ခြေစွမ်းပြကစားခဲ့တဲ့ လူကာကူကို ချီးကျူးသွားတဲ့ တူချယ်

သောမတ်စ်တူချယ်ဟာစပါးစ်နှင့်ပွဲတွင် ပွဲထွက်လူစာရင်းမှာ
ပြန်လည်ပါဝင်လာပြီးနောက်ခြေစွမ်းပြကစားခဲ့တဲ့

လူကာကူကိုချီးကျူးသွားခဲ့ပါတယ်။
အသက်၂၈နှစ်ရှိဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ Sky Sport Italy နှင့်ပြုလုပ်တဲ့

အင်တာဗျူးမှာသောမတ်စ်တူချယ်ရဲ့စနစ်ကြောင့် ချဲလ်ဆီးတွင်

မပျော်မရွှင်ဖြစ်နေကြောင်းပြောကြားခဲ့မှုကြောင့်လီဗာပူးနှင့်
နှစ်ဂိုးစီသရေကျတဲ့ပွဲမှာ လူစာရင်းမှချန်လှပ်ခံခဲ့ရပါတယ်။

ဒါပေမဲ့သူဟာသူ့ရဲ့ပြောဆိုမှုများအတွက် နည်းပြတူချယ်၊
ကစားဖော်များနှင့်ပရိသတ်များကိုလူသိရှင်ကြားတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်လည်းသူဟာမနေ့ညတုန်းကစပါးစ်ကို၂-ဝဂိုးဖြင့်အနိုင်ရရှိတဲ့

ခါရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ
ချဲလ်ဆီးပွဲထွက်လူစာရင်းမှာပြန်လည်ပါဝင်လာပါတယ်။


တူချယ်က “သူကစားပုံကိုကြိုက်တယ်။သူ့ခြေစွမ်းအပေါ်ဝမ်းသာပါတယ်။

သူသန်မာခဲ့တယ်။ပါဝင်မှုတွေလုပ်ခဲ့တယ်။အရမ်းအရေးကြီးတဲ့

ခံစစ်ပိုင်းမှာလည်းကြိုးစားအားထုတ်ကစားပေးခဲ့တယ်။
သူကအမြဲတမ်းအန္တရာယ်ရှိနေခဲ့တာပါ။သူ့ခန္ဓာကိုယ်ကိုအသုံးပြုပြီး

အန္တရာယ်ရှိအခြေအနေမှာပါဝင်ခဲ့တယ်။ရိုမဲလူကိုဖိအားနဲ့အခက်အခဲတွေကို
ကိုင်တွယ်နိုင်မယ်ဆိုတာအစကတည်းက ယုံကြည်ပြီးသားပါ။

စကားတွေပြော၊ဆုံးဖြတ်ချက်တွေချပြီးတဲ့နောက်

သူ့ပုံစံသက်တောင့်သက်သာရှိနေပါတယ်။ဆုံးဖြတ်ချက်က
ချပြီးပါပြီ”လို့ပြောကြားသွားပါတယ်။


မနေ့ညတုန်းကစပါးစ်နှင့်ပွဲစဉ်တွင်လူကာကူဟာစပါးစ်ပရိသတ်များရဲ့

”he’s Inter Milan”ဆိုပြီး အော်ဟစ်လှောင်ပြောင်ခံခဲ့ရပါတယ်။

ဒါပေမဲ့လူကာကူဟာဘင်ဒါဗီးစ်ကစပါးစ်အတွက်
Own Goal သွင်းလိုက်ပြီးနောက်စပါးစ်ပရိသတ်များအား

တိတ်တိတ်နေရန် နှုတ်ခမ်းတွင်လက်တင်ပြီး တုံ့ပြန်ခဲ့ပါတယ်။
zawgyi

ေျခစြမ္းျပကစားခဲ့တဲ့ လူကာကူကို ခ်ီးက်ဴးသြားတဲ့ တူခ်ယ္

ေသာမတ္စ္တူခ်ယ္ဟာစပါးစ္ႏွင့္ပြဲတြင္ ပြဲထြက္လူစာရင္းမွာ
ျပန္လည္ပါဝင္လာၿပီးေနာက္ေျခစြမ္းျပကစားခဲ့တဲ့

လူကာကူကိုခ်ီးက်ဴးသြားခဲ့ပါတယ္။
အသက္၂၈ႏွစ္ရွိဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာ Sky Sport Italy ႏွင့္ျပဳလုပ္တဲ့

အင္တာဗ်ဴးမွာေသာမတ္စ္တူခ်ယ္ရဲ႕စနစ္ေၾကာင့္ ခ်ဲလ္ဆီးတြင္

မေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္းေျပာၾကားခဲ့မႈေၾကာင့္လီဗာပူးႏွင့္
ႏွစ္ဂိုးစီသေရက်တဲ့ပြဲမွာ လူစာရင္းမွခ်န္လွပ္ခံခဲ့ရပါတယ္။

ဒါေပမဲ့သူဟာသူ႔ရဲ႕ေျပာဆိုမႈမ်ားအတြက္ နည္းျပတူခ်ယ္၊
ကစားေဖာ္မ်ားႏွင့္ပရိသတ္မ်ားကိုလူသိရွင္ၾကားေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းသူဟာမေန႔ညတုန္းကစပါးစ္ကို၂-ဝဂိုးျဖင့္အႏိုင္ရရွိတဲ့

ခါရာေဘာင္ဖလားဆီမီးဖိုင္နယ္ပထမအေက်ာ့ပြဲစဥ္မွာ
ခ်ဲလ္ဆီးပြဲထြက္လူစာရင္းမွာျပန္လည္ပါဝင္လာပါတယ္။

တူခ်ယ္က “သူကစားပုံကိုႀကိဳက္တယ္။သူ႔ေျခစြမ္းအေပၚဝမ္းသာပါတယ္။
သူသန္မာခဲ့တယ္။ပါဝင္မႈေတြလုပ္ခဲ့တယ္။အရမ္းအေရးႀကီးတဲ့

ခံစစ္ပိုင္းမွာလည္းႀကိဳးစားအားထုတ္ကစားေပးခဲ့တယ္။

သူကအၿမဲတမ္းအႏၲရာယ္ရွိေနခဲ့တာပါ။သူ႔ခႏၶာကိုယ္ကိုအသုံးျပဳၿပီး
အႏၲရာယ္ရွိအေျခအေနမွာပါဝင္ခဲ့တယ္။႐ိုမဲလူကိုဖိအားနဲ႔အခက္အခဲေတြကို

ကိုင္တြယ္ႏိုင္မယ္ဆိုတာအစကတည္းက ယုံၾကည္ၿပီးသားပါ။
စကားေတြေျပာ၊ဆုံးျဖတ္ခ်က္ေတြခ်ၿပီးတဲ့ေနာက္

သူ႔ပုံစံသက္ေတာင့္သက္သာရွိေနပါတယ္။ဆုံးျဖတ္ခ်က္က

ခ်ၿပီးပါၿပီ”လို႔ေျပာၾကားသြားပါတယ္။
မေန႔ညတုန္းကစပါးစ္ႏွင့္ပြဲစဥ္တြင္လူကာကူဟာစပါးစ္ပရိသတ္မ်ားရဲ႕

”he’s Inter Milan”ဆိုၿပီး ေအာ္ဟစ္ေလွာင္ေျပာင္ခံခဲ့ရပါတယ္။
ဒါေပမဲ့လူကာကူဟာဘင္ဒါဗီးစ္ကစပါးစ္အတြက္

Own Goal သြင္းလိုက္ၿပီးေနာက္စပါးစ္ပရိသတ္မ်ားအား

တိတ္တိတ္ေနရန္ ႏႈတ္ခမ္းတြင္လက္တင္ၿပီး တုံ႔ျပန္ခဲ့ပါတယ္။