောကို သူထွက်ဖမ်းရာမှာ ဆုံးဖြတ်ချက်မပြတ်သားခဲ့လို့ စပါးကစားသမားက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲဟာ ပီတာချက်အတွက် ၂၀၁၉ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အာဆင်နယ်အတွက် ပါဝင်ကစားပြီးနောက်ပိုင်း ပြိုင်ပွဲတစ်ခုမှာ သူပထမဆုံးပြန်လည်ပါဝင်ခဲ့ခြင်းလည်း ဖြစ်ခဲ့ပါတယ်။ သူ့ကိုအသုံးပြုရတာကလည်း စီနီယာအသင်းမှာ လိုအပ်လို့ ဝင်ကစားခဲ့ရင် ပွဲနဲ့မစိမ်းတော့ဘဲ ကျင့်သားရနေအောင် လို့ဖြစ်ကြောင်း သိရပါတယ်။

ပွဲဟာ မထင်မှတ်ဘဲ ကစားပုံကြမ်းတမ်းခဲ့ပြီး (၇၆)မိနစ်မှာ ဖြတ်ထုတ်ပုံကြမ်းတမ်းခဲ့ရာကနေ ချဲလ်ဆီးအသင်းနဲ့စပါး အသင်းတို့ရဲ့ ကစားသမားတွေဟာခိုက်ရန်ဖြစ်ပွားလာခဲ့တာကြောင့် ကွင်းလယ်ဒိုင်က နှစ်ဘက်စလုံးကကစားသမားနှစ်ယောက်စလုံးကို အနီကဒ်ပြသခဲ့ရပါသေးတယ်။

အင်္ဂလိပ် မီဒီယာအချို့ကတော့ ဒီပွဲမှာ ပီတာချက်ရဲ့အလွဲတွေကိုဖော်ပြခဲ့ကြကာ Performance Advisor ကြီးရဲ့အမှားအယွင်းတွေဆိုပြီးလှောင်ပြောင်တဲ့သဘောနဲ့ ဖော်ပြနေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်ဲလ္ဆီးယူ -၂၃ ပြဲမွာ အမွားႏွစ္ႀကိမ္ကေန ၂ ဂိုးေပးခဲ့ရေပမယ့္ ပီတာခ်က္ ပါဝင္ကစားခဲ့တာေၾကာင့္ ပရိသတ္ေတြက သေဘာက်ေနျခိဳက္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ ဝါရင့္ဂိုးသမားႀကီး ပီတာခ်က္ဟာ စပါးနဲ႔ယွဥ္ၿပိဳင္ခဲ့တဲ့ ယူ -၂၃ ပြဲစဥ္မွာပါဝင္ကစားခဲ့ၿပီး သူ႔အမွားကေနတစ္ဆင့္ခ်ဲလ္ဆီးက ၂ ဂိုးေပးခဲ့ရေၾကာင္း သိရပါတယ္။ ပရီးမီးယားလိဂ္-၂ အျဖစ္ယွဥ္ၿပိဳင္ၾကတဲ့ အဲဒီပြဲစဥ္မွာ ခ်ဲလ္ဆီးက ၃-၂ နဲ႔အႏိုင္ရခဲ့ေပမယ့္ ပီတာခ်က္အမွားေတြေၾကာင့္ ၂ ဂိုးအရင္ေပးခဲ့ရလို႔ ေနာက္ကေနလိုက္ကစားခဲ့ရတာျဖစ္ပါတယ္။ အသက္ ၃၈ ႏွစ္ရွိၿပီျဖစ္တဲ့ ပီတာခ်က္ဟာ ပိုင္ရွင္မိုဗစ္ခ်္လက္ထက္ ခ်ဲလ္ဆီးအသင္းရဲ႕ေအာင္ျမင္မႈရွိတဲ့အခ်ိန္မွာ အဓိကက်သူတစ္ဦးျဖစ္ခဲ့ေပမယ့္ အာဆင္နယ္ကို လည္းေျပာင္းကစားခဲ့ပါေသးတယ္။ သူဟာ ၂၀၁၈-၁၉ ေဘာလုံးရာသီကုန္ခ်ိန္မွာ ကစားသမားဘဝကအနားယူခဲ့ၿပီးခ်ဲလ္ဆီးကို ျပန္ေရာက္လာကာ နည္းစနစ္ဒါ႐ိုက္တာအျဖစ္နဲ႔ေရာ စြမ္းေဆာင္မႈပိုင္းဆိုင္ရာ အႀကံေပးအျဖစ္နဲ႔ပါ ေဆာင္႐ြက္ခဲ့သူျဖစ္ပါတယ္။

သူဟာအနားယူၿပီးေပမယ့္ အခုရာသီအစပိုင္းက ခ်ဲလ္ဆီးအသင္းရဲ႕ ပရီးမီးယားလိဂ္လူစာရင္းမွာ ပါဝင္ခဲ့လို႔ အံအား သင့္ခဲ့ၾကၿပီး နည္းပညာပိုင္းအမွားအယြင္းေၾကာင့္ ပါခဲ့တာလားလို႔ ထင္ခဲ့ၾကပါေသးတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးက ေၾကညာခ်က္ ထုတ္ျပန္ရာမွာပီတာခ်က္ကို ထည့္သြင္းခဲ့တာအမွန္ျဖစ္ၿပီး အေရးေပၚအေနနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုျခင္းမရွိဘဲ နာမည္ခံအျဖစ္သာ ထည့္သြင္းခဲ့တာလို႔ဆိုခဲ့ပါတယ္။

ကီပါလက္စြမ္းေတြက်ဆင္းလာၿပီး ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးေပါက္ကို တာဝန္ယူလာမယ့္ မန္ဒီကလည္း အသင္းကိုေရာက္ကာစ အခ်ိန္ျဖစ္ေနတာေၾကာင့္ လမ္းပတ္က ပီတာခ်က္ကိုအကူအညီေပးဖို႕ ေတာင္းဆိုခဲ့တာလည္းျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ မန္ဒီကလည္းတည္ျငိမ္တဲ့လက္စြမ္းေတြျပေနခဲ့သလို ၊ ကီပါနဲ႔ ကာဘယ္လာ႐ို တို႔ရွိေနလို႔ စတုတၳဦးစားေပး ပီတာခ်က္ဟာ စီနီယာအသင္းၾကီးမွာ ပါဝင္ကစားဖို႔ အေလာတၾကီးမလိုအပ္ေတာ့ပါဘူး။ ပီတာခ်က္ဟာ အရင္ကသူ႔လက္စြမ္းမ်ိဳးလုံးဝမရွိေတာ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ပထမဂိုးဟာ ကစားေဖာ္ဆီသူျပန္ေပးတဲ့ေဘာလုံး ေထာင့္ကန္ေဘာျဖစ္ရာကတစ္ဆင့္ ေပးလိုက္ရတာျဖစ္ၿပီး ေနာက္တစ္ဂိုးဟာလည္း ျဖတ္တင္ေဘာကို သူထြက္ဖမ္းရာမွာ ဆုံးျဖတ္ခ်က္မျပတ္သားခဲ့လို႔ စပါးကစားသမားက ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီပြဲဟာ ပီတာခ်က္အတြက္ ၂၀၁၉ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲမွာ အာဆင္နယ္အတြက္ ပါဝင္ကစားၿပီးေနာက္ပိုင္း ၿပိဳင္ပြဲတစ္ခုမွာ သူပထမဆုံးျပန္လည္ပါဝင္ခဲ့ျခင္းလည္း ျဖစ္ခဲ့ပါတယ္။ သူ႔ကိုအသုံးျပဳရတာကလည္း စီနီယာအသင္းမွာ လိုအပ္လို႔ ဝင္ကစားခဲ့ရင္ ပြဲနဲ႔မစိမ္းေတာ့ဘဲ က်င့္သားရေနေအာင္ လို႔ျဖစ္ေၾကာင္း သိရပါတယ္။ ပြဲဟာ မထင္မွတ္ဘဲ ကစားပံုၾကမ္းတမ္းခဲ့ၿပီး (၇၆)မိနစ္မွာ ျဖတ္ထုတ္ပံုၾကမ္းတမ္းခဲ့ရာကေန ခ်ဲလ္ဆီးအသင္းနဲ႕စပါး အသင္းတို႕ရဲ႕ ကစားသမားေတြဟာခိုက္ရန္ျဖစ္ပြားလာခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က ႏွစ္ဘက္စလံုးကကစားသမားႏွစ္ေယာက္စလံုးကို အနီကဒ္ျပသခဲ့ရပါေသးတယ္။ အဂၤလိပ္ မီဒီယာအခ်ိဳ႕ကေတာ့ ဒီပြဲမွာ ပီတာခ်က္ရဲ႕အလြဲေတြကိုေဖာ္ျပခဲ့ၾကကာ Performance Advisor ႀကီးရဲ႕အမွားအယြင္းေတြဆိုၿပီးေလွာင္ေျပာင္တဲ့သေဘာနဲ႔ ေဖာ္ျပေနၾကပါတယ္။