
မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာမနေ့ညတုန်းကအက်စတွန်ဗီလာနှင့်
အက်ဖ်အေဖလားပွဲစဉ်တွင်ခြေစွမ်းပိုင်းသာမန်အောက်သို့ရောက်နေရုံသာမက
ကြိုးစားအားထုတ်မှုလည်းမဲ့နေခဲ့ပါတယ်။
ယူနိုက်တက်ဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်မှာစတီဗင်ဂျရတ်ရဲ့အသင်းကို
၁-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးအက်ဖ်အေဖလားစတုတ္ထအဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။
ယင်းပွဲတွင်ယူနိုက်တက်ပရိသတ်များဟာဒုတိယပိုင်းမှာမားကပ်စ်ရပ်ရှ်ဖို့ဒ်ရဲ့
ပိတ်သွင်းရုံဂိုးအား ကြိုးစားအားထုတ်မှုမပြုလုပ်ခဲ့မှုအပေါ်
ကြိတ်မနိုင်ခဲမရဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်းတွင်မေဆင်ဂရင်းဝုဒ်က တန်ပြန်တိုက်စစ်ကနေ
ညာခြမ်းတစ်လျှောက်ထိုးဖောက်ပြီးကန်သွင်းခဲ့ကာဗီလာဂိုးသမား
မာတီနက်ဇ်ကပုတ်ထုတ်ခဲ့ပါတယ်။ယင်းအချိန်တွင်မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ
ပြန်အံထွက်လာတဲ့ဘောလုံးကိုပြေးပိတ်ရန်မကြိုးစားဘဲ
ခြေတုံ့ဆိုင်းကာရပ်ကြည့်နေခဲ့ပါတယ်။
ယင်းနှင့်ပတ်သက်ပြီးပွဲကြေညာသူဒီယွန်ဒဗ္ဗလင်က
“ဒီညမှာဒါမျိုးဖြစ်တာနှစ်ခါရှိပြီ။ရပ်ရှ်ဖို့ဒ်ကရပ်နေခဲ့တယ်။
တကယ်လို့သူသာပြေးလိုက်သွားရင်ပိတ်သွင်းရုံလေးပါပဲ။
ကြည့်ရတာသူမလုပ်ချင်ပုံပါပဲ။သူ့အတွက်ဂိုးတစ်ဂိုးကို
ရိုးရိုးလေးနဲ့ရရုံပါ။သူဆက်ပြေးနေရင်ကန်ခွင့်ရတယ်။
စိတ်ပျက်အားငယ်နေတာလား။သူ့ဆီအပြုံးမမြင်ရတာကြာပြီ။
သူ့ကိုဘောလုံးနဲ့တစ်ခါပြန်ပျော်စေချင်တယ်။သူ့မှာအားလုံးရှိပြီးသားပါ။
သူကအရမ်းကောင်းတဲ့ဘောလုံးသမားတစ်ဦးပါ”လို့ကြေညာသွားပါတယ်။
ဘီဘီစီမှအလန်ရှီးယားကလည်း “မားကပ်စ်ရပ်ရှ်ဖို့ဒ်တစ်ဦးတည်းကိုပဲမပြောချင်ပါဘူး။
ဒါပေမဲ့သူ့ယုံကြည်မှုကျနေတယ်။သူ့ကိုယ်ရေးကိုယ်တာဘဝမှာ
ဘာတွေဖြစ်နေလဲကျွန်တော်တို့မသိပါဘူး။ဒါပေမဲ့ဒီတစ်ကြိမ်မှာ
သူ့ကိုအသေအချာလေ့လာကြည့်မိတယ်။ဘာအားထုတ်မှုမှမရှိဘူး။
ပထမငါးမိနစ်မှာတော့သူအားထုတ်တယ်။ဒီတစ်ကြိမ်တော့
သူ့အကောင်းဆုံးပုံစံကိုမြင်ရတော့မယ်လို့တောင်တွေးခဲ့တယ်။
အနည်းဆုံးခြေစွမ်းပြတယ်။ဒါပေမဲ့ပထမပိုင်းပြီးခါနီးလေးတစ်ကြိမ်လောက်ပဲ။
ဒုတိယပိုင်းမှာဂရင်းဝုဒ်ညာခြမ်းကနေ ထိုးဖောက်ဝင်လာတယ်။
သူရပ်နေတုန်းပဲ”လို့ပြောကြားသွားပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာခြေစွမ်းပြနိုင်ခြင်းမရှိမှုနဲ့အတူ ဒုတိယပိုင်းမှာလူစားလဲခံခဲ့ရပါတယ်။
ရာသီအစပွဲများစွာကိုပုခုံးဒဏ်ရာကြောင့်လွဲခဲ့တဲ့ရပ်ရှ်ဖို့ဒ်ဟာအရန်ခုံမှာ
စိတ်ပျက်လက်ပျက်ဖြင့်ထိုင်နေတာတွေ့ရပါတယ်။
သူဟာဒဏ်ရာကြောင့်သုံးလကြာနားပြီးနောက်၁၄ပွဲကစားထားရာမှာ
၃ဂိုးတည်းသာသွင်းထားနိုင်ပြီးနိုဝင်ဘာလနောက်ပိုင်းမှာဂိုးသွင်းထားနိုင်ခြင်းမရှိပါဘူး။
zawgyi
ေျခစြမ္းပိုင္းသာမန္ေအာက္သို႔ေရာက္ေန႐ုံသာမက ႀကိဳးစားအားထုတ္မႈလည္းမဲ့ေနခဲ့တဲ့ ရပ္ရွ္ဖို႔ဒ္
မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာမေန႔ညတုန္းကအက္စတြန္ဗီလာႏွင့္
အက္ဖ္ေအဖလားပြဲစဥ္တြင္ေျခစြမ္းပိုင္းသာမန္ေအာက္သို႔ေရာက္ေန႐ုံသာမက
ႀကိဳးစားအားထုတ္မႈလည္းမဲ့ေနခဲ့ပါတယ္။
ယူႏိုက္တက္ဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္မွာစတီဗင္ဂ်ရတ္ရဲ႕အသင္းကို
၁-ဝဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးအက္ဖ္ေအဖလားစတုတၳအဆင့္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ယင္းပြဲတြင္ယူႏိုက္တက္ပရိသတ္မ်ားဟာဒုတိယပိုင္းမွာမားကပ္စ္ရပ္ရွ္ဖို႔ဒ္ရဲ႕
ပိတ္သြင္း႐ုံဂိုးအား ႀကိဳးစားအားထုတ္မႈမျပဳလုပ္ခဲ့မႈအေပၚ
ႀကိတ္မႏိုင္ခဲမရျဖစ္ေနခဲ့ပါတယ္။
ဒုတိယပိုင္းတြင္ေမဆင္ဂရင္းဝုဒ္က တန္ျပန္တိုက္စစ္ကေန
ညာျခမ္းတစ္ေလွ်ာက္ထိုးေဖာက္ၿပီးကန္သြင္းခဲ့ကာဗီလာဂိုးသမား
မာတီနက္ဇ္ကပုတ္ထုတ္ခဲ့ပါတယ္။ယင္းအခ်ိန္တြင္မားကပ္စ္ရပ္ရွ္ဖို႔ဒ္ဟာ
ျပန္အံထြက္လာတဲ့ေဘာလုံးကိုေျပးပိတ္ရန္မႀကိဳးစားဘဲ
ေျခတုံ႔ဆိုင္းကာရပ္ၾကည့္ေနခဲ့ပါတယ္။
ယင္းႏွင့္ပတ္သက္ၿပီးပြဲေၾကညာသူဒီယြန္ဒဗၺလင္က
“ဒီညမွာဒါမ်ိဳးျဖစ္တာႏွစ္ခါရွိၿပီ။ရပ္ရွ္ဖို႔ဒ္ကရပ္ေနခဲ့တယ္။
တကယ္လို႔သူသာေျပးလိုက္သြားရင္ပိတ္သြင္း႐ုံေလးပါပဲ။
ၾကည့္ရတာသူမလုပ္ခ်င္ပုံပါပဲ။သူ႔အတြက္ဂိုးတစ္ဂိုးကို
႐ိုး႐ိုးေလးနဲ႔ရ႐ုံပါ။သူဆက္ေျပးေနရင္ကန္ခြင့္ရတယ္။
စိတ္ပ်က္အားငယ္ေနတာလား။သူ႔ဆီအၿပဳံးမျမင္ရတာၾကာၿပီ။
သူ႔ကိုေဘာလုံးနဲ႔တစ္ခါျပန္ေပ်ာ္ေစခ်င္တယ္။သူ႔မွာအားလုံးရွိၿပီးသားပါ။
သူကအရမ္းေကာင္းတဲ့ေဘာလုံးသမားတစ္ဦးပါ”လို႔ေၾကညာသြားပါတယ္။
ဘီဘီစီမွအလန္ရွီးယားကလည္း “မားကပ္စ္ရပ္ရွ္ဖို႔ဒ္တစ္ဦးတည္းကိုပဲမေျပာခ်င္ပါဘူး။
ဒါေပမဲ့သူ႔ယုံၾကည္မႈက်ေနတယ္။သူ႔ကိုယ္ေရးကိုယ္တာဘဝမွာ
ဘာေတြျဖစ္ေနလဲကြၽန္ေတာ္တို႔မသိပါဘူး။ဒါေပမဲ့ဒီတစ္ႀကိမ္မွာ
သူ႔ကိုအေသအခ်ာေလ့လာၾကည့္မိတယ္။ဘာအားထုတ္မႈမွမရွိဘူး။
ပထမငါးမိနစ္မွာေတာ့သူအားထုတ္တယ္။ဒီတစ္ႀကိမ္ေတာ့
သူ႔အေကာင္းဆုံးပုံစံကိုျမင္ရေတာ့မယ္လို႔ေတာင္ေတြးခဲ့တယ္။
အနည္းဆုံးေျခစြမ္းျပတယ္။ဒါေပမဲ့ပထမပိုင္းၿပီးခါနီးေလးတစ္ႀကိမ္ေလာက္ပဲ။
ဒုတိယပိုင္းမွာဂရင္းဝုဒ္ညာျခမ္းကေန ထိုးေဖာက္ဝင္လာတယ္။
သူရပ္ေနတုန္းပဲ”လို႔ေျပာၾကားသြားပါတယ္။
ရပ္ရွ္ဖို႔ဒ္ဟာေျခစြမ္းျပႏိုင္ျခင္းမရွိမႈနဲ႔အတူ ဒုတိယပိုင္းမွာလူစားလဲခံခဲ့ရပါတယ္။
ရာသီအစပြဲမ်ားစြာကိုပုခုံးဒဏ္ရာေၾကာင့္လြဲခဲ့တဲ့ရပ္ရွ္ဖို႔ဒ္ဟာအရန္ခုံမွာ
စိတ္ပ်က္လက္ပ်က္ျဖင့္ထိုင္ေနတာေတြ႕ရပါတယ္။
သူဟာဒဏ္ရာေၾကာင့္သုံးလၾကာနားၿပီးေနာက္၁၄ပြဲကစားထားရာမွာ
၃ဂိုးတည္းသာသြင္းထားႏိုင္ၿပီးႏိုဝင္ဘာလေနာက္ပိုင္းမွာဂိုးသြင္းထားႏိုင္ျခင္းမရွိပါဘူး။