
ချဲလ်ဆီးအသင်းဘယ်နောက်ခံလူ ဘင်ချီဝဲလ် ဟာသူ့ရဲ့ညာဘက်ဒူးဒဏ်ရာကို
ခွဲစိတ်ကုသရတော့မှာဖြစ်လို့ လက်ရှိ ၂၀၂၁-၂၂ ဘောလုံးရာသီမှာ
သူပြန်ကစားနိုင်တော့မှာမဟုတ်ပါဘူး။ အင်္ဂလန်လက်ရွေးစင်လည်းဖြစ်တဲ့
ချီဝဲလ် ဟာချဲလ်ဆီးက ဂျူဗင်တပ်ကို ၄-၀ နဲ့နိုင်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ
ဒီဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ချဲလ်ဆီးအသင်းက
ချီဝဲလ် ရဲ့ဒဏ်ရာဟာခွဲစိတ်ဖို့မလိုသေးဘူးဆိုပြီး
သီတင်းပတ်အနည်းငယ်စောင့်ကြည့်ဖို့ စီစဥ်ခဲ့ပါတယ်။
နည်းပြတူချယ် ကလည်းချဲလ်ဆီးဟာ ချီဝဲလ် ရဲ့ဒဏ်ရာကို
ပုံမှန်နည်းအတိုင်းကုသပြီး သီတင်း ၆ ပတ်ကြာစောင့်ကြည့်သွားမှာဖြစ်လို့
၆ ပတ်ကြာပြီးမှသာ ခွဲစိတ်ဖို့လိုမလိုကိုဆုံးဖြတ်နိုင်မယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် ချီဝဲလ် ရဲ့ဒူးဒဏ်ရာကမသက်သာလို့ခွဲစိတ်ကုသဖို့
အင်္ဂါနေ့ကဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ချီဝဲလ်ဟာ ဒူးဒဏ်ရာရရှိတုန်းက
အရမ်းကိုနာကျင်ခဲ့ပြီးကွင်းထဲမှာလဲကျခဲ့တာဖြစ်လို့ သူခွဲစိတ်ရနိုင်တယ်လို့
အင်္ဂလန်မီဒီယာတွေကခန့်မှန်းထားပြီးသားပါ။
သူဟာပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာအင်္ဂလန်အသင်းနဲ့လွဲချော်ခဲ့သလို
ရာသီအစပိုင်းမှာလည်း အလွန်ဆိုရဲ့နောက်မှာသာနေရာရသူဖြစ်ပေမယ့်
နောက်ပိုင်းမှာသူ့ခြေစွမ်းပြနိုင်ပြီး တူချယ်ရဲ့နည်းစနစ်ပိုင်းမှာလည်း
အရေးပါသူဖြစ်လာခဲ့တာပါ။ သူဦးစားပေးနေရာရချိန်မှာ
ချဲလ်ဆီးကလည်းခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပြီး သူဒဏ်ရာရပြီးနောက်
ရလဒ်တွေတိမ်းစောင်းခဲ့သေးလို့ ချီဝဲလ် မကစားနိုင်တော့ခြင်းဟာ
ချဲလ်ဆီးရဲ့ချန်ပီယံအိပ်မက်တွေကို အရှိုက်ထိုးသလိုဖြစ်လိမ့်မယ်လို့လည်း
ဆိုကြပါတယ်။ သူဒဏ်ရာရပြီးနောက်ချဲလ်ဆီးဟာပြိင်ပွဲအရပ်ရပ်
၉ ပွဲကစားခဲ့ရာမှာ ၄ ပွဲနိုင်ပြီး ၄ ပွဲသရေကျကာ ၁ ပွဲရှုံးခဲ့ပါတယ်။
သူဟာပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ချဲလ်ဆီးနဲ့ အင်္ဂလန်အသင်းတို့အတွက်
၄ ဂိုးသွင်းယူခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၆ ပွဲကစားပြီး ၃ ဂိုးသွင်းကာ
တစ်ဂိုးဖန်တီးပေးထားပါတယ်။ သူဟာချဲလ်ဆီးအတွက်
ဒီရာသီမှာပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲသာကစားခဲ့ရပေမယ့်
နည်းနစ်ပိုင်းအရ အရေးပါသူဖြစ်ခဲ့ပါတယ်။
zawgyi
ခ်ဲလ္ဆီးရဲ႕ခ်န္ပီယံအိပ္မက္ေတြကို အရႈိက္ထိုးလိုက္သလိုပဲ
ခ်ဲလ္ဆီးအသင္းဘယ္ေနာက္ခံလူ ဘင္ခ်ီဝဲလ္ ဟာသူ႔ရဲ႕ညာဘက္ဒူးဒဏ္ရာကို
ခြဲစိတ္ကုသရေတာ့မွာျဖစ္လို႔ လက္ရွိ ၂၀၂၁-၂၂ ေဘာလုံးရာသီမွာ
သူျပန္ကစားႏိုင္ေတာ့မွာမဟုတ္ပါဘူး။ အဂၤလန္လက္ေ႐ြးစင္လည္းျဖစ္တဲ့
ခ်ီဝဲလ္ ဟာခ်ဲလ္ဆီးက ဂ်ဴဗင္တပ္ကို ၄-၀ နဲ႔ႏိုင္ခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ
ဒီဒဏ္ရာရခဲ့တာျဖစ္ပါတယ္။ အဲဒီတုန္းက ခ်ဲလ္ဆီးအသင္းက
ခ်ီဝဲလ္ ရဲ႕ဒဏ္ရာဟာခြဲစိတ္ဖို႔မလိုေသးဘူးဆိုၿပီး
သီတင္းပတ္အနည္းငယ္ေစာင့္ၾကည့္ဖို႔ စီစဥ္ခဲ့ပါတယ္။
နည္းျပတူခ်ယ္ ကလည္းခ်ဲလ္ဆီးဟာ ခ်ီဝဲလ္ ရဲ႕ဒဏ္ရာကို
ပုံမွန္နည္းအတိုင္းကုသၿပီး သီတင္း ၆ ပတ္ၾကာေစာင့္ၾကည့္သြားမွာျဖစ္လို႔
၆ ပတ္ၾကာၿပီးမွသာ ခြဲစိတ္ဖို႔လိုမလိုကိုဆုံးျဖတ္ႏိုင္မယ္လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္ ခ်ီဝဲလ္ ရဲ႕ဒူးဒဏ္ရာကမသက္သာလို႔ခြဲစိတ္ကုသဖို႔
အဂၤါေန႔ကဆုံးျဖတ္လိုက္တာျဖစ္ပါတယ္။
အသက္ ၂၅ ႏွစ္ရွိၿပီျဖစ္တဲ့ ခ်ီဝဲလ္ဟာ ဒူးဒဏ္ရာရရွိတုန္းက
အရမ္းကိုနာက်င္ခဲ့ၿပီးကြင္းထဲမွာလဲက်ခဲ့တာျဖစ္လို႔ သူခြဲစိတ္ရႏိုင္တယ္လို႔
အဂၤလန္မီဒီယာေတြကခန႔္မွန္းထားၿပီးသားပါ။
သူဟာၿပီးခဲ့တဲ့ ယူ႐ို ၂၀၂၀ မွာအဂၤလန္အသင္းနဲ႔လြဲေခ်ာ္ခဲ့သလို
ရာသီအစပိုင္းမွာလည္း အလြန္ဆိုရဲ႕ေနာက္မွာသာေနရာရသူျဖစ္ေပမယ့္
ေနာက္ပိုင္းမွာသူ႔ေျခစြမ္းျပႏိုင္ၿပီး တူခ်ယ္ရဲ႕နည္းစနစ္ပိုင္းမွာလည္း
အေရးပါသူျဖစ္လာခဲ့တာပါ။ သူဦးစားေပးေနရာရခ်ိန္မွာ
ခ်ဲလ္ဆီးကလည္းေျခစြမ္းျပႏိုင္ခဲ့တာျဖစ္ၿပီး သူဒဏ္ရာရၿပီးေနာက္
ရလဒ္ေတြတိမ္းေစာင္းခဲ့ေသးလို႔ ခ်ီဝဲလ္ မကစားႏိုင္ေတာ့ျခင္းဟာ
ခ်ဲလ္ဆီးရဲ႕ခ်န္ပီယံအိပ္မက္ေတြကို အရႈိက္ထိုးသလိုျဖစ္လိမ့္မယ္လို႔လည္း
ဆိုၾကပါတယ္။ သူဒဏ္ရာရၿပီးေနာက္ခ်ဲလ္ဆီးဟာၿပိင္ပြဲအရပ္ရပ္
၉ ပြဲကစားခဲ့ရာမွာ ၄ ပြဲႏိုင္ၿပီး ၄ ပြဲသေရက်ကာ ၁ ပြဲရႈံးခဲ့ပါတယ္။
သူဟာၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းမွာ ခ်ဲလ္ဆီးနဲ႔ အဂၤလန္အသင္းတို႔အတြက္
၄ ဂိုးသြင္းယူခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ၆ ပြဲကစားၿပီး ၃ ဂိုးသြင္းကာ
တစ္ဂိုးဖန္တီးေပးထားပါတယ္။ သူဟာခ်ဲလ္ဆီးအတြက္
ဒီရာသီမွာၿပိဳင္ပြဲအရပ္ရပ္ ၁၂ ပြဲသာကစားခဲ့ရေပမယ့္
နည္းနစ္ပိုင္းအရ အေရးပါသူျဖစ္ခဲ့ပါတယ္။