ခြေစွမ်းထက်တဲ့ ဖေဖေမက်ဆီကြောင့် ပျော်ရွှင်မြူးရတဲ့ သားငယ်လေးများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘာစီလိုနာ အသင်းဟာ လာလီဂါ ပြိုင်ပွဲရဲ့ ပွဲစဉ် 18 အဖြစ် အမှတ်ပေး ဇယား အဆင့် 7 နေရာ မှ ဂရန်နာဒါ အသင်း နဲ့ အဝေးကွင်း ပွဲစဉ် ကစားခဲ့ပြီး 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အဖိုးတန် ဂိုးပြတ် နိုင်ပွဲ ရယူ သွားနိုင်ခဲ့ ပါတယ်။

ဂရန်နာဒါနဲ့ပွဲမှာ အသင်းအတွက် အလွတ်တည်ကန်ဘောကတစ်ဆင့် ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ မက်ဆီဟာ ကလပ်ကစားသမားဘဝမှာ အလွတ်တည်ကန်ဘောသွင်းဂိုး ၄၈ ဂိုးအထိ ရရှိသွားခဲ့ပြီလို့ သိရှိရပါတယ်။ အဲဒီပွဲ မှာတော့ ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ မက်ဆီက နှစ်ဂိုး သွင်းယူ ၊ ဂရစ်ဇ်မန်း က နှစ်ဂိုးသွင်း တစ်ဂိုး ဖန်တီး ၊ ဒမ်ဘီလီ က တစ်ဂိုး ဖန်တီး နိုင်ခဲ့ပါတယ်။

ဂရန်နာဒါကို လေးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲပြီးနောက်မှာ မက်ဆီဟာ ၁၅ ရာသီဆက်တိုက် လာလီဂါမှာ အနည်းဆုံး ၁၀ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ စံချိန်ကို ရရှိခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးနှစ်ပွဲဆက်တိုက် တစ်ပွဲကို နှစ်ဂိုးစီသွင်းယူခဲ့တဲ့ မက်ဆီရဲ့ ဒီရာသီလာလီဂါသွင်းဂိုးက ၁၁ ဂိုးအထိ ရှိလာခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် မက်ဆီဟာ ၂၀၀၆-၀၇ ဘောလုံးရာသီက လာလီဂါသွင်းဂိုး ၁၄ ဂိုးသွင်းယူခဲ့ပြီး အဲဒီရာသီကစတင်ကာ တစ်ရာသီကို အနည်းဆုံး ၁၀ ဂိုးနဲ့အထက် သွင်းယူနေခဲ့တာဖြစ်ပါတယ်။ ၂၀၁၁-၁၂ ဘောလုံးရာသီမှာတော့ မက်ဆီက လာလီဂါသွင်းဂိုးပေါင်း ၅၀ အထိ စံချိန်တင်ရရှိခဲ့ပြီး အဲဒါဟာသူ့ရဲ့ကစားသမားဘဝမှာ ဂိုးအသွင်းနိုင်ဆုံးဘောလုံးရာသီလည်းဖြစ်ခဲ့ပါတယ်။

မက်ဆီရဲ့ သားငယ်လေးတွေကတော့မနေ့ညက ဂရန်နာဒါနဲ့ ပွဲစဉ်မှာ ဖခင်ဖြစ်သူရဲ့ ဖရီးကစ်ကို သဘောကျပြီး အောင်ပွဲခံနေခဲ့ကြပါတယ်။ ကလေးတွေရဲ့ ဗီဒီယိုဟာ အခုအခါအွန်လိုင်းမှာ နာမည်ကြီးနေပါပြီ။မက်ဆီရဲ့ ဒုတိယဂိုးက ဖရီးကစ်ကနေ လှလှပပ သွင်းယူသွားခဲ့တာ ဖြစ်ပြီး၊ အာဂျင်တိုင်းသားရဲ့ အိမ်မှာတော့ သားငယ်လေးတွေဖြစ်တဲ့ မတ်တီယိုနဲ့ ဆီရိုတို့က တီဗွီရှေ့မှာ လက်တွေလေထဲမြောက်၊ အသံကုန်အော်ဟစ်ကာ ဝမ်းသာပျော်ရွှင် အောင်ပွဲခံခဲ့ကြပါတယ်။

ဘာစီလိုနာကတော့ လာမယ့်ပွဲစဉ်အဖြစ် ရီးရဲလ်ဆိုဆီဒက်နဲ့ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲကစားရမှာဖြစ်ပြီး နောက်တစ်ပတ်အကြာမှာ တော့ ကော်နယ်လာအသင်းနဲ့ ကိုပါဒယ်ရေး ၃၂ သင်းအဆင့်ပွဲစဉ်ကို ဆက်လက်ကစားသွားရမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဘာစီလိုနာ အသင္းဟာ လာလီဂါ ၿပိဳင္ပြဲရဲ႕ ပြဲစဥ္ 18 အျဖစ္ အမွတ္ေပး ဇယား အဆင့္ 7 ေနရာ မွ ဂရန္နာဒါ အသင္း နဲ႔ အေဝးကြင္း ပြဲစဥ္ ကစားခဲ့ၿပီး 4 – 0 ဆိုတဲ့ ရလဒ္ နဲ႔ အဖိုးတန္ ဂိုးျပတ္ ႏိုင္ပြဲ ရယူ သြားႏိုင္ခဲ့ ပါတယ္ ။ဂရန္နာဒါနဲ႔ပြဲမွာ အသင္းအတြက္ အလြတ္တည္ကန္ေဘာကတစ္ဆင့္ ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ မက္ဆီဟာ ကလပ္ကစားသမားဘဝမွာ အလြတ္တည္ကန္ေဘာသြင္းဂိုး ၄၈ ဂိုးအထိ ရရွိသြားခဲ့ၿပီလို႔ သိရွိရပါတယ္။

အဲဒီပြဲ မွာေတာ့ ဘာစီလိုနာ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ျဖစ္တဲ့ မက္ဆီက ႏွစ္ဂိုး သြင္းယူ ၊ ဂရစ္ဇ္မန္း က ႏွစ္ဂိုးသြင္း တစ္ဂိုး ဖန္တီး ၊ ဒမ္ဘီလီ က တစ္ဂိုး ဖန္တီး ႏိုင္ခဲ့ပါတယ္။ ဂရန္နာဒါကို ေလးဂိုးျပတ္နဲ႔အႏိုင္ရရွိခဲ့တဲ့ပြဲၿပီးေနာက္မွာ မက္ဆီဟာ ၁၅ ရာသီဆက္တိုက္ လာလီဂါမွာ အနည္းဆုံး ၁၀ ဂိုးနဲ႔အထက္ သြင္းယူႏိုင္တဲ့ စံခ်ိန္ကို ရရွိခဲ့ၿပီျဖစ္ပါတယ္။

ေနာက္ဆုံးႏွစ္ပြဲဆက္တိုက္ တစ္ပြဲကို ႏွစ္ဂိုးစီသြင္းယူခဲ့တဲ့ မက္ဆီရဲ႕ ဒီရာသီလာလီဂါသြင္းဂိုးက ၁၁ ဂိုးအထိ ရွိလာခဲ့တာျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အ႐ြယ္ မက္ဆီဟာ ၂၀၀၆-၀၇ ေဘာလုံးရာသီက လာလီဂါသြင္းဂိုး ၁၄ ဂိုးသြင္းယူခဲ့ၿပီး အဲဒီရာသီကစတင္ကာ တစ္ရာသီကို အနည္းဆုံး ၁၀ ဂိုးနဲ႔အထက္ သြင္းယူေနခဲ့တာျဖစ္ပါတယ္။ ၂၀၁၁-၁၂ ေဘာလုံးရာသီမွာေတာ့ မက္ဆီက လာလီဂါသြင္းဂိုးေပါင္း ၅၀ အထိ စံခ်ိန္တင္ရရွိခဲ့ၿပီး အဲဒါဟာသူ႔ရဲ႕ကစားသမားဘဝမွာ ဂိုးအသြင္းႏိုင္ဆုံးေဘာလုံးရာသီလည္းျဖစ္ခဲ့ပါတယ္။

မက္ဆီရဲ႕ သားငယ္ေလးေတြက​ေတာ့မေန႔ညက ဂရန္နာဒါနဲ႔ ပြဲစဥ္မွာ ဖခင္ျဖစ္သူရဲ႕ ဖရီးကစ္ကို သေဘာက်ၿပီး ေအာင္ပြဲခံေနခဲ့ၾကပါတယ္။ က​ေလး​ေတြရဲ႕ ဗီဒီယိုဟာ အခုအခါအြန္လိုင္းမွာ နာမည္ႀကီးေနပါၿပီ။မက္ဆီရဲ႕ ဒုတိယဂိုးက ဖရီးကစ္ကေန လွလွပပ သြင္းယူသြားခဲ့တာ ျဖစ္ၿပီး၊ အာဂ်င္တိုင္းသားရဲ႕ အိမ္မွာေတာ့ သားငယ္ေလးေတြျဖစ္တဲ့ မတ္တီယိုနဲ႔ ဆီ႐ိုတို႔က တီဗြီ​ေရွ႕မွာ လက္​ေတြ​ေလထဲ​ေျမာက္၊ အသံကုန္​ေအာ္ဟစ္ကာ ၀မ္းသာ​ေပ်ာ္႐ႊင္ ​ေအာင္ပြဲခံခဲ့ၾကပါတယ္။ ဘာစီလိုနာကေတာ့ လာမယ့္ပြဲစဥ္အျဖစ္ ရီးရဲလ္ဆိုဆီဒက္နဲ႔ စပိန္စူပါဖလားဆီမီးဖိုင္နယ္ပြဲကစားရမွာျဖစ္ၿပီး ေနာက္တစ္ပတ္အၾကာမွာ ​ေတာ့ ေကာ္နယ္လာအသင္းနဲ႔ ကိုပါဒယ္ေရး ၃၂ သင္းအဆင့္ပြဲစဥ္ကို ဆက္လက္ကစားသြားရမွာျဖစ္ပါတယ္။