ချဲလ်ဆီးရဲ့အစဥ်အလာဆိုးလမ်းကြောင်းပေါ်မှာရှိနေတဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ်(ဆောင်းပါး)

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးနည်းပြ လမ်းပတ်ကတော့ ဂျာမန်သားနှစ်ယောက်ဖြစ်တဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်ဇ် တို့နှစ်ယောက် ခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်နေတာပါဘဲ။ ဒါပေမယ့် ဒီနှစ်ယောက်ရဲ့ လက်ရှိပုံစံက လမ်းပတ် ကိုစိုးရိမ်စိတ် ဖြစ်စေတာကိုတော့ ငြင်းလို့မရပါဘူး။ ချဲလ်ဆီးဟာ သူတို့နှစ်ယောက်အတွက် ပြီးခဲ့တဲ့နွေရာသီတုန်းကပေါင် ၁၄၂ သန်းအထိကုန်ကျခဲ့ရတာပါ။ လေဗာကူဆင်ကရောက်လာတဲ့ ဟာဗက်ဇ်က တော်သေးပေမယ့် လိုက်ပ်ဇစ် ကနေရောက်လာတဲ့ ဝါနာကတော့ အရမ်းကိုဆိုးရွားနေပြီး ပြိုင်ပွဲအရပ်ရပ် ၁၂ ပွဲဆက်တိုက်နိုင်ပွဲပျောက်ခဲ့တာ ပါ။ ပြောရမယ်ဆိုရင် သူတို့ဟာဂျာမနီမှာရှိနေတုန်းက သက်ဆိုင်ရာကလပ်တွေမှာ ခြေစွမ်းအရမ်းပြနေလို့ ချဲ လ်ဆီးက အားကိုးတကြီးနဲ့ခေါ်ခဲ့တာပါ။ ပြီးခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာတော့ နှစ်ဦးစလုံးဂိုးပြန်သွင်းနိုင်ခဲ့ပေ မယ့် သူတို့ဂိုးသွင်းခဲ့တဲ့အသင်းက လိဂ် ၂ ကလပ် မိုးကမ်ဘီ သာဖြစ်ပြီး ချဲလ်ဆီးကလည်း ၄ ဂိုးပြတ်နဲ့နိုင်ခဲ့တာပါ။

အဲဒီနေ့က လမ်းပတ်ပွဲထုတ်တဲ့အသင်းဟာ သတ္တဝါနဲ့ လက်နက်နဲ့မမျှဘူးလို့တောင်ဆိုကြပြီး ပရီးမီးယား လိဂ်ပွဲစဥ် တစ်ခုကိုရင်ဆိုင်ရသလိုမျိုး လူအင်အားအပြည့်နီးပါးဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲမှာဂိုးသွင်းနိုင်ခဲ့တာဟာ ဘာမှအထင်ကြီးစရာမရှိဘူးလို့ ပြင်းထန်စွာဝေဖန်လို့ရပါတယ်။ ဒါပေမယ့် ချဲလ်ဆီးရဲ့ ခေတ်သစ်သမိုင်းကြောင်းနဲ့ ထပ်တူဖြစ်ခဲ့တဲ့ လမ်းပတ်ကတော့ ဒီဂျာမန်သားတွေအတွက် စိုးရိမ်စရာ ဖြစ်နေတာကို ဟန်လုပ်ပြီးဖုံးဖိနေရတာတော့အမှန်ပါဘဲ။ ချဲလ်ဆီးကို အေဘရာမိုဗစ်ပိုင်ဆိုင်ပြီးနောက် ဈေးကြီး ပေးဝယ်ရတဲ့ သူတွေအလုပ်မဖြစ်မှုက အများကြီးရှိနေတာကို လမ်းပတ်သိထားပါတယ်။ အလုပ်ဖြစ်တဲ့သူတွေ မရှိဘူး မဟုတ်ပေမယ့် အလုပ်မဖြစ်တဲ့ သူတွေကပိုများပါတယ်။ ဒါကြောင့် ဝါနာနဲ့ ဟာဗက် တို့ ဒီအစဥ်အလာ ဆိုးနောက်ကို လိုက်သွားမှာ လမ်းပတ်က စိုးရိမ်နေတာပါ။

ဒါပေမယ့် စောစောကပြောခဲ့သလို လမ်းပတ်ကတော့ ဟန်ကိုယ့်ဖို့နဲ့ပါဘဲ။ သူက ဟာဇတ်စရောက်တုန်းက ခြေစွမ်းမပြနိုင်မှုနဲ့တောင် နှိုင်းယှဥ်ပြီးအားပေးလိုက် ပါသေးတယ်။ လမ်းပတ်က ” ဝါနာနဲ့ ဟာဗက်အတွက် ဟာဇတ်က စံနမူနာကြီးတစ်ခုဘဲဗျ။ ဟာဇတ်ဟာ ချဲလ် ဆီးကိုရောက်လာပြီးနောက် ကလပ်သမိုင်းမှာ အကြီးကျယ်ဆုံးသူတွေထဲက တစ်ဦးဖြစ်သွားတာကိုလည်း ခင် ဗျားတို့သိကြတာဘဲ။ လိဂ်တစ်ခုကနေ တစ်ခုပြောင်းရတာ လွယ်တာမှ မဟုတ်တာ။ ဟာဇတ် လည်းစရောက် တုန်းက ရုန်းကန်ခဲ့ရတာဘဲလေ။ ပရီးမီးယားလိဂ်ဟာ ခက်ခဲတဲ့အတွက် သူတို့နှစ်ဦးကို အချိန်ပေးရပါမယ်။ သူ တို့ကို အနာဂတ်အတွက်ပါရည်ရွယ် ခေါ်ယူခဲ့တာပါ” လို့ပြောသွားပါတယ်။

ဒါပေမယ့် ဈေးကြီးပြီးအလုပ်မဖြစ်တဲ့သူတွေ ချဲလ်ဆီးသမိုင်းမှာအများကြီးရှိခဲ့တာကိုတော့ ငြင်းလို့မရပါဘူး။ ဒါကိုလမ်းပတ်အသိဆုံးပါ။ ကမ္ဘာမှာ သူ့ခေတ်သူ့အခါတုန်းက ထိပ်သီးတိုက်စစ်မှူးဖြစ်ခဲ့တဲ့ ရှက်ချန်ကို တစ် ယောက် ၂၀၀၆ မှာသူကစားနေတဲ့ အေစီကနေ ချဲလ်ဆီးကိုပေါင်သန်း ၃၀ နဲ့ပြောင်းလာပြီးနောက် ကစားသမား ဘဝ အဆုံးသတ်လုနီးပါးဖြစ်သွားတဲ့ ဖြစ်ရပ်ကစလို့ ဂိုးသမား ကီပါ အဆုံးမအောင်မြင်တဲ့သူတွေ အများကြီးပါ ဘဲ။ ရှက်ချန်ကို ဆိုရင်အဲဒီတုန်းက အင်္ဂလိပ်ကလပ်တွေရဲ့ စံချိန်တင်ကြေးနဲ့ရောက်လာတဲ့သူပါ။ သူ့ကိုခေါ်ခဲ့မှု မှာ ပိုင်ရှင်မိုဗစ်က အများကြီးချယ်လှယ်ခဲ့တာဖြစ်ပြီး မော်ရင်ဟို ကမကြိုက်တာကြောင့် သူဟာချဲလ်ဆီးနဲ့ လမ်း ခွဲရတဲ့အထိ ပြဿနာကြီးထွားခဲ့တာပါ။ ကီပါဆိုရင်လည်း ၂၀၁၈ တုန်းက ဘီလ်ဘာအိုကနေပေါင် ၇၂ သန်းနဲ့ ရောက်လာတဲ့သူဖြစ်ပေမယ့် အခုတော့ အရန်ဘဝဖြစ်နေပါပြီ။ သူ့ရဲ့တန်ကြေးဟာ ဂိုးသမားတွေထဲမှာ စံချိန် တင်ဖြစ်နေဆဲပါဘဲ။

ဈေးကြီးပြီး မအောင်မြင်တဲ့ သူတွေကိုပြောရမယ်ဆိုရင် ရှက်ချန်ကို( ၂၀၀၆ မှာ အေစီက နေပေါင်သန်း ၃၀ နဲ့ရောက်ရှိ)၊ ဖာနန်ဒိုတောရက်စ် ( ၂၀၁၁ မှာ လီဗာပူးကနေအဲဒီတုန်းက ဗြိတိန်စံချိန်တင် ကြေးပေါင်သန်း ၅၀ နဲ့ရောက်လာ)၊ ရှောင်ရိုက်ဖိလစ်( ၂၀၀၅ မှာ မန်စီးတီးကနေပေါင် ၂၁ သန်းနဲ့ရောက်လာ)၊ မူတူး( ၂၀၀၃ မှာ ပါးမားကနေပေါင် ၁၅.၈ သန်းနဲ့ရောက်လာ)၊

ဗာရွန်( ၂၀၀၃ မှာပေါင် ၁၅ သန်းနဲ့ မန်ယူက နေရောက်လာ)၊ ကီပါ( ၂၀၁၈ မှာ ဘီလ်ဘာအိုကနေပေါင် ၇၂ သန်းနဲ့ရောက်လာ)၊ ဘာကာယိုကို( ၂၀၁၇ မှာ မိုနာကိုကနေ ပေါင်သန်း ၄၀ နဲ့ရောက်လာ)၊ မိုရာတာ( ၂၀၁၇ မှာပေါင်သန်း ၆၀ နဲ့ ရီးရဲလ်မက်ဒရစ်ကနေရောက် လာ)၊ ယူရီဇာကော့ဗ်( ၂၀၀၉ မှာ CSKA မော်စကိုကနေပေါင် ၁၈ သန်းနဲ့ရောက်လာ)၊ ဒန်နီဒရင့်ဝါးတား( ၂၀၁၇ မှာ လက်စတာကနေပေါင် ၃၅ သန်းနဲ့ရောက်လာ) တို့ဟာ ချဲလ်ဆီးသမိုင်းမှာ expensive flop( ပေးရတဲ့ဈေးနဲ့ မတန်တဲ့သူတွေ) လို့ သတ်မှတ်ခံထားရတာပါ။ ဒီတော့ ဝါနာနဲ့ ဟာဗက် တို့ကရော ဘယ်လိုဖြစ်လာမလဲ ။ လက် ရှိအထိတော့ အားရစရာမရှိသေးပါဘူး။ သူတို့ဟာ expensive flop ဖြစ်ဖို့လမ်းကြောင်းပေါ်မှာရော အသုံးတည့် မယ့်လမ်းကြောင်းပေါ်မှာပါ ရှိနေသေးတယ်လို့ဘဲ ဆိုရပါလိမ့်မယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ကေတာ့ ဂ်ာမန္သားႏွစ္ေယာက္ျဖစ္တဲ့ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္ဇ္ တို႔ႏွစ္ေယာက္ ေျခစြမ္းျပႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာပါဘဲ။ ဒါေပမယ့္ ဒီႏွစ္ေယာက္ရဲ႕ လက္ရွိပုံစံက လမ္းပတ္ ကိုစိုးရိမ္စိတ္ ျဖစ္ေစတာကိုေတာ့ ျငင္းလို႔မရပါဘူး။ ခ်ဲလ္ဆီးဟာ သူတို႔ႏွစ္ေယာက္အတြက္ ၿပီးခဲ့တဲ့ေႏြရာသီတုန္းကေပါင္ ၁၄၂ သန္းအထိကုန္က်ခဲ့ရတာပါ။ ေလဗာကူဆင္ကေရာက္လာတဲ့ ဟာဗက္ဇ္က ေတာ္ေသးေပမယ့္ လိုက္ပ္ဇစ္ ကေနေရာက္လာတဲ့ ဝါနာကေတာ့ အရမ္းကိုဆိုး႐ြားေနၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၁၂ ပြဲဆက္တိုက္ႏိုင္ပြဲေပ်ာက္ခဲ့တာ ပါ။ ေျပာရမယ္ဆိုရင္ သူတို႔ဟာဂ်ာမနီမွာရွိေနတုန္းက သက္ဆိုင္ရာကလပ္ေတြမွာ ေျခစြမ္းအရမ္းျပေနလို႔ ခ်ဲ လ္ဆီးက အားကိုးတႀကီးနဲ႔ေခၚခဲ့တာပါ။ ၿပီးခဲ့တဲ့ အက္ဖ္ေအဖလားပြဲမွာေတာ့ ႏွစ္ဦးစလုံးဂိုးျပန္သြင္းႏိုင္ခဲ့ေပ မယ့္ သူတို႔ဂိုးသြင္းခဲ့တဲ့အသင္းက လိဂ္ ၂ ကလပ္ မိုးကမ္ဘီ သာျဖစ္ၿပီး ခ်ဲလ္ဆီးကလည္း ၄ ဂိုးျပတ္နဲ႔ႏိုင္ခဲ့တာ ပါ။ အဲဒီေန႔က လမ္းပတ္ပြဲထုတ္တဲ့အသင္းဟာ သတၱဝါနဲ႔ လက္နက္နဲ႔မမွ်ဘူးလို႔ေတာင္ဆိုၾကၿပီး ပရီးမီးယား လိဂ္ပြဲစဥ္ တစ္ခုကိုရင္ဆိုင္ရသလိုမ်ိဳး လူအင္အားအျပည့္နီးပါးျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီပြဲမွာဂိုးသြင္းႏိုင္ခဲ့တာဟာ ဘာမွအထင္ႀကီးစရာမရွိဘူးလို႔ ျပင္းထန္စြာေဝဖန္လို႔ရပါတယ္။ ဒါေပမယ့္ ခ်ဲလ္ဆီးရဲ႕ ေခတ္သစ္သမိုင္းေၾကာင္းနဲ႔ ထပ္တူျဖစ္ခဲ့တဲ့ လမ္းပတ္ကေတာ့ ဒီဂ်ာမန္သားေတြအတြက္ စိုးရိမ္စရာ ျဖစ္ေနတာကို ဟန္လုပ္ၿပီးဖုံးဖိေနရတာေတာ့အမွန္ပါဘဲ။ ခ်ဲလ္ဆီးကို ေအဘရာမိုဗစ္ပိုင္ဆိုင္ၿပီးေနာက္ ေဈးႀကီး ေပးဝယ္ရတဲ့ သူေတြအလုပ္မျဖစ္မႈက အမ်ားႀကီးရွိေနတာကို လမ္းပတ္သိထားပါတယ္။ အလုပ္ျဖစ္တဲ့သူေတြ မရွိဘူး မဟုတ္ေပမယ့္ အလုပ္မျဖစ္တဲ့ သူေတြကပိုမ်ားပါတယ္။

ဒါေၾကာင့္ ဝါနာနဲ႔ ဟာဗက္ တို႔ ဒီအစဥ္အလာ ဆိုးေနာက္ကို လိုက္သြားမွာ လမ္းပတ္က စိုးရိမ္ေနတာပါ။ ဒါေပမယ့္ ေစာေစာကေျပာခဲ့သလို လမ္းပတ္ကေတာ့ ဟန္ကိုယ့္ဖို႔နဲ႔ပါဘဲ။ သူက ဟာဇတ္စေရာက္တုန္းက ေျခစြမ္းမျပႏိုင္မႈနဲ႔ေတာင္ ႏႈိင္းယွဥ္ၿပီးအားေပးလိုက္ ပါေသးတယ္။ လမ္းပတ္က ” ဝါနာနဲ႔ ဟာဗက္အတြက္ ဟာဇတ္က စံနမူနာႀကီးတစ္ခုဘဲဗ်။ ဟာဇတ္ဟာ ခ်ဲလ္ ဆီးကိုေရာက္လာၿပီးေနာက္ ကလပ္သမိုင္းမွာ အႀကီးက်ယ္ဆုံးသူေတြထဲက တစ္ဦးျဖစ္သြားတာကိုလည္း ခင္ ဗ်ားတို႔သိၾကတာဘဲ။ လိဂ္တစ္ခုကေန တစ္ခုေျပာင္းရတာ လြယ္တာမွ မဟုတ္တာ။ ဟာဇတ္ လည္းစေရာက္ တုန္းက ႐ုန္းကန္ခဲ့ရတာဘဲေလ။ ပရီးမီးယားလိဂ္ဟာ ခက္ခဲတဲ့အတြက္ သူတို႔ႏွစ္ဦးကို အခ်ိန္ေပးရပါမယ္။ သူ တို႔ကို အနာဂတ္အတြက္ပါရည္႐ြယ္ ေခၚယူခဲ့တာပါ” လို႔ေျပာသြားပါတယ္။ ဒါေပမယ့္ ေဈးႀကီးၿပီးအလုပ္မျဖစ္တဲ့သူေတြ ခ်ဲလ္ဆီးသမိုင္းမွာအမ်ားႀကီးရွိခဲ့တာကိုေတာ့ ျငင္းလို႔မရပါဘူး။ ဒါကိုလမ္းပတ္အသိဆုံးပါ။

ကမာၻမွာ သူ႔ေခတ္သူ႔အခါတုန္းက ထိပ္သီးတိုက္စစ္မႉးျဖစ္ခဲ့တဲ့ ရွက္ခ်န္ကို တစ္ ေယာက္ ၂၀၀၆ မွာသူကစားေနတဲ့ ေအစီကေန ခ်ဲလ္ဆီးကိုေပါင္သန္း ၃၀ နဲ႔ေျပာင္းလာၿပီးေနာက္ ကစားသမား ဘဝ အဆုံးသတ္လုနီးပါးျဖစ္သြားတဲ့ ျဖစ္ရပ္ကစလို႔ ဂိုးသမား ကီပါ အဆုံးမေအာင္ျမင္တဲ့သူေတြ အမ်ားႀကီးပါ ဘဲ။ ရွက္ခ်န္ကို ဆိုရင္အဲဒီတုန္းက အဂၤလိပ္ကလပ္ေတြရဲ႕ စံခ်ိန္တင္ေၾကးနဲ႔ေရာက္လာတဲ့သူပါ။ သူ႔ကိုေခၚခဲ့မႈ မွာ ပိုင္ရွင္မိုဗစ္က အမ်ားႀကီးခ်ယ္လွယ္ခဲ့တာျဖစ္ၿပီး ေမာ္ရင္ဟို ကမႀကိဳက္တာေၾကာင့္ သူဟာခ်ဲလ္ဆီးနဲ႔ လမ္း ခြဲရတဲ့အထိ ျပႆနာႀကီးထြားခဲ့တာပါ။ ကီပါဆိုရင္လည္း ၂၀၁၈ တုန္းက ဘီလ္ဘာအိုကေနေပါင္ ၇၂ သန္းနဲ႔ ေရာက္လာတဲ့သူျဖစ္ေပမယ့္ အခုေတာ့ အရန္ဘဝျဖစ္ေနပါၿပီ။ သူ႔ရဲ႕တန္ေၾကးဟာ ဂိုးသမားေတြထဲမွာ စံခ်ိန္ တင္ျဖစ္ေနဆဲပါဘဲ။ ေဈးႀကီးၿပီး မေအာင္ျမင္တဲ့ သူေတြကိုေျပာရမယ္ဆိုရင္ ရွက္ခ်န္ကို( ၂၀၀၆ မွာ ေအစီက ေနေပါင္သန္း ၃၀ နဲ႔ေရာက္ရွိ)၊ ဖာနန္ဒိုေတာရက္စ္ ( ၂၀၁၁ မွာ လီဗာပူးကေနအဲဒီတုန္းက ၿဗိတိန္စံခ်ိန္တင္ ေၾကးေပါင္သန္း ၅၀ နဲ႔ေရာက္လာ)၊ ေရွာင္႐ိုက္ဖိလစ္( ၂၀၀၅ မွာ မန္စီးတီးကေနေပါင္ ၂၁ သန္းနဲ႔ေရာက္လာ)၊ မူတူး( ၂၀၀၃ မွာ ပါးမားကေနေပါင္ ၁၅.၈ သန္းနဲ႔ေရာက္လာ)၊ ဗာ႐ြန္( ၂၀၀၃ မွာေပါင္ ၁၅ သန္းနဲ႔ မန္ယူက ေနေရာက္လာ)၊ ကီပါ( ၂၀၁၈ မွာ ဘီလ္ဘာအိုကေနေပါင္ ၇၂ သန္းနဲ႔ေရာက္လာ)၊ ဘာကာယိုကို( ၂၀၁၇ မွာ မိုနာကိုကေန ေပါင္သန္း ၄၀ နဲ႔ေရာက္လာ)၊ မိုရာတာ( ၂၀၁၇ မွာေပါင္သန္း ၆၀ နဲ႔ ရီးရဲလ္မက္ဒရစ္ကေနေရာက္ လာ)၊ ယူရီဇာေကာ့ဗ္( ၂၀၀၉ မွာ CSKA ေမာ္စကိုကေနေပါင္ ၁၈ သန္းနဲ႔ေရာက္လာ)၊ ဒန္နီဒရင့္ဝါးတား( ၂၀၁၇ မွာ လက္စတာကေနေပါင္ ၃၅ သန္းနဲ႔ေရာက္လာ) တို႔ဟာ ခ်ဲလ္ဆီးသမိုင္းမွာ expensive flop( ေပးရတဲ့ေဈးနဲ႔ မတန္တဲ့သူေတြ) လို႔ သတ္မွတ္ခံထားရတာပါ။

ဒီေတာ့ ဝါနာနဲ႔ ဟာဗက္ တို႔ကေရာ ဘယ္လိုျဖစ္လာမလဲ ။ လက္ ရွိအထိေတာ့ အားရစရာမရွိေသးပါဘူး။ သူတို႔ဟာ expensive flop ျဖစ္ဖို႔လမ္းေၾကာင္းေပၚမွာေရာ အသုံးတည့္ မယ့္လမ္းေၾကာင္းေပၚမွာပါ ရွိေနေသးတယ္လို႔ဘဲ ဆိုရပါလိမ့္မယ္။