ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ဘေးလ် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရမယ်လို့ မော်ရင်ညို ဆို

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်ကနေ ပြန်ရောက်လာချိန်ကတည်းက ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ စပါးတောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ ဒဏ်ရာပြဿနာကြောင့် ရက်သတ္တပတ်အနည်းငယ်ကြာ အနားယူရတော့မယ်လို့သိရပါတယ်။

ဘေးလ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က စတုတ်စီးတီးနဲ့ပွဲမှာ ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့ပြီးနောက် နှစ်သစ်ရောက်တဲ့အထိ အနားယူရဖွယ်ရှိတယ်လို့ နည်းပြမော်ရင်ဟိုက ပြောပါတယ်။

ရီးရဲလ်ကနေ တစ်ရာသီအငှားနဲ့ ပြန်ရောက်လာတဲ့ ဘေးလ်ဟာ ကာရာဘောင်ဖလားကွာတားဖိုင်နယ်မှာ ဂိုးသွင်းယူနုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပြီး တနင်္ဂနွေနေ့က ဝုဗ်နဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲကိုလည်း လွဲချော်ခဲ့ရပါတယ်။

အသင်းဖော်တိုက်စစ်မှူးတွေဖြစ်တဲ့ ဗင်နီစီးယပ်စ်နဲ့ လူးကပ်စ်မိုရာတို့လည်း ဝုဗ်နဲ့ပွဲကို လွဲချော်ခဲ့ရပြီး မော်ရင်ညိုက ဗုဒ္ဓဟူးနေ့မှာ ကစားရမယ့် ဖူလ်ဟမ်နဲ့ပွဲမှာ ဂါရတ်ဘေးလ် ပြန်လည်ပါဝင်နိုင်မလားဆိုတဲ့မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

”ကျွန်တော်ကတော့ သူ အဲဒီပွဲအမီ ကြံ့ခိုင်မှုအပြည့်ပြန်ရမယ်လို့ မထင်ပါဘူး။ လူးကပ်စ်နဲ့ ဗင်နီစီးယပ်စ်တို့လည်း အဲဒီအတိုင်းပါပဲ။ ဘေးလ်အနေနဲ့ အခုရရှိတဲ့ဒဏ်ရာက မပြင်းထန်ပေမယ့် ရက်သတ္တပတ်အနည်းငယ်တော့ နားရမှာပါ”လို့ မော်ရင်ညိုက ပြောပါတယ်။

စပါးဟာ ယခုကနေ ဇန်နဝါရီလ ၁၇ ရက်နေ့အတွင်း ၆ပွဲကစားရမှာဖြစ်ပြီး အဲဒီထဲမှာ ဘရန့်ဖို့ဒ်နဲ့ ကစားရမယ့် ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲလည်း ပါဝင်နေပါတယ်။

ဒီလိုဒဏ်ရာရသွားတာက ဘေးလ်အတွက် နောက်ထပ်ထိုးနှက်ချက်ဖြစ်လာခဲ့ပြီး သူဟာ ရီးရဲလ်ကနေ ပြန်ရောက်လာချိန်ကတည်းက ပရီးမီးယားလိဂ်မှာ ဦးစားပေးကစားသမားအဖြစ် ၁ပွဲပဲ ကစားခွင့်ရရှိထားပါတယ်။

သူဟာ စက်တင်ဘာလက စပါးကို ပြန်ရောက်လာပေမယ့် ဒူးဒဏ်ရာကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့မတိုင်ခင်အထိ အနားယူခဲ့ရပြီး ကြံ့ခိုင်မှုပြည့်ဝလာချိန်မှာလည်း ယူရိုပါလိဂ်ပွဲတွေမှာပဲ အများအားဖြင့် ပါဝင်ကစားခွင့်ရရှိနေပါတယ်။

သူ့အနေနဲ့ စပါးအတွက် စုစုပေါင်း ၁၁ပွဲမှာ ၃ဂိုးသွင်းယူထားပြီး မော်ရင်ညိုက ဝုဗ်နဲ့ပွဲမှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကွင်။လယ်လူ အန်ဒွမ်ဘီလီရဲ့ခြေစွမ်း တိုးတက်လာမှုကို ချီးကျူးခဲ့ပါတယ်။

MCash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေျခသလုံးၾကြက္သားဒဏ္ရာေၾကာင့္ ေဘးလ္ ရက္သတၱပတ္အနည္းငယ္ၾကာ အနားယူရမယ္လုိ႔ ေမာ္ရင္ညိဳ ဆုိ

ၿပီးခဲ့တဲ့ေႏြရာသီက ရီးရဲလ္ကေန ျပန္ေရာက္လာခ်ိန္ကတည္းက ပုံမွန္ပဲြထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့ စပါးေတာင္ပံတုိက္စစ္မွဴး ဂါရတ္ေဘးလ္ဟာ ဒဏ္ရာျပႆနာေၾကာင့္ ရက္သတၱပတ္အနည္းငယ္ၾကာ အနားယူရေတာ့မယ္လုိ႔သိရပါတယ္။ ေဘးလ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္က စတုတ္စီးတီးနဲ႔ပြဲမွာ ေျခသလုံးၾကြက္သားဒဏ္ရာရရွိခဲ့ၿပီးေနာက္ ႏွစ္သစ္ေရာက္တဲ့အထိ အနားယူရဖြယ္ရွိတယ္လုိ႔ နည္းျပေမာ္ရင္ဟိုက ေျပာပါတယ္။

ရီးရဲလ္ကေန တစ္ရာသီအငွားနဲ႔ ျပန္ေရာက္လာတဲ့ ေဘးလ္ဟာ ကာရာေဘာင္ဖလားကြာတားဖုိင္နယ္မွာ ဂိုးသြင္းယူႏုင္ခဲ့ေပမယ့္ ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရၿပီး တနဂၤေႏြေန႔က ၀ုဗ္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့တဲ့ပဲြကိုလည္း လြဲေခ်ာ္ခဲ့ရပါတယ္။ အသင္းေဖာ္တုိက္စစ္မွဴးေတြျဖစ္တဲ့ ဗင္နီစီးယပ္စ္နဲ႔ လူးကပ္စ္မုိရာတုိ႔လည္း ၀ုဗ္နဲ႔ပဲြကုိ လြဲေခ်ာ္ခဲ့ရၿပီး ေမာ္ရင္ညိဳက ဗုဒၶဟူးေန႔မွာ ကစားရမယ့္ ဖူလ္ဟမ္နဲ႔ပြဲမွာ ဂါရတ္ေဘးလ္ ျပန္လည္ပါ၀င္ႏိုင္မလားဆုိတဲ့ေမးခြန္းကို ျပန္လည္ေျဖၾကားခဲ့ပါတယ္။

”ကၽြန္ေတာ္ကေတာ့ သူ အဲဒီပြဲအမီ ႀကံ့ခုိင္မႈအျပည့္ျပန္ရမယ္လုိ႔ မထင္ပါဘူး။ လူးကပ္စ္နဲ႔ ဗင္နီစီးယပ္စ္တုိ႔လည္း အဲဒီအတုိင္းပါပဲ။ ေဘးလ္အေနနဲ႔ အခုရရွိတဲ့ဒဏ္ရာက မျပင္းထန္ေပမယ့္ ရက္သတၱပတ္အနည္းငယ္ေတာ့ နားရမွာပါ”လုိ႔ ေမာ္ရင္ညိဳက ေျပာပါတယ္။ စပါးဟာ ယခုကေန ဇန္န၀ါရီလ ၁၇ ရက္ေန႔အတြင္း ၆ပြဲကစားရမွာျဖစ္ၿပီး အဲဒီထဲမွာ ဘရန္႔ဖုိ႔ဒ္နဲ႔ ကစားရမယ့္ ကာရာေဘာင္ဖလားဆီမီးဖုိင္နယ္ပဲြလည္း ပါ၀င္ေနပါတယ္။

ဒီလုိဒဏ္ရာရသြားတာက ေဘးလ္အတြက္ ေနာက္ထပ္ထုိးႏွက္ခ်က္ျဖစ္လာခဲ့ၿပီး သူဟာ ရီးရဲလ္ကေန ျပန္ေရာက္လာခ်ိန္ကတည္းက ပရီးမီးယားလိဂ္မွာ ဦးစားေပးကစားသမားအျဖစ္ ၁ပဲြပဲ ကစားခြင့္ရရွိထားပါတယ္။ သူဟာ စက္တင္ဘာလက စပါးကို ျပန္ေရာက္လာေပမယ့္ ဒူးဒဏ္ရာေၾကာင့္ ေအာက္တိုဘာလ ၁၈ ရက္ေန႔မတုိင္ခင္အထိ အနားယူခဲ့ရၿပီး ႀကံ့ခိုင္မႈျပည့္၀လာခ်ိန္မွာလည္း ယူ႐ိုပါလိဂ္ပြဲေတြမွာပဲ အမ်ားအားျဖင့္ ပါ၀င္ကစားခြင့္ရရွိေနပါတယ္။ သူ႕အေနနဲ႔ စပါးအတြက္ စုစုေပါင္း ၁၁ပြဲမွာ ၃ဂိုးသြင္းယူထားၿပီး ေမာ္ရင္ညိဳက ၀ုဗ္နဲ႔ပဲြမွာ ဦးေဆာင္ဂုိးသြင္းယူႏုိင္ခဲ့တဲ့ ကြင္။လယ္လူ အန္ဒြမ္ဘီလီရဲ႕ေျခစြမ္း တုိးတက္လာမႈကို ခ်ီးက်ဴးခဲ့ပါတယ္။