ကိုလုံး-လေဗာကူဆင်
တနင်္ဂနွေညဘွန်ဒက်စ်လီဂါရဲ့ဒါဘီပွဲတစ်ပွဲပါ။ နှစ်သင်းစလုံးဟာ ပြီးခဲ့တဲ့အပတ်
ဘွန်ဒက်စ်လီဂါမှာ ဂိုးပြရှုံးနိမ့်မှုကနေ အမြန်ဆုံးပြန်လည်ရုန်းထချင်နေပါတယ်။
ဒီ့အတွက် ဒေသတွင်းဒါဘီပြိုင်ဘက်တစ်ယောက်ကိုနိုင်လိုက်တာတာထက်
ပိုကောင်းတဲ့ရုန်းထနိုင်မှုမျိုး မရှိနိုင်ပါဘူး။ ကိုလုံးဟာ ပြီးခဲ့တဲ့ရာသီတုန်းက
တန်းဆင်းဇုန်တိုက်ပွဲနွှဲခဲ့ရပေမယ့် ဒီရာသီမှာတော့ နည်ပြသစ်ဘောင်ဂတ်ရဲ့
လက်အောက် ရလဒ်ပိုင်းအတန်အသင့်ကောင်းမွန်ခဲ့ပြီး အခုရာသီဘွန်ဒက်စ်လီဂါမှာ
လက်ရှိအချိန်ထိ အိမ်ကွင်းရှုံးပွဲမရှိသေးပါဘူး။ အိမ်ကွင်းကစားခဲ့တဲ့ ၄ ပွဲမှာ
၃ ပွဲနိုင်ထားပြီး အိမ်ကွင်းပွဲတိုင်းလည်း ဂိုးသွင်းထားပါတယ်။ ဒါပေမဲ့ အိမ်ကွင်းပွဲ
တိုင်းလည်း ဂိုးပေးထားရပါတယ်။ လေဗာကူဆင်ကလည်း ဒီရာသီစွမ်းဆောင်ရည်
ကောင်းနေတဲ့အသင်းဖြစ်ပြီး ဘွန်ဒက်စ်လီဂါမှာ အဝေးကွင်းရှုံးပွဲမရှိသေးကာ
နောက်ဆုံးဘွန်ဒက်စ်အဝေးကွင်း ၃ ပွဲဆက်နိုင်ထားပါတယ်။ အဲဒီ ၃ ပွဲစလုံးမှာလည်း
ပက်ထရစ်ရှစ်ခ်တို့ရဲ့လေဗာကူဆင်တိုက်စစ်က အနိမ့်ဆုံး ၃ ဂိုးနှုန်းသွင်းနိုင်ခဲ့ပါတယ်။
နှစ်သင်းစလုံးက ဒီရာသီဂိုးပေါ်စရိုက်လက္ခဏာရှိတဲ့အသင်းတွေဖြစ်သလို သူတို့တွေ့ဆုံခဲ့တဲ့
နောက်ဆုံး ၃ ကြိမ်စလုံးမှာလည်း နှစ်သင်းပေါင်း အနိမ့်ဆုံး ၃ ဂိုးရှိခဲ့တာပါ။
ဂိုးပေါင်းဈေး ၃+၃၅ ကနေ ၃-၃၅ ကို ထိုးတက်သွားတဲ့ ဒီပွဲမှာ ဂိုးပေါ်ကသာ အကောင်းဆုံး
ဖြစ်မှာပါ။
စတုဂတ်-ယူနီယံဘာလင်
ကိုဗစ်နဲ့ဒဏ်ရာပြသနာတွေကြောင့် လူစစုံနိုင်သေးတဲ့စတုဂတ်ဟာ ပြီးခဲ့တဲ့
အပတ်က ဂလက်ဘတ်ကို အဝေးကွင်းသရေကစားနိုင်ခဲ့ပြီး နောက်ဆုံးအိမ်ကွင်း
ပွဲမှာလည်း ဟော့ဖန်ဟိမ်းကို ဂိုးပြတ်အနိုင်ကစားထားပါတယ်။ ဒါပေမဲ့ စတုဂတ်မှာ
ပြီးခဲ့တဲ့ရာသီက နှစ်ယောက်ပေါင်း ၂၇ ဂိုးသွင်းထားတဲ့ ကယ်လက်ဇစ်နဲ့ ဖွန်ဒူတို့
အတွက် မပါနိုင်သေးလို့ ကစားပုံမာတဲ့ယူနီယံဘာလင်နဲ့ဒီပွဲမှာတော့ အနိုင်ရဖို့ရုန်း
ကန်ရနိုင်ပါတယ်။ ယူနီယံဘာလင်ဟာ ကြားရက်ယူရိုပါကွန်ဖရန့်လိဂ်မှာ ဖီယင်နုကို
ဂိုးပြတ်ရှုံးထားပေမယ့် ဘွန်ဒက်စ်လီဂါမှာတော့ ၃ ပွဲဆက်နိုင်ထားပြီး ဒီရာသီဘွန်ဒက်စ်
အဝေးကွင်းပွဲတွေမှာလည်း ဒေါ့မန်တစ်သင်းတည်းကိုသာ ရှုံးထားတာပါ။ ယူနီယံဘာ
လင်ဟာ စတုဂတ်အိမ်ကွင်း နောက်ဆုံး ၂ ကြိမ်မှာလည်း မရှုံးခဲ့ပါဘူး။
=၁၀ နဲ့ စတုဂတ်အကျော့ပေးထားတဲ့ဒီပွဲမှာ ဧည့်သည်နိုင်၊မနိုင်ကိုသာ ကြည့်ရမှာပါ။
ဘိုချမ်-ဖရန့်ဖတ်
ပြီးခဲ့တဲ့အပတ်က ဂရူသာဖတ်ကိုနိုင်ခဲ့လို့ ဘိုချမ်ဟာ တန်းဆင်းဇုန်ထဲက ရုန်းထွက်
နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ အိမ်ကွင်းဆိုလို့
ရာသီအဖွင့် တစ်ပွဲပဲ နိုင်သေးတယ်။ ဖရန့်ဖတ်ကလည်း ယူရိုပါလိဂ်မှာသာ နိုင်ပွဲ
ဆက်နေပေမယ့် ဘွန်ဒက်စ်လီဂါမှာတော့ အခြေအနေမကောင်းပါဘူး။ သူတို့ဟာ
ဒီရာသီဘွန်ဒက်စ်လီဂါမှာ လက်ရှိအချိန်ထိ ဘိုင်ယန်နဲ့တစ်ပွဲပဲနိုင်သေးတာပါ။
အန်ဒရီဆေးလ်ဗားမရှိတော့ကတည်းက ဖရန့်ဖတ်တိုက်စစ်ဟာ တစ်ဂိုးထက်
ပိုသွင်းနိုင်ဖို့ ရုန်းကန်နေရတာပါ။ ဘိုချမ်ကလည်း ဒီရာသီဘွန်ဒက်စ်လီဂါမှာ
ဂိုးမသွင်းနိုင်တဲ့ပွဲပိုများပြီး ဂိုးသွင်းနိုင်ရင်လည်း တစ်ဂိုးထက်ပိုသွင်းနိုင်တာ
၁ ပွဲပဲရှိခဲ့တယ်။ ဂိုးပေါင်းဈေး ၃+၅၀ ကနေ ၃+၉၀ ကို ကျသွားတဲ့ဒီပွဲမှာ
ဘော်ဒီထက် ဂိုးအောက်က ပိုကောင်းမှာပါ။
Zawgyi
ခြေစွမ်းအရ အနီးစပ်ဆုံးဖြစ်နိုင်မယ့် တနင်္ဂနွေည ဘွန်ဒက်စ်လီဂါကို ချဉ်းကပ်ခြင်း(Super Zay)
ကိုလုံး-လေဗာကူဆင်
ဖြစ်မှာပါ။
စတုဂတ်-ယူနီယံဘာလင်
ဘိုချမ်-ဖရန့်ဖတ်