ချဲလ်ဆီးရဲ့ ပရီးမီးယားလိဂ်လူစာရင်းတွင် ပီတာချက်ကို အရေးပေါ်ထည့်သွင်းထားပြီး အာဆင်နယ်လူစာရင်းတွင် အိုဇေးလ်နဲ့ ဆိုကရာတစ်တို့ ချန်လှပ်ခံရ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

၂၀၂၀-၂၁ ပရီးမီးယားလိဂ်ဘောလုံးရာသီအတွက် ပြိုင်ပွဲဝင်အသင်းတွေရဲ့ အပြီးသတ် လူစာရင်းကို မနေ့က တင်ပေးခဲ့ရပြီး ချဲလ်ဆီးအသင်းဟာ အသက် ၃၈ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ပီတာချက်ကို ကစားသမားစာရင်းမှာ အံ့အားသင့်ဖွယ် အရေးပေါ်ထည့်သွင်းထား တာတွေ့ရပါတယ်။

ပီတာချက်ဟာ ချဲလ်ဆီးမှာ ၁၁ နှစ် ကစားခဲ့တဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ရရှိခဲ့ဖူးသလို လက်ရှိမှာ အနားယူ ထားတဲ့ ဂိုးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်က အာဆင်နယ်အသင်းဆီ ပြောင်းသွားခဲ့တဲ့ ပီတာချက်ဟာ နည်းပြလမ်းပတ်နဲ့ခင်မင်တဲ့သူဖြစ်ပြီး လတ်တလော လက်စွမ်းမတည်ငြိမ်ဘဲ စွမ်းဆောင်ရည်ကျနေတဲ့ ဂိုးသမားကီပါကြောင့် အခုလိုမျိုး ပီတာချက်ကို အရေးပေါ်ထည့်သွင်းခဲ့တာဖြစ်နိုင်ပါတယ်။

လမ်းပတ်ဟာ အသင်းရဲ့ ဂိုးသမားနေရာအတွက် ကီပါကိုစိတ်မချလို့ ရန်းနက်စ်ကမန်ဒီကို ခေါ်ယူထားခဲ့ပြီး တတိယဂိုးသမား ကာဘယ်လီရိုကလည်း အသက်အရွယ်ရနေပြီဖြစ်တဲ့အတွက် လက်ရှိ ချဲလ်ဆီးမှာ ဂိုးနည်းပြလုပ်နေတဲ့ ပီတာချက်ကို အရေးပေါ်အသုံးပြုဖို့ ခေါ်ယူခဲ့ပုံရပါ တယ်။ ချဲလ်ဆီးရဲ့အပြီးသတ်ကစားသမားစာရင်းမှာ ပီတာချက်ကြောင့် အားလုံးက အံ့အားသင့်ခဲ့ရပေမယ့် အာဆင်နယ်နဲ့ ခွာပြဲနေတဲ့ အိုဇေးလ်တစ်ယောက် အသင်းရဲ့အပြီး သတ်လူစာရင်းမှာပါမလာတဲ့ကိစ္စမှာတော့ ပရိသတ်တွေမအံ့သြတော့ပါဘူး။

အိုဇေးလ် ဟာ အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ကစားသမားစာရင်းမှာမပါဝင်ခဲ့ဘဲ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့နောက်ပိုင်း အာဆင်နယ်အသင်းအတွက် တစ်ပွဲမှမကစားခဲ့ရတဲ့သူပါ။ အိုဇေးလ်နဲ့အတူ အာတီတာရဲ့ ၂၅ ဦးစာရင်းမှာ နောက်ခံလူ ဆိုကရာတစ်လည်း မပါ ဝင်လာခဲ့ပါဘူး။ အခုဆိုရင် အိုဇေးလ်နဲ့ အာဆင်နယ်တို့ရဲ့ဇာတ်လမ်း အပြီးသတ်သွားဖို့ သေချာခဲ့ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ အိုဇေးလ်အနေနဲ့ ဘယ်ကိုသွားမလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက အာဆင်နယ်မှာ ပွဲမကစားဘဲ သစ္စာရှိဆုကြေး ပေါင် ၈ သန်းရခဲ့တဲ့ အိုဇေးလ်ကို ပရိသတ်တွေက မကျေမနပ်ဖြစ်နေ ကြပြီး အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၂၅၄ ပွဲကစားထားခဲ့တဲ့သူ့ကို အသင်းအတွက် အကျိုးပြုတဲ့ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားဖို့ အလိုရှိနေတာပါ။

အိုဇေးလ်ဟာ အာ ဆင်နယ်အသင်းရဲ့ ဘဏ္ဍာရေးအသုံးစရိတ်ချွေတာတဲ့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအ ဖြစ် အသင်းလာဘ်ကောင် gunnersaurus ကို အလုပ်ဖြုတ်ခဲ့တဲ့အချိန်မှာ သူ့အတွက် လစာငွေပေးချေဖို့ ဆောင်ရွက်ပေးခဲ့တဲ့သူပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ခ်ဲလ္ဆီးရဲ႕ ပရီးမီးယားလိဂ္လူစာရင္းတြင္ ပီတာခ်က္ကို အေရးေပၚထည့္သြင္းထားၿပီး

အာဆင္နယ္လူစာရင္းတြင္ အိုေဇးလ္နဲ႔ ဆိုကရာတစ္တို႔ ခ်န္လွပ္ခံရ

၂၀၂၀-၂၁ ပရီးမီးယားလိဂ္ေဘာလံုးရာသီအတြက္ ၿပိဳင္ပြဲ၀င္အသင္းေတြရဲ႕ အၿပီးသတ္ လူစာရင္းကို မေန႔က တင္ေပးခဲ့ရၿပီး ခ်ဲလ္ဆီးအသင္းဟာ အသက္ ၃၈ ႏွစ္အရြယ္ရွိၿပီ ျဖစ္တဲ့ ပီတာခ်က္ကို ကစားသမားစာရင္းမွာ အံ့အားသင့္ဖြယ္ အေရးေပၚထည့္သြင္းထား တာေတြ႕ရပါတယ္။

ပီတာခ်က္ဟာ ခ်ဲလ္ဆီးမွာ ၁၁ ႏွစ္ ကစားခဲ့တဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္ရရွိခဲ့ဖူးသလို လက္ရွိမွာ အနားယူ ထားတဲ့ ဂိုးသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္က အာဆင္နယ္အသင္းဆီ ေျပာင္းသြားခဲ့တဲ့ ပီတာခ်က္ဟာ နည္းျပလမ္းပတ္နဲ႔ခင္မင္တဲ့သူျဖစ္ၿပီး လတ္တေလာ လက္စြမ္းမတည္ၿငိမ္ဘဲ စြမ္းေဆာင္ရည္က်ေနတဲ့ ဂိုးသမားကီပါေၾကာင့္ အခုလိုမ်ဳိး ပီတာခ်က္ကို အေရးေပၚထည့္သြင္းခဲ့တာျဖစ္ႏိုင္ပါတယ္။

လမ္းပတ္ဟာ အသင္းရဲ႕ ဂိုးသမားေနရာအတြက္ ကီပါကိုစိတ္မခ်လို႔ ရန္းနက္စ္ကမန္ဒီကို ေခၚယူထားခဲ့ၿပီး တတိယဂိုးသမား ကာဘယ္လီရိုကလည္း အသက္အရြယ္ရေနၿပီျဖစ္တဲ့အတြက္ လက္ရွိ ခ်ဲလ္ဆီးမွာ ဂိုးနည္းျပလုပ္ေနတဲ့ ပီတာခ်က္ကို အေရးေပၚအသံုးျပဳဖုိ႔ ေခၚယူခဲ့ပံုရပါ တယ္။ ခ်ဲလ္ဆီးရဲ႕အၿပီးသတ္ကစားသမားစာရင္းမွာ ပီတာခ်က္ေၾကာင့္ အားလံုးက အံ့အားသင့္ခဲ့ရေပမယ့္ အာဆင္နယ္နဲ႔ ခြာၿပဲေနတဲ့ အိုေဇးလ္တစ္ေယာက္ အသင္းရဲ႕အၿပီး သတ္လူစာရင္းမွာပါမလာတဲ့ကိစၥမွာေတာ့ ပရိသတ္ေတြမအံ့ၾသေတာ့ပါဘူး။

အိုေဇးလ္ ဟာ အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ကစားသမားစာရင္းမွာမပါ၀င္ခဲ့ဘဲ ၿပီးခဲ့တဲ့ မတ္လ ၇ ရက္ေန႔ေနာက္ပိုင္း အာဆင္နယ္အသင္းအတြက္ တစ္ပြဲမွမကစားခဲ့ရတဲ့သူပါ။ အိုေဇးလ္နဲ႔အတူ အာတီတာရဲ႕ ၂၅ ဦးစာရင္းမွာ ေနာက္ခံလူ ဆိုကရာတစ္လည္း မပါ ၀င္လာခဲ့ပါဘူး။ အခုဆိုရင္ အိုေဇးလ္နဲ႔ အာဆင္နယ္တို႔ရဲ႕ဇာတ္လမ္း အၿပီးသတ္သြားဖို႔ ေသခ်ာခဲ့ၿပီး ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ အိုေဇးလ္အေနနဲ႔ ဘယ္ကိုသြားမလဲဆိုတာ ေစာင့္ၾကည့္ရဖို႔ ရွိပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္တုန္းက အာဆင္နယ္မွာ ပြဲမကစားဘဲ သစၥာရွိဆုေၾကး ေပါင္ ၈ သန္းရခဲ့တဲ့ အိုေဇးလ္ကို ပရိသတ္ေတြက မေက်မနပ္ျဖစ္ေန ၾကၿပီး အာဆင္နယ္အသင္းအတြက္ ပြဲေပါင္း ၂၅၄ ပြဲကစားထားခဲ့တဲ့သူ႕ကို အသင္းအတြက္ အက်ဳိးျပဳတဲ့ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာသြားဖို႔ အလုိရွိေနတာပါ။

အိုေဇးလ္ဟာ အာ ဆင္နယ္အသင္းရဲ႕ ဘ႑ာေရးအသံုးစရိတ္ေခၽြတာတဲ့အစီအစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းအ ျဖစ္ အသင္းလာဘ္ေကာင္ gunnersaurus ကို အလုပ္ျဖဳတ္ခဲ့တဲ့အခ်ိန္မွာ သူ႕အတြက္ လစာေငြေပးေခ်ဖို႔ ေဆာင္ရြက္ေပးခဲ့တဲ့သူပါ။