
အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အသင်းအတွက်
အကောင်းဆုံးခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ လူငယ်ကစားသမားဆာကာကို
နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပြီဖြစ်ပါတယ်။
အသက်(၂၀)သာရှိသေးတဲ့ ဆာကာဟာ ပြီးခဲ့တဲ့စနေနေ့က
အက်စတွန်ဗီလာကို(၁-၀)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တစ်လုံးတည်းသောဂိုးသွင်းယူခဲ့ပြီး
ဒါဟာ ဒီရာသီမှာ သူ့အတွက်(၁၀)ဂိုးမြောက်လည်းဖြစ်ခဲ့ပါတယ်။
ဆာကာဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အာဆင်နယ်အသင်းရဲ့
တိုက်စစ်မှာအဓိက,ကစားသမားအဖြစ်ခြေစွမ်းပြနေသလို
အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပုံမှန်ရွေးချယ်ခံနေရပြီး
လာမယ့်ခြေစမ်းပွဲတွေအတွက် ဆောက်ဂိတ်က
သူ့ကို အသင်းလူစာရင်းမှာထည့်သွင်းထားပါတယ်။
အာဆင်နယ်အသင်းအတွက်ခြေစွမ်းပြနေတာကြောင့်
ဆာကာကိုခေါ်ယူဖို့ မန်စီးတီးနဲ့လီဗာပူးလ်အသင်းတို့က
ပြီးခဲ့တဲ့လတွေအတွင်းစိတ်ဝင်စားခဲ့ဖူးပြီး သူ့လက်ရှိစာချုပ်သက်တမ်းပြည့်ဖို့ကလည်း
တဖြည်းဖြည်းနီးစပ်နေပြီဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်တုန်းက အာဆင်နယ်အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့
ဆာကာရဲ့စာချုပ်က လာမယ့်နှစ်ကျရင်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့်
စာချုပ်စေ့တဲ့အခါမှာ နောက်ထပ်(၁၂)လသက်တမ်းတိုးဖို့
သဘောတူညီချက်လည်းပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အာဆင်နယ်အသင်းနည်းပြအာတီတာဟာ အရင်တုန်းကလို
နာမည်ကျော်လူငယ်ကစားသမားတွေကို ထိပ်သီးအသင်းတွေဆီ
လွယ်လွယ်ကူကူနဲ့လက်မလွှတ်ရစေဖို့အတွက်
ဆာကာကို နှစ်ရှည်စာချုပ်သက်တမ်းတိုးဖို့ဆန္ဒရှိနေပြီး
ဆာကာရဲ့အေးဂျင့်နဲ့ဆွေးနွေးမှုတွေစတင်နေပြီဖြစ်တယ်လို့
The Athletic ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။
zawgyi
ေျခစြမ္းျပေနတဲ့ ဆာကာကို လြယ္လြယ္ကူကူနဲ႔လက္မလႊတ္ရေစဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားေနတဲ့အာဆင္နယ္
အာဆင္နယ္အသင္းဟာ ဒီရာသီမွာ အသင္းအတြက္
အေကာင္းဆုံးေျခစြမ္းျပဂိုးေတြသြင္းယူေနတဲ့ လူငယ္ကစားသမားဆာကာကို
ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးဖို႔စီစဥ္ေနၿပီျဖစ္ပါတယ္။
အသက္(၂၀)သာရွိေသးတဲ့ ဆာကာဟာ ၿပီးခဲ့တဲ့စေနေန႔က
အက္စတြန္ဗီလာကို(၁-၀)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ တစ္လုံးတည္းေသာဂိုးသြင္းယူခဲ့ၿပီး
ဒါဟာ ဒီရာသီမွာ သူ႔အတြက္(၁၀)ဂိုးေျမာက္လည္းျဖစ္ခဲ့ပါတယ္။
ဆာကာဟာ အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အာဆင္နယ္အသင္းရဲ႕
တိုက္စစ္မွာအဓိက,ကစားသမားအျဖစ္ေျခစြမ္းျပေနသလို
အဂၤလန္လက္ေ႐ြးစင္အသင္းမွာလည္း ပုံမွန္ေ႐ြးခ်ယ္ခံေနရၿပီး
လာမယ့္ေျခစမ္းပြဲေတြအတြက္ ေဆာက္ဂိတ္က
သူ႔ကို အသင္းလူစာရင္းမွာထည့္သြင္းထားပါတယ္။
အာဆင္နယ္အသင္းအတြက္ေျခစြမ္းျပေနတာေၾကာင့္
ဆာကာကိုေခၚယူဖို႔ မန္စီးတီးနဲ႔လီဗာပူးလ္အသင္းတို႔က
ၿပီးခဲ့တဲ့လေတြအတြင္းစိတ္ဝင္စားခဲ့ဖူးၿပီး သူ႔လက္ရွိစာခ်ဳပ္သက္တမ္းျပည့္ဖို႔ကလည္း
တျဖည္းျဖည္းနီးစပ္ေနၿပီျဖစ္ပါတယ္။
၂၀၂၀ ခုႏွစ္တုန္းက အာဆင္နယ္အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့
ဆာကာရဲ႕စာခ်ဳပ္က လာမယ့္ႏွစ္က်ရင္သက္တမ္းကုန္ဆုံးမွာျဖစ္ေပမယ့္
စာခ်ဳပ္ေစ့တဲ့အခါမွာ ေနာက္ထပ္(၁၂)လသက္တမ္းတိုးဖို႔
သေဘာတူညီခ်က္လည္းပါဝင္ခဲ့ပါတယ္။
ဒါေပမဲ့လည္း အာဆင္နယ္အသင္းနည္းျပအာတီတာဟာ အရင္တုန္းကလို
နာမည္ေက်ာ္လူငယ္ကစားသမားေတြကို ထိပ္သီးအသင္းေတြဆီ
လြယ္လြယ္ကူကူနဲ႔လက္မလႊတ္ရေစဖို႔အတြက္
ဆာကာကို ႏွစ္ရွည္စာခ်ဳပ္သက္တမ္းတိုးဖို႔ဆႏၵရွိေနၿပီး
ဆာကာရဲ႕ေအးဂ်င့္နဲ႔ေဆြးေႏြးမႈေတြစတင္ေနၿပီျဖစ္တယ္လို႔
The Athletic ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။