ခြေစွမ်းကောင်းတွေ ပြသနေပေမဲ့ အာဆင်နယ်မှာ တစ်ပတ်လုပ်ခ ပေါင် ၃သောင်းပဲ ရတဲ့ ဆာကာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ် လူငယ်လေး ဘူကာယို ဆာကာဟာ လက်ရှိမှာ အသင်း ဇယားထိပ်ရောက်အောင် ကူညီပေးနေပေမဲ့ လစာမှာတော့ တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀သာ ရရှိတာကို မြင်တွေ့ရပါတယ်။

ယမန်နေ့ညက ဝက်စ်ဘရွန်းနဲ့ ပွဲမှာလည်း ဆာကာတစ်ယောက် ခြေစွမ်းကောင်းတွေ ပြသခဲ့ကာ အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်မှာ ဆာကာရဲ့ ဘောလုံးထိချက်က ၅၃ကြိမ် ရှိပြီး ဖြတ်တင်ဘော ၇ကြိမ် ပြုလုပ်နိုင်ကာ ၄ကြိမ် ဂိုးပေါက် ကန်သွင်းရာမှာ ၂ကြိမ် ဂိုးပေါက်တည့်ပြီး ၁ကြိမ် ဂိုးဝင်ခဲ့ပါတယ်။ အလားတူ ရှေ့ပွဲတွေမှာလည်း အသင်းရဲ့ လစာအများဆုံး ကစားသမားတွေ စိတ်ဓာတ်ကျပြီး လမ်းလျှောက်နေတာတောင် ၁ဦးတည်း ရုန်းကစားကာ အသင်းကို ကူညီပေးခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာကလည်း လူငယ်လေးရဲ့ ခြေစွမ်းကို ချီးကျူးခဲ့ပြီး စိတ်လှုပ်ရှားစရာ အရည်အချင်းရှိတယ်လို့ ဆိုခဲ့ပါတယ်။ “ဆာကာက ဘယ်နေရာမှာ မဆို ကစားနိုင်ပါတယ်။ နည်းပြ တောင်းဆိုတဲ့ နေရာတိုင်း သူလိုက်ကစားနိုင်ပြီး အရမ်းတော်ပါတယ်။ တကယ့်ကို စိတ်လှုပ်ရှားစရာ လူငယ်လေးတစ်ယောက်ပါ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဆာကာဟာ အာတီတာလက်အောက် အထူး ခြေစွမ်းပြလာတဲ့ လူငယ်ကစားသမား ၁ဦးဖြစ်ပြီး ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ၁၄ပွဲ ပွဲထွက်ခွင့် ရထားပါတယ်။

ဒါပေမဲ့ ယူနိုက်တက်၊ လီဗာပူး၊ ချဲလ်ဆီး တို့လို အခြား ပရီးမီးယားလိဂ်အသင်းတွေနဲ့ ယှဉ်လိုက်ရင် ဆာကာ ရနေတဲ့ ၁ပတ်လုပ်ခ ပေါင် ၃၀၀၀၀ ဆိုတာက တော်တော်လေး နည်းနေတာကို မြင်တွေ့ရပါတယ်။

အဆိုပါ လစာကလည်း ယမန်နှစ်က ကာလရှည် စာချုပ်သက်တမ်းတိုးလိုက်မှ ပေါင် ၃၀၀၀၀ ရတာဖြစ်ပြီး ယခင်က ဆိုရင် ၁ပတ်လုပ်ခ ပေါင် ၃၀၀၀တာ ရတဲ့ အနေအထား ဖြစ်နေပါတယ်။

ချဲလ်ဆီးကို ဥပမာ ပေးရမယ်ဆိုရင် ဆာကာလောက်တောင် ပွဲထွက်ခွင့် မရတဲ့ ဟတ်ဆန်-အိုဒွိုင်းလ်လို လူငယ်မျိုးကို တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ အထိ ပေးထားတာကို မြင်ရလို့ ဆာကာရဲ့ လစာက တော်တော်လေး နည်းနေတာကို မြင်ရပါတယ်။

လက်ရှိအချိန် ဆာကာကို ပေါင် ၁၂၀၀၀၀ပေးတာက အရမ်းများပေမဲ့ ပေါင် ၅၀၀၀၀လောက်တော့ ပေးသင့်ပြီး ဒီတိုင်းဆက်ထားမယ်ဆိုရင်တော့ လာမယ့်နှစ်တွေအတွင်း အင်္ဂလန်သားလေးက ယူနိုက်တက်၊ လီဗာပူးတို့လို အသင်းတွေမှာ လစာအများအပြားနဲ့ ပြောင်းပြီး ကစားမယ်ဆိုတာ သေချာနေကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေျခစြမ္းေကာင္းေတြ ျပသေနေပမဲ့ အာဆင္နယ္မွာ တစ္ပတ္လုပ္ခ ေပါင္ ၃ေသာင္းပဲ ရတဲ့ ဆာကာ

အာဆင္နယ္ လူငယ္ေလး ဘူကာယို ဆာကာဟာ လက္ရွိမွာ အသင္း ဇယားထိပ္ေရာက္ေအာင္ ကူညီေပးေနေပမဲ့ လစာမွာေတာ့ တစ္ပတ္လုပ္ခ ေပါင္ ၃၀၀၀၀သာ ရရွိတာကို ျမင္ေတြ႕ရပါတယ္။ ယမန္ေန႔ညက ၀က္စ္ဘရြန္းနဲ႔ ပြဲမွာလည္း ဆာကာတစ္ေယာက္ ေျခစြမ္းေကာင္းေတြ ျပသခဲ့ကာ အသင္းအတြက္ ဒုတိယဂိုးကို သြင္းယူေပးခဲ့ပါတယ္။ အဆိုပါ ပဲြစဥ္မွာ ဆာကာရဲ႕ ေဘာလံုးထိခ်က္က ၅၃ၾကိမ္ ရွိျပီး ျဖတ္တင္ေဘာ ၇ၾကိမ္ ျပဳလုပ္ႏိုင္ကာ ၄ၾကိမ္ ဂိုးေပါက္ ကန္သြင္းရာမွာ ၂ၾကိမ္ ဂိုးေပါက္တည့္ျပီး ၁ၾကိမ္ ဂိုး၀င္ခဲ့ပါတယ္။

အလားတူ ေရွ႕ပဲြေတြမွာလည္း အသင္းရဲ႕ လစာအမ်ားဆံုး ကစားသမားေတြ စိတ္ဓာတ္က်ျပီး လမ္းေလွ်ာက္ေနတာေတာင္ ၁ဦးတည္း ရုန္းကစားကာ အသင္းကုိ ကူညီေပးခဲ့ပါတယ္။ အဂၤလန္တုိက္စစ္မွဴးေဟာင္း ဂယ္ရီလိုင္နီကာကလည္း လူငယ္ေလးရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးခဲ့ျပီး စိတ္လႈပ္ရွားစရာ အရည္အခ်င္းရွိတယ္လို႔ ဆုိခဲ့ပါတယ္။

“ဆာကာက ဘယ္ေနရာမွာ မဆုိ ကစားႏိုင္ပါတယ္။ နည္းျပ ေတာင္းဆိုတဲ့ ေနရာတိုင္း သူလိုက္ကစားႏိုင္ျပီး အရမ္းေတာ္ပါတယ္။ တကယ့္ကို စိတ္လႈပ္ရွားစရာ လူငယ္ေလးတစ္ေယာက္ပါ”လို႔ တြစ္တာမွာ ေရးသားခဲ့ပါတယ္။ ဆာကာဟာ အာတီတာလက္ေအာက္ အထူး ေျခစြမ္းျပလာတဲ့ လူငယ္ကစားသမား ၁ဦးျဖစ္ျပီး ယခုႏွစ္ရာသီ ပရီးမီးယားလိဂ္မွာ ၁၄ပြဲ ပြဲထြက္ခြင့္ ရထားပါတယ္။

ဒါေပမဲ့ ယူႏုိက္တက္၊ လီဗာပူး၊ ခ်ဲလ္ဆီး တို႔လို အျခား ပရီးမီးယားလိဂ္အသင္းေတြနဲ႔ ယွဥ္လိုက္ရင္ ဆာကာ ရေနတဲ့ ၁ပတ္လုပ္ခ ေပါင္ ၃၀၀၀၀ ဆုိတာက ေတာ္ေတာ္ေလး နည္းေနတာကို ျမင္ေတြ႕ရပါတယ္။ အဆိုပါ လစာကလည္း ယမန္ႏွစ္က ကာလရွည္ စာခ်ဳပ္သက္တမ္းတိုးလိုက္မွ ေပါင္ ၃၀၀၀၀ ရတာျဖစ္ျပီး ယခင္က ဆုိရင္ ၁ပတ္လုပ္ခ ေပါင္ ၃၀၀၀တာ ရတဲ့ အေနအထား ျဖစ္ေနပါတယ္။

ခ်ဲလ္ဆီးကို ဥပမာ ေပးရမယ္ဆုိရင္ ဆာကာေလာက္ေတာင္ ပဲြထြက္ခြင့္ မရတဲ့ ဟတ္ဆန္-အုိဒြိဳင္းလ္လို လူငယ္မ်ိဳးကို တစ္ပတ္လုပ္ခ ေပါင္ ၁၂၀၀၀၀ အထိ ေပးထားတာကို ျမင္ရလို႔ ဆာကာရဲ႕ လစာက ေတာ္ေတာ္ေလး နည္းေနတာကို ျမင္ရပါတယ္။ လက္ရွိအခ်ိန္ ဆာကာကို ေပါင္ ၁၂၀၀၀၀ေပးတာက အရမ္းမ်ားေပမဲ့ ေပါင္ ၅၀၀၀၀ေလာက္ေတာ့ ေပးသင့္ျပီး ဒီတုိင္းဆက္ထားမယ္ဆုိရင္ေတာ့ လာမယ့္ႏွစ္ေတြအတြင္း အဂၤလန္သားေလးက ယူႏိုက္တက္၊ လီဗာပူးတုိ႔လို အသင္းေတြမွာ လစာအမ်ားအျပားနဲ႔ ေျပာင္းျပီး ကစားမယ္ဆုိတာ ေသခ်ာေနေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။